ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်မျာအရေး ကူညီရာ၌ သိုးထိန်းလုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက်များစာချွန်တော် ဗာတီကန်ထုတ်ပြန်

ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်မျာအရေး ကူညီရာ၌ သိုးထိန်းလုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက်များစာချွန်တော် ဗာတီကန်ထုတ်ပြန်

ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်မျာအရေး ကူညီရာ၌ သိုးထိန်းလုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက်များစာချွန်တော် ဗာတီကန်ထုတ်ပြန်

ဗာတီကန်၏ လူသားဖွံ့ဖြိုးမူမြှင့်တင်ရေးဌာနအောက်ရှိ ရွွှေ့ပြောင်းနေထိုင်သူများနှင့်ဒုက္ခသည်များဆိုင်ရာ ရုံး (Migrants and Refugees Section of the Dicastery for Promoting Integral Human Development) မှ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ (Internally Displaced Persons-IDPs) အား ကူညီဆောင်ရွက်ရာတွင်တွေ့ကြုံရမည့် အခက်ခဲနှင့် စိန်ခေါ်မူများကို ရင်ဆိုင်ဖြေရှင်းရာ၌ လိုက်နာရမည့် လမ်းညွှန်ချက်များပါစာချွန်တော်ကို လွန်ခဲ့သောမေလ ၅ ရက်၊အင်္ဂါနေ့၊၂၀၂၀ တွင် ထုတ်ပြန်လိုက်သည်။
ဗာတီကန်၏ လူသားဖွံ့ဖြိုးမူမြှင့်တင်ရေးဌာနအောက်ရှိ ရွွှေ့ပြောင်းနေထိုင်သူများများနှင့်ဒုက္ခသည်များဆိုင်ရာရုံးမှ အသစ်ထုတ်ပြန်လိုက်သော စာချွန်တော်တွင် ကမ္ဘာကြီး၏ လက်ရှိဖြစ်ပေါ်နေသော အခြေနေများကြောင့်ရင်ဆိုင်ရမည့် စိန်ခေါ်ချက်များကို ထောက်ပြထားကာ ထိုစိန်ခေါ်ချက်များကို ကိုင်တွယ်ဖြေရှင်းရာ၌အကူညီဖြစ်စေမည့် လုံလောက်သော တုန့်ပြန်လုပ်ဆောင်ရန်များကို အကြံပြုဖေါ်ပြထားသည်။
“ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ သိုးထိန်းတာဝန်တွက်လမ်းညွှန်ချက်များ” (Pastoral Orientations on Internally Displaced Persons-POIDP) ဟုခေါ်တွင်သော  စာချွန်တော်သည် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များအားထိရောက်သော ကူညီမူများပေးနိုင်ရန်  စီမံကိန်းများချမှတ် အကောင်အထည်ဖော်ရာ၌လိုအပ်သော လမ်းညွှန်ချက်များနှင့်အကြံအညာဏ်များ ထောက်ပံံ့ပေးနို်င်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထိုလမ်းညွှန်ချက်များနှင့်အကြံအညာဏ်များကို ရွှေ့ပြောင်း နေထိုင်သူများနှင့် ဒုက္ခသည်များ အတွက်ရည်ညွှန်း၍ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်မိန့်ကြားခဲ့သော “ကြိုဆိုလက်ခံခြင်း (Welcome)၊အကာအကွယ်ပေးခြင်း (Protect)၊ ဘဝမြှင့်တင်ပေးခြင်း (Promote) နှင် အံဝင်ခွင်ကျ လိုက်လျောညီထွေဖြစ်ခြင်း(Integrate)” ဟူသောစကားလုံး လေးလုံးပေါ်တွင်အခြေခံကာတင်ပြထားသည်။
ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ ရင်ဆိုင်နေကြရသော စိန်ခေါ်မှုအခက်ခဲများနှင့် ထို စိန်ခေါ်ချက်များအားကူညီဖြေရှင်းပေးရာတွင် ကက်သလစ်သာသနာတော်၏ အခန်းကဏ္ဍကို  စာချွန်တော်၏အခန်းအသီးသီးတွင် အထက်ပါစကားလုံး လေးလုံးကို အခြေခံ၍ဖေါ်ပြထားသည်။

ကြိုဆိုလက်ခံခြင်း (Welcome)
“ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ သိုးထိန်းတာဝန်တွက်လမ်းညွှန်ချက်များ” (POIDP) ဟုခေါ်တွင်သော စာချွန်လွှာက ပြည်တွင်းရွှေ့ပြောင်းဒုက္ခ သည်များ၏ရှုပ်ထွေးလှသည့် ဘဝအခြေအနေများနှင့် ၄င်းတို့အားလူ့အသိုင်းအဝိုင်း၏လစ်လျူရှုမှုကိုခံကြရကြောင်းကို အသိအမှတ်ပြုလျက် ကစ်သလစ်သာသနာတော်ကြီးအား ရင်းအခြေနေများကို သိမြင်နားလည် ပြီး မျက်ခြေမပြတ်ရှိနေရန်ဖိတ်ခေါ်သည်။
ထို့အပြင် ရွှေ့ပြောင်းဒုက္ခသည်များအားလက်ခံကူညီပေးနေသော အဖွဲ့အစည်းများသည်လည်း မတည်ငြိမ်မရေရာသော အခြေနေများနှင့်ရင်ဆိုင်နေကြရသည်ကို စာချွန်တော်ကအသိ အမှတ်ပြုထားသည်။ သို့ဖြစ်၍ ရွှေ့ပြောင်းဒုက္ခသည်များနှင့် ၄င်းတို့ကိုလက်ခံကာ ကူညီစောင့်ရှောက်ပေးနေသောအဖွဲ့အစည်းများမှ ထိရောက်သော အကူညီအထောက်ပ့ံများကိုရရှိနိုင်ရန်အတွက် လူသားခြင်းစာနာ ထောက်ထားသောအကူညီများပေးအပ်ရာ၌ ဟန်ချက်ညီ၍အများသူငါ ပါဝင်နိုင်သော ချဉ်းကပ်နည်းများကိုတိုးမြှင့်လုပ်ဆောင်ကြရန် ဤအရေး၌ပါဝင်ပတ်သက် လုပ်ဆောင်သူများ အားလုံးကို ဖိတ်ခေါ်သည်။ ဤကဲ့သို့လုပ်ဆောင်မှသာ ကူညီထောက်ပံ့မှုတို့သည် နှစ်ဖက်သောအဖွဲ့အစည်းများဖြစ်သည့် ရွှေ့ပြောင်းဒုက္ခသည်များနှင့် ယင်းတို့အား လက်ခံစောင့်ရှောက်ထားသော အသိုင်းအဝိုင်းအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေလိမ့်မည်။

ကာကွယ်စောင့်ရှောက်ခြင်း (Protect)
ရွှေ့ပြောင်းဒုက္ခသည်များသည် အစဉ်သဖြင့် တူညီသော အကြောင်းခြင်းအရာများ ကြောင့် ဒုက္ခသည်များအဖြစ်နေရာဒေသပြောင်းရွှေ့ခံကြရပြီး ကာကွယ်စောင့်ေရှောက်မူ ရယူရာ၌တူညီသောလိုအပ်ချက်များရှိနေကြကြောင်း ဗာတီကန်၏ ရွွှေ့ပြောင်း ဒုက္ခသည်များဆိုင်ရာရုံးတော်မှ မှတ်ချက်ပြုဖော်ပြသည်။ သို့သော်လည်း၄င်းတို့သည် နိုင်ငံတကာနယ်စပ်များကို ဖြတ်ကျော်ဝင်ရောက်နေထိုင်သူများမဟုတ်သောကြောင့် နိုင်ငံတကာတရားဥပဒေများအညီပြဒါန်းထားသော အခွင့်အရေးများနှင့်ရပိုင်ခွင့်များကို တန်းတူညီမျှခံစားနိုင်ခြင်းမရှိကြချေ။ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ၏လူမှုဘဝလုံခြုံရေးအတွက် အဓိကတာဝန် အရှိဆုံးဖြစ်သည့် နိုင်ငံတွင်းအာဏာပိုင်အဖွဲ့အစည်းများ သည်လည်း တစ်ခါတစ်ရံ၌ ၄င်းတို့ကို ကာကွယ်စောင့်ရှောက်လိုခြင်းမရှိခြင်း (သို့) ကာကွယ်စောင့်ရှောက်နိုင်စွမ်း မရှိခြင်းများကို တွေ့မြင်နေရကြာင်းအဆိုပါရုံးတော်မှဆက်လက်ထောက်ပြသည်။ ဤအကြောင်းအရာ အခြေအနေများက ကက်သလစ်သာသနာတော်ကြီးအား ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များကို ဒေသအဆင့်၊ နိုင်ငံတော်အဆင့်နှင့် နိုင်ငံတကာအဆင့်ထိ အကာကွယ်ပေးနိုင်မည့်ရှင်း လင်းပြတ်သားသော လမ်းညွွှန်ချက်များ ထုတ်ပြန်ရန် ဖိတ်ခေါ် လျက်ရှိကြောင်းစာချွန်တော်က မှတ်ချက်ပြုဖော်ပြသည်။
ထို့အပြင် ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များအနက် ပိုမို၍ထိခို်က်နစ်နာလွယ်သူ များဖြစ်ကြသည့် စစ်ပြေးဒုက္ခသည်များ၊ နှိပ်စက်စော်ကားခံရသော အမျိုးသမီးနှင့်ကလေးငယ်များ၊ ကလေးစစ်သားများ၊ မသန်စွမ်းသူများနှင့် ခွဲခြားဆက်ဆံခံကြရသော လူနည်းစုမျိုးနွယ်ဝင်များအား အထူးအလေးပေး စောင့်ရှောက်ရန် ကက်သလစ်သာသနာတော်ကြီးအား တောင်းဆိုထားသည်။

ဘဝမြှင့်တင်ပေးခြင်း (Promote)
သာသနာတော်သည် ပြည်တွင့်းရွှေ့ပြောင်းဒုက္ခသည်များ၏ ရုပ်ပိုင်းဆိုင်ရာနှင့် ၀ိညာဉ် ပိုင်းဆိုင်ရာ လိုအပ်ချက်များကို မြှင့်တင်ပေးရန် ဖိတ်ခေါ်ခြင်းခံရကြောင်းမှတ်ယူသည်။ ရုပ်ပိုင်းဆိုင်ရာဖူလုံမှုနှင့်ပတ်သက်၍ ပြည်တွင့်းရွှေ့ပြောင်းဒုက္ခသည်များသည် ၄င်းတို့အား လက်ခံကာကူညီစောင့်ရှောက်ပေးနေသော အသင်းအပင်း၊ အဖွဲ့အစည်းများ၏ လူမှုရေးနှင့်စီးပွားရေး ကဏ္ဍများ၌ပါဝင် လှုပ်ရှားနိုင်အောင် လုံလောက်သောထောက်ပံ့ကူညီမှုများကိုရယူနိုင်ကြရမည်။ ဤသို့လုပ်ဆောင်ရာ၌ ပညာရေးနှင့်ကျမ်းမာရေးစောင့်ရှောက်မူတို့သည်ကား ဦးစားပေး ဆောင်ရွက်ရမည့် အခန်းကဏ္ဍများ ဖြစ်ကြောင်း သိမှတ်ကြရမည်။
များမြောင်လှသော အဖွဲ့အစည်းအသီးသီးတို့သည် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ ၏ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များကိုကူညီဖြည့်ဆည်း ဆောင်ရွက်ပေး နေကြ သော်လည်း ထိုသူတို့၏ဝိညာဉ်ရေးဆိုင်ရာလိုအပ်ချက်များကို ရံဖန်ရံခါ လျစ်လျူရှု တတ်ကြောင်း တွေ့မြင်နေရသည်။
လူသားဘက်စုံဖွံ့ဖြိုးရေး (integral human development) သည် ရွှေ့ပြောင်းဒုက္ခ သည်များအား ကူညီထောက်ပံရေး အစီအမံတိုင်း၏ အခရာကျသောဦးတည်ချက်ဖြစ်ပြီး ထိုသို့ဘက်စုံ ဖွံ့ဖြိုးရေးသည် ရွှေ့ပြောင်းဒုက္ခသည်များ ၏ဝိညာဉ်ရေးအသက်တာ ရှင် သန်တိုးတက်ရေး၌ အဓိကမှီတည်နေကြောင်း  အသစ်ထုတ်ပြန်လိုက်သော ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ လမ်းညွှန်ချက်များပါ စာချွန်တော် က မီးမောင်ထိုး တင်ပြထားသည်။
သို့ဖြစ်၍ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ၏ကာယ၊၀ိညာဉ်အရေးအရာများ တွင်ပါဝင် ကူညီရာ၌ တိကျသောလုပ်ငန်းစဉ်များနှင့် အစီအစဉ်များ ချမှတ်အကောင်အ ထည်ဖော် ဆောင်ရွက်ကြရန် စာချွန်တော်က ဒေသခံဆရာတော်ကြီးများအား အထူးသဖြင့် တောင်းဆိုသည်။

အံဝင်ခွင်ကျ လိုက်လျောညီထွေဖြစ်ခြင်း (Integrate)
ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ ၄င်းတို့ပြောင်းရွှေ့နေထိုင်ရာ နေရောဒေသ အဖွဲ့ အစည်းအသစ်များ၌ အံဝင်ခွင်ကျလိုက်လျောညီထွေဖြစ်ရေးတွက် သက်ဆိုင်ရာတာ ဝန်ရှိသူများနှင့် အသင်းအဖွဲ့များမှ ရေရှည်တည်တံ့သော ဖြေရှင်းချက်များ ရှာဖွေလုပ်ဆောင်ပေးပါရန် ဗာတီကန်၏ ရွွှေ့ပြောင်းနေထိုင်သူများနှင့်ဒုက္ခသည်များ ဆိုင်ရာရုံးတော်မှ တောင်းဆိုပါသည်။
အရေးပေါ်ဖွင့်လှစ်ထားသောဒုက္ခသည်စန်းများသည် ယာယီဖြေရှင်းချက်မျှသာဖြစ်ပီး ဒုက္ခသည်များ၏လုံလောက်သော အိမ်ယာနှင့်နေရာထိုင်ခင်းများအတွက် အစားထိုးမ ရနိုင်ပေ။ သက်ဆိုင်တာဝန်ရှိသူများအားလုံး ပူးပေါင်းပါဝင်လျက် ရေရှည်တည်မြဲသော ဖြေရှင်းချက်များ ကြိုးစားလုပ်ဆောင်ကြရန် စာချွန်တော်က တောင်းဆိုထားသည်။
ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ ၄င်းတို့ပြောင်းရွှေ့နေထိုင်ရာ နေရာဒေသ၊ အ သိုင်းအဝိုင်းအသစ်များ၌ အံဝင်ဂွင်ကျဖြစ်ရေးကြိုးပန်းရာတွင် ဒုက္ခသည်များနှင့် ၄င်းတို့ကိုလက်ခံကူညီပေးနေသော ဒေသခံအိမ်ရှင်အဖွဲ့အစည်းတို့ နှစ်ဦးနှစ်ဖက်ကြား ကြုံတွေ့ရသည့် အခက်ခဲများကို စာချွန်တော်က အထူးထောက်ပြလမ်းညွှန်ထားသည်။ ဤအခြေအနေများ၌ ဒုက္ခသည်များနှင့် ဒေသခံအိမ်ရှင်အဖွဲ့အစည်းတို့ကြား မှန်ကန် သင့်လျော်၍အံဝင်သောပေါင်းစည်းမှု ရရှိစေရေးတွက် နှစ်ဖက်သောအဖွဲ့အစည်း တို့အား လမ်းညွှန်မှုများနှင့်ကူညီထောက်ပံ့မှုများ ပေးအပ်ရန်လည်း ကက်သလစ် သာသနာတော်အား တိုက်တွန်းနှိုးဆော်ထားသည်။ ထိုသို့လုပ်ဆောင်ရာတွင် ပါဝင် ပတ်သက်သူအားလုံးတို့၏ အခွင့်အရေးများနှင့်တာဝန်ဝတ္တရားများကို အသိအမှတ် ပြုလျက် ဒုက္ခသည်များနှင့် ၄င်းတို့ကိုလက်ခံကူညီပေးနေသော ဒေသခံအိမ်ရှင် အဖွဲ့အစည်းတို့၏ အကျိုးကို ရှေ့ရှုလုပ်ဆောင်ကြရန် တောင်းဆိုသည်။

အတူတကွပူးပေါင်းလုပ်ဆောင်ခြင်း (Cooperation)
ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များကို ကူညီရာ၌ အတူတကွပူးပေါင်း လုပ်ဆောင်မှု သည် အလွန်ပင်လိုအပ်လှကြောင်း ဗာတီကန်၏ရွွှေ့ပြောင်းနေထိုင်သူများ နှင် ့ဒုက္ခသည်များဆိုင်ရာရုံးတော်မှ အထူးအလေးပေးဖော်ပြသည်။ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ (IDPs) အရေးတွင် သိုးထိန်းလုပ်ငန်းနှင့် လူမှုကူညီရေးလုပ်ငန်းများ ဆောင်ရွက်နေကြသော ကက်သလစ်ခရစ်ယာန်ဘာသာဝင် များသည် ၄င်းတို့အချင်းချင်း အတူတကွပူးပေါင်းလုပ်ဆောင်ရန် အရေးကြီးကြောင်း၊ အထူးသဖြင့် သက်ဆိုင်ရာသေဒအသီးသီးမှ သာသနာပိုင်ဆရာ တော်ကြီးများ၏ ဦးဆောင်မှုအောက်တွင် စည်းလုံးညီညွတ်စွာ ပူးပေါင်းလုပ်ဆောင်ကြရန်တိုက်တွန်း တောင်းဆိုထားသည်။
ထို့အပြင် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များကို ကူညီစောင့်ရှောက်ပေးရာ၌ ခရစ်ယာန် အသင်းဂိုဏ်းအသီးသီး၊အခြားသောဘာသာများနှင့်ရွှေ့ပြောင်းဒုက္ခသည်များအားကူညီစောင့်ရှောက်ပေးနေသူများအားလုံးတို့အကြား အတူတကွပူးပေါင်းလုပ်ဆောင်ကြရန် အားပေးတိုက်တွန်းထားသည်။
သို့သော်လည်း ရွှေ့ပြောင်းဒုက္ခသည်များအရေး ကူညီဖြေရှင်းရာ၌ အခြားသောအသင်း အဖွဲ့များနှင့် ပါဝင်လုပ်ဆောင်သူတို့၏ လုပ်ဆောင်ချက်များနှင့် လုပ်ငန်းမျှော်မှန်းဦး တည်ချက်တို့သည် ကက်သလစ်ခရစ်ယာန်သာသနာတော်၏ သွန်သင်ချက်နှင့် လုပ်ဆောင်ချက်တို့မှ သွေဖည်ခြင်းမရှိစေရန်ဂရုပြုမည်ရဖြစ်ကြောင်း အတူတကွ ပူးပေါင်းလုပ်ဆောင် ရေးနှင့်ပတ်သက်၍ အထူးသတိပေးလမ်းညွှန်ထားသည်။
အသိပညာနှင့် သတင်းအချက်အလက်များသည် ထိရောက်သောကူညီတုန့်ပြန် မှုများဆောင်ရွက်ရာ၌ သော့ချက်ပမာအရေးပါလှသောကြောင့် ကက်သလစ်အသင်း အဖွဲ့များသည် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များနှင့် ပတ်သက်သော သတင်းအချက် အလက်များကို ၄င်းတို့အရေးကူညီဆောင်ရွက်ပေးနေကြသော အခြားသောအဖွဲ့ အစည်းများနှင့် မျှဝေဖလှယ်ရန်ကိုလည်း စာချွန်တော်မှဖိတ်ခေါ်ထားသည်။

ပို၍တရားမျှတပီးအားလုံးပါဝင်နိုင်သောလူ့ဘောင်အဖွဲ့အစည်းတည်ဆောက်ခြင်း (Building a fairer, more inclusive society)
“ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များဆိုင်ရာ သိုးထိန်းတာဝန်တွက်လမ်းညွှန်ချက်များ ပါ စာခွန်တော်” (POIDP) ကို ၁၀၅ ကြိမ်မြောက် ကမ္ဘာ့ရွွှေ့ပြောင်းနေထိုင် သူများနှင့်ဒုက္ခ သည်များနေ့တွင်  ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မိန့်ကြားခဲ့သော “ကြိုဆိုလက်ခံခြင်း (Welcome)၊ အကာအကွယ်ပေးခြင်း (Protect)၊ ဘဝမြှင့် တင်ပေးခြင်း (Promote) နှင့် အံဝင်ဂွင်ကျလိုက်လျောညီထွေဖြစ်ခြင်း(Integrate)” ဟူသောစကားလုံးလေးရပ် ကိုထပ်မံအသုံးပြုကာ နိဂုံးချုပ်ထားသည်ကို တွေ့ရသည်။

အကြံပြုချက်များ (Practical Suggestions)
စာချွန်တော်၏နောက်ဆုံးပိုင်းတွင် စာချွန်တော်ပါ လမ်းညွှန်ချက်များအား မည်ကဲ့သို့ အသုံးပြု အကောင်ထည်ဖေါ်ရမည်ကို ဖော်ပြထားသည်။ အထူးသဖြင့် စာချွန်တော်ပါ လမ်းညွှန်ချက်များအား သတင်းအချက်အလက်နှင့် အမြင်ဖွင့်သင်တန်းများ၊ လုပ်ငန်းပိုင်းဆိုင်ရာလှုပ်ရှားမှုများတွင်အသုံးပြုရန်၊ လမ်းညွှန်ချက်များပါ လက်ကမ်း စာစောင်များကို အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် အခြားသောလူမှုအဖွဲ့အ စည်းများသို့ဝေငှရန်၊ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ အတွက်တာဝန်ရှိသော  အစိုးရဘက်မှဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အပြန်အလှန်နှီးနှော် ဆွေးနွေးမှုများ ပြုလုပ်ရန် စသည်တို့ကို ဗာတီကန်၏ရွွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များဆိုင်ရာ ရုံးတော်မှ အကြံပြု တင်ပြထားသည်။ တစ်ဆက်တည်းမှာပင်  စာချွန်တော်ပါ လမ်းညွှန်ချက်များကို အကောင်ထည်ဖော် လုပ်ဆောင်ရာ၌လည်းကောင်း၊ အစိုးရနှင့်အခြားသောလူမှုအဖွဲအစည်းများ၏ လက်ခံတုန့်ပြန်မှုများနှင့်ပတ်သက်၍လည်းကောင်း မိမိတို့၏အတွေ့အကြုံနှင့် ဝေဖန် အကြံပြုချက်များ ဝေငှဖလှယ်ကြရန် ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များအရေး ပါဝင် ကူညီလုပ်ဆောင်ကြသူများအားလုံးတို့အား စာချွန်တော်က ဖိတ်ခေါ်ထားသည်။

ဘာသာပြန်ဆိုသူ-Fr. Stephen Aung Min

Photo credit: ANSA

https://bit.ly/3cn22UK

 

Add new comment

2 + 1 =