ပြင်သစ် လုဒ်မယ်တော်ဂူရှိဘုရားကျောင်းဆောင်များမီးသင့်သွားခဲ့

ပြင်သစ် လုဒ်မယ်တော်ဂူရှိဘုရားကျောင်းဆောင်များမီးသင့်သွားခဲ့

လုဒ်မယ်တော်ဂူ၀န်းကျင်၌ ဆီမီးပူဇော်သောဘုရားကျောင်းဆောင်ငယ် (၈) ဆောင်ရှိပါသည်။ ထိုဘုရားကျောင်းဆောင် ငယ်များအနက် (၄) ဆောင်မှာ ဇူလိုင် (၉) ရက်နေ့ညက မီးသင့်လောင်ကျွမ်းသွားခဲ့သည်။ သို့သော် ဘုရားဖူးများသည် ကျန်ရှိသော ဘုရားကျောင်းဆောင်ငယ် (၄) ခု၌ ၄င်းတို့၏ဆုတောင်းရည်ရွယ်ချက်များအတွက် ဖယောင်တိုင်များကိုမှု ဆက်လက်ကပ်လှူပူဇော် နိုင်သေးသည်ဟုဆိုသည်။

အဆိုပါဘုရားကျောင်းဆောင် ငယ်များသည် ဘုရားဖူးများကပ်လှူပူဇော်ထားသော ဖယောင်းတိုင်များကိုဖယောင်းမီးပူဇော်ရန်ရည်ရွယ်၍ဆောက်လုပ်ထားခြင်း ဖြစ်သည်။ မီးသတ်အဖွဲ့မှမီးများကို ငြိမ်းသတ်နိုင်ခဲ့သော်လည်း ဘုရားကျောင်းဆောင်ငယ် (၃) ဆောင်မှာ မီးကြောင့်လုံး၀ပျက်စီးသွားခဲ့သည်။ ယခုကဲ့သို့ မီးသင့်လောင်ကျွမ်းပျက်စီးသွားသောဘုရား ကျောင်းများကို ပြန်လည်မွှမ်းမံပြီးစီးသွားသည်အထိ ဖယောင်းတိုင်ထွန်းခံသောတိုင်များကို မြတ်ခင်းပေါ်၌သာ စီစဉ်ထားပေး မည်ဖြစ်သည်။

မယ်တော့်ဂူ၏တာ၀န်ခံဖြစ်သော ဆရာတော် Olivier Ribadeau-Dumas က ‘မယ်တော်ဂူအတွက် ပြင်းထန်သော လက်သီးတစ်ချက်’ ဟုသူ၏တွီတာလူမှုကွန်ရက်ပေါ်တွင်ရေးတင်ထားသည်။ ယခုကဲ့သို့မီးသင့်သွားခြင်းသည် ကြီးမားသောဆုံးရှုံးမှု ကြီးဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြန်လည်တည်ဆောက်ပြီး၊ လိုအပ်သောပစ္စည်းများပြန်လည်ဖြည့်တင်းရန်မှာ ယူရို (၁၅) သန်းခန့်ကုန်ကျမည်ဖြစ်သည်ဟုဆိုသည်။

ဘုရားဖူးဗိမာန်တော်သည် ကိုဗစ်ကြောင့်ပိတ်ထားခဲ့ရပြီး ယခုမှပြန်လည် လည်ပတ်နေရ၍ ဘုရားဖူးဗိမာန်တော်အားမနည်းလည်ပတ်နေရသည်။ အဆိုးထဲမှအကောင်းဟုဖြေသာရမည်မှာ မီးသင့်သွားသော်လည်း အဘယ်သူမျှ ထိ ခိုက်ဒဏ်ရာရခြင်းမျိုးမရှိခဲ့ခြင်းပင်ဖြစ်သည်။ ဤမယ်တော်၏ဘုရားဖူးဗိမာန်တော်ကို ပြင်သစ်နိုင်ငံမှ Notre Dame ကက်သီဒ ရယ်၏တာ၀န်ခံ (မြန်မာနိုင်ငံ၌ကျောင်းထိုင်ဟုသုံးနှုန်းကြသည်။ အနောက်နိုင်ငံ၌မူ ‘Rector’ (တာ၀န်ခံ) ကက်သီဒရယ်၏ကျောင်း ထိုင်မှာ သာသနာပိုင်ဆရာ တော်ဖြစ်သည်။) ဖာသာရ် Michel Daubanes က လာမည့်စက်တင်ဘာလ (၁) နေ့မှစ၍ ဆက် လက်တာ၀န်ဆက်ခံမည်ဖြစ်သည်။ မီးသင့်လောင်ကျွမ်းရခြင်း၏အကြောင်းအရင်းကိုဆက်လက်စုံမ်းစစ်ဆေးနေသော်လည်း မတော် တဆမီးကြောင့်ဖြစ်သည်ဟုယုံကြည်ရကြောင်းကို လက်ရှိတာ၀န်ခံဆရာတော်ကပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3obooQK

Add new comment

1 + 5 =