ပြင်သစ် မှ ဆရာတော်ကြီးတပါး ဗာတီကန်မှအပြန် ကိုရိုနာ ဗိုင်းရပ်စ် ပိုးတွေ့ရှိခြင်း

ပြင်သစ် မှ ဆရာတော်ကြီးတပါး ဗာတီကန်မှအပြန် ကိုရိုနာ ဗိုင်းရပ်စ် ပိုးတွေ့ရှိခြင်း

ပြင်သစ် မှ ဆရာတော်ကြီးတပါး ဗာတီကန်မှအပြန် ကိုရိုနာ ဗိုင်းရပ်စ် ပိုးတွေ့ရှိခြင်း

ရက်သတ္တပတ်အလွန်က ဗာတီကန်သို့ အလည်အပတ်ကြွရောက်ခဲ့သည့် ပြင်သစ်မှ ဆရာတော်ကြီး Bishop Emmanuel Delmas မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ကြောင်းကို ၄င်း၏ သာသနာ Angers Diocese က တနင်္လာနေ့က ကြေငြာလိုက်ပါတယ်။
ကက်သလစ်ဆရာတော်ကြီးများ ၅ နှစ်တကြိမ် ပုပ်ရဟန်းမင်းကြီး နှင့်တွေ့ဆုံခြင်း Ad Limina ခရီးစဉ်ဖြစ်တဲ့ မတ်လ ၉ ရက်နေ့ ပုပ်ဖရန်စစ်နဲ့ တွေ့ဆုံခဲ့ကြတဲ့ ပြင်သစ် ဆရာတော်ကြီး ၃၁ ပါးမှာ Bp. Emmanuel ဟာ တပါးအပါအဝင် ဖြစ်ကြောင်းနှင့် မတ်လ ၁၆ ရက်နေ့မှာ ရောဂါလက္ခဏာများတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဗာတီကန် မီဒီယာက ရိုက်ကူးထားတဲ့ ဓာတ်ပုံမှာ ဆရာတော်ကြီးများဟာ အရှင်သူမြတ်နဲ့ရော တပါးတပါးဆီနှင့်ပါ ရောဂါ ကာကွယ်ဘို့ ခပ်လှမ်းလှမ်းမှသာ ထိုင်ကြကြောင်းနှင့် အရှင်သူမြတ်နှင့် ၂:၃၀ နာရီကြာတွေ့ဆုံခဲ့ကြတယ်လို့ဆိုပါတယ်။
ဆရာတော်ကြီး Emmanuel ဟာ သက်တော် ၆၅ နှစ် ရှိပြီဖြစ်ကာ လတ်တလော အခြေအနေအရတော့ စိုးရိမ်ဖွယ်သိပ်မရှိရကြောင်းနှင့် ဆရာတော်ကြီး ကိုယ်၌က ဘာသာသူများအားလုံးအတွက် ဆုတောင်းပေးနေကြောင်းဖြင့် ၄င်း၏ သာသနာ့ သတင်းမှာ ဖော်ပြထားတာပါ။
အီတလီမှ ပြန်လာပြီးကထဲက ပြင်သစ်ဆရာတော်ကြီးများဟာ အများနှင့် တွေ့ဆုံခြင်းအစီအစဉ်များရပ်နားထားခဲ့ပါတယ်။
ပြင်သစ်နိုင်ငံမှာလဲ အခုဆိုရင် ကော်ဖီဆိုင် စားသောက်ဆိုင် နဲ့ စီးပွားရေး စင်တာအားလုံးပိတ်ထားလိုက်ပြီဖြစ်ကြောင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၂၅ ဉီး ရှိနေပြီဖြစ်ကြောင်း ကို CNA သတင်းအရသိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

ttp://bit.ly/33qn01w

Add new comment

1 + 0 =