ပြင်သစ်သမ္မတသည် ရဟန်းမင်းကြီးအား Marseille တွင်တွေ့ဆုံမည်။

ပြင်သစ်သမ္မတသည် ရဟန်းမင်းကြီးအား Marseille တွင်တွေ့ဆုံမည်။

ရဟန်းမင်းကြီးဖရန်သည် ပြင်သစ်နိုင်ငံသို့ကြွရောက်ရန်လည်းစီစဉ်ထားသည်။ ပြင်သစ်နိုင်ငံ Marseille မြို့၌မြေထဲပင်လယ်ဒေသ၏အစည်းအ‌ေ၀းသို့ရဟန်းမင်းကြီးဖရန်စစ်လည်းတက်ရောက်ရန် ရှိသည်။ ထိုအစည်းအဝေးသို့ မြေထဲပင်လယ်ဒေသအတွင်းရှိဆရာတော်ကြီးများလည်းတက်ရောက်မည်ဖြစ်သည်။ ထိုအစည်းအဝေးကို စက်တင်ဘာလ (၂၂ မှ ၂၃) အထိကျင်းပမည်ဖြစ်သည်။

ပြင်သစ်သမ္မတ Macron လည်းတက်ရောက်မည်ဖြစ်၍ ရဟန်းမင်းကြီးအားလက်ခံတွေ့ဆုံမည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်က ပြင်သစ်နိုင်ငံသို့ကြွရောက်သည်မှန်သော်လည်း ဗာတီကန်မှတရားပြင်သစ်နိုင်ငံသို့တရား၀င်ကြွရောက်ခြင်းမျိုးမဟုတ်ကြောင်းကိုမေးမြန်းချက်တစ်ခု၌ဖြေဆိုခဲ့သည်။ မကြာမီကျင်းပမည့်အစည်းအ‌ေ၀းကြီး၌ ရွေ့ပြောင်းဒုက္ခသည်များအရေးသည်မပါမပြီးပါရှိလာမည့်အကြောင်အရာတစ်ခုဖြစ်သည်။

ယခုကဲ့သို့ သောအစည်းအဝေးမျိုးကို (၂၀၂၀) က Bari တွင်ကျင်းပခဲ့သည်။ မြေထဲပင်လယ်ဒေသဆရာတော်ကြီးများ ၏အစည်းအ‌ေ၀းကို (၂၀၂၂) ဖေဖော်၀ါရီလက Florence ၌ကျင်းပခဲ့သည်။

ရဟန်းမင်းကြီး၏ဒူးခေါင်းအခြေအနေကြောင့် မကြွရောက်နိုင်ခဲ့ပေ။ ယခု ပြင်သစ်နိုင်ငံ၊ Marseille မြို့သို့ဗာတီကန်မှအမြင့်ဆုံးအမှုတော်ထမ်းနေသောခေါင်းဆောင်၏ဒုတိယအကြိမ်သမိုင်း၀င်ကြွရောက်ခြင်းဖြစ်သည်။ ပထမတစ်ကြိမ်မှာ (၁၅၃၃) ရဟန်းမင်းကြီး Clement VII ဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/PRek

Add new comment

1 + 10 =