ပြင်သစ်နိုင်ငံ Nantes မှ ရှေးလက်ရာ ကက်သီဒြယ်ကျောင်းကြီးမီးလောင်

ပြင်သစ်နိုင်ငံ Nantes မှ ရှေးလက်ရာ ကက်သီဒြယ်ကျောင်းကြီးမီးလောင်

ပြင်သစ်နိုင်ငံ Nantes မှ ရှေးလက်ရာ ကက်သီဒြယ်ကျောင်းကြီးမီးလောင်

၂၀၂၀ ဇူလိုင် ၁၈ နံနက် ၇ နာရီမှာ ပြင်သစ်နိုင်ငံ Nantes မြို့ရှိ စိန့်ပီတာ စိန့်ပေါလ် ဘုရားကျောင်းကြီး မီးလောင်ခဲ့ပါတယ်။ ၂၀၁၉ မှာ လောင်ခဲ့တဲ့ Notre Dame Cathedral အပြီး အခု တခါ ဒုတိယ ကက်သီဒြယ်ကြီး လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ပြင်သစ် သမ္မတ Emmanuel Macron က တွီတာ သတင်းစကားမှာ ရေးသားခဲပါတယ်။ ရှေးဟောင်းအမွေ ဂေါသစ်စတိုင်လ် ဘုရားကျောင်းကြီးအား မီးဘေးမှ ကယ်တင်ရန် အသက်စွန့်ကြိုးပမ်းကြတဲ့ ကျွန်ုပ်တို့ရဲ့ မီးသတ်ဝန်ထမ်းများအားလည်းလေးစားပါကြောင်း သမ္မတမှ ပြောကြားခဲ့ပါတယ်။

အထက်ပါဘုရာကျောင်းကြီးသည် ၁၅ ရာစုနှစ်က ပြောင်မြောက်လက်ယာ နဲ့ မြို့ရဲ့ အချက်အချာမှာ ခရီးသွားအများ နှစ်သက်ရာ နေရာတခုလည်းဖြစ်ကြောင်း

မီးသတ်များ၏ အဆိုအရ ကျောင်းခေါင်မိုး ကိုတော့ မီးမထိကြောင်းနှင့် အချိန်မှီ ထိန်းနိုင်ခဲ့ကြောင်း ခရီးသွားများနှင့် ပြင်သစ်ပြည်သူများဟာ အထိတ်တလန့်ဖြင့် မီးလောင်မှုကိုကြည့်နေခဲ့ရကြောင်း

Nantes မြို့တော်၀န် Johanna ကတော့ ပြင်သစ်ရဲ့ သမိုင်း၀င်အမွေအနှစ် အဆောက်အဉီးတခုဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ မီးဒဏ်ကြောင့် ဘုရားကျောင်းအတွင်းမှ လက်ယာပြောင်မြောက်လှသည့် မှန်စီ ဘုရားကားကြီးများလည်း အားလုံး မီးခိုးမှိုင်းရိုက်ကာ မဲ ကုန်ကြောင်း အကြောင်းအရင်းကို အာဏာပိုင်များကစုံစမ်း စစ်ဆေးလျှက် ရှိသည်ဆိုခြင်းကို ဗာတီကန်သတင်းအရ သိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of: ANSA

https://bit.ly/2OFw4sU

Add new comment

5 + 6 =