ပြင်သစ်နိုင်ငံ လုဒ်မယ်တော်ဂူသမိုင်းတွင် ပထမဆုံးအကြိမ် ပိတ်လိုက်ခြင်းကြောင့် ဘာသာ၀င်များ နိုဗီနား စတင်ပြုလုပ်ကြ

ကက်သလစ် ဘာသာဝင်များ သဒ္ဒါကြည်ညိုခြင်းအားထားရသည့် တန်ခိုးပြသော ပြင်သစ်ပြည် လုဒ်စ် မြို့မှ လုဒ်မယ်တော်ဂူရှိရာ နာမည်ကြီး ဘုရားဖူး နေရာကြီးဟာ အခုဆိုရင် Covid-19 အန္တရာယ်​ကြောင့် ပိတ်ထားလိုက်တာမို့ ဒါဟာ သမိုင်းမှာ ပထမဆုံးအကြိမ် အဖြစ်အပျက် ဖြစ်သည့်အတွက် ဘာသာ၀င်များအနေဖြင့် နိုဗီနားဆုတောင်းမေတ္တာများ စတင်ဆုတောင်းလာကြပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ပပျောက်ရေး အတွက် မတ်လ ၁၇ မှ ၂၅ ရက်အထိ နိုဗီနာ ပြုလုပ် ဆုတောင်းပါ၀င်ကြရန် လုဒ်မယ်တော် ဗီမာန်တော် တာဝန်ခံရဟန်းက ဆိုပါတယ်။ မတ်လ ၂၅ ရက်နေ့ဟာ မယ်တော် က ဘယ်နဒက်ကို ၁၆ ကြိမ်မြောက် ထင်ရှားပြခဲ့တဲ့နေ့ဖြစ်ပြီး အပြစ်မဲ့ သန္ဓေယူသော သခင်မဖြစ်ကြောင်း ဖော်ပြခဲ့တဲ့နေ့လည်းဖြစ်ကြောင်း CNA သတင်းအရသိရှိရပါတယ်။

By Sr.Lucia Thandar Aung,SJA
စစ္စတာရ်လူစီယားသန္တာအောင်

#RVAMyanmarVaticanNews
#CNANews
#Covid19
#Coronavirus
#LourdesFrance
#LourdesClosed

Photo Credit: Alessio Di Cintio/CNA.

http://bit.ly/2xI7BO9

Add new comment

7 + 1 =