ပြင်သစ်နိုင်ငံ၌ ယခုနှစ်ပါစကားပွဲတွင်ဆေးကြောခြင်းခံယူမည့်လူကြီး (၄၂၇၈) ဦးရှိ

ပြင်သစ်နိုင်ငံ၌ ယခုနှစ်ပါစကားပွဲတွင်ဆေးကြောခြင်းခံယူမည့်လူကြီး (၄၂၇၈) ဦးရှိ

ပြင်သစ်နိုင်ငံ၌ ယခုနှစ်ပါစကားပွဲတွင်ဆေးကြောခြင်းခံယူမည့်လူကြီး (၄၂၇၈) ဦးရှိ

 

            ပြင်သစ်နိုင်ငံ၌ အတိတ်က ကက်သလစ်ရဟန်းတော်များ၏ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုအသံဗ လံကျယ် လောင်ဆိုးရွားစွာထွက်ပေါ်လျှက်ရှိနေသော်လည်း ပြင်သစ်နိုင်ငံ၏ ကက်သလစ်သာသနာအ တွက်မှာမှု ယုံကြည်ခြင်းအလင်းများထွန်းလင်းလျှက်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ယခုတစ်ပတ်တွင် ကျင်းပမည့်ပါစကားအဖိတ်ည၌ ဆေးကြောခြင်းမဂ်လာခံယူမည့် သက်ကြီးဦးရေမှာ ပြင်သစ်နိုင်ငံ၏ ကက်သလစ်ဆရာတော်ကြီးများမှထုတ်ပြန်ချက်အရ (၄၂၇၈) ဦးရှိသည်ဟုဆိုထားရာ မှတ်သားရ လောက်သောအရေးအတွက်ဖြစ်ပါသည်။ ဤအရေအတွက်သည် ပြင်သစ်နိုင်ငံတစ်၀ှမ်းမှ ဆေးကြော ခြင်းခံ ယူမည့်သူများ၏အရေအတွက်ဖြစ်သည်။  

            (၂၀၂၁) ခုနှစ်က ဆေးကြောခြင်းခံယူသည့်လူကြီး (၃၆၃၉) ဦးရှိခဲ့ပြီး၊ ဦးရေ (၁၀၀) မှာ ပြည်ပ၌ အလုပ်လုပ်ကိုင်နေသူများဖြစ်ကြသည်။ ရာခိုင်နှုန်းအရ တွက်ပါက ယခင်နှစ်ထက် (၁၇) ရာခိုင်နှုန်းလျော့ သွားသည်ဟုဆိုရပေမည်။ မှတ်တမ်းအရ ယခုနှစ်ဆေးကြောခြင်းမဂ်လာခံယူမည့်သူများအနက် (၂၀၁၈၊ ၂၀၁၉) နှစ်ယှဉ်လျှင် လူကြီးဦးရေပိုများသည်။

ဆေးကြောခြင်းခံယူမည့်သူများအနက် (၂၈) ရာခိုင်နှုန်းမှာ အသက် (၁၈ မှ ၂၅) ကြားဖြစ်ကြသည်။ ဆေးကြောခြင်းမဂ်လာခံယူမည့်လူငယ်စာရင်မှာ ယခင်နှစ်နှင့် ယှဉ်လျှင် ယခင်နှစ်ကထက် (၄) ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်။ ခြုံကြည့်မည်ဆိုပါလျှင် ဆေးကြော ခြင်းစက္ကရာမင်တူးခံယူမည့် သူများ၏အသက်ကား (၄၀) အောက်အသက်အရွယ်များသည်။ ၄င်းတို့အ နက် (၆၃) ရာခိုင် နှုန်းမှာ အမျိုးသမီးများဖြစ်ကြသည်။ အသက် (၆၅) ကျော်သောဆေးကြောခြင်းမဂ်လာ ခံယူမည့်အမျိုးသား၊ အမျိုးသမီးတို့၏ဦးရေမှာ အတူတူလောက်ကျသည်။ ယခုဆေးကြောခြင်းခံယူ ကြ မည့်သူများအနက် သုံးပုံတစ်ပုံသည် ပြင်သစ်နိုင်ငံ၏မြို့တော် ပါရီအား၀န်းရံထားသော မြောက်ပိုင်းရှိသာသနာ (၈) ခုမှဖြစ်ကြသည်။ ဤအခြေအနေကိုကြည့်၍ ထူးရ်မြို့မှဘုရားစကားနှင့်ဘာသာ၀င်သစ်များ အားလက်ခံခြင်းဆိုင်ရာ ကော်မရှင်၏ ဥက္ကဌဖြစ်သူ ဂိုဏ်းချုပ်ဆရာတော် Vincent Jordy က ‘ဘု ရားသခင်သည် ဆက်လက်၍လူသားတို့၏စိတ်နှလုံးကိုထိတွေ့ခေါ်ဆောင်လျှက်ရှိကြောင်း၊ တစ်ခါတစ်ရံ ၌ မိသားစုအတွင်းမှပင်ထူးခြားသောလမ်းကြောင်းများဖြင့်ဖောက်ထွက်ခြင်းဖြင့်လည်း ဘုရားသခင်သည် လူတို့ကိုဆက်လက်ခေါ်ဆောင်လျှက်ရှိကြောင်းပြောကြားခဲ့သည်။

မိသားစုအတွင်းမှ တစ်ဦးတစ်ယောက် က ကက်သလစ်ဘာသာတူဖြစ်လာခြင်းဖြင့် သူ၏ ကောင်းသော ပုံသက်သေသည် ကျန်သောမိသားစု၀င် များအားလည်း ဘာသာ၀င်ဖြစ်လာစေနိုင်သည်။  ဤဖြစ်ရပ် မျိုးသည် ယနေ့ခေတ်အတွက်မထူးဆန်းပါ။ အဘယ်ကြောင့်ဆိုသော် ဆေးကြောခြင်းမဂ်လာခံယူရန် တောင်းဆိုသော လူငယ်၊ ကလေးများကြောင့် သူတို့မိဘများလည်း ဘာသာရေးကိုစိတ်၀င်စား ကိုင်းညွှတ် လာကြသည်။ အိမ်ထောင်ဖက်များကြား၌ လည်း တစ်ဦးဦးသည် ဆေးကြောခြင်းခံယူရန် နာမည်စာရင်း ပေးသွင်းလိုက်သောအခါ အခြားတစ်ယောက်လည်းအလိုလိုပါလာသည်။ ကပ်ရောဂါဆိုးကြောင့်လည်း လူငယ်များသည် အနိဌာရုံများကိုမြင် တွေ့လာရပြီးနောက် ဘာသာရေး၏ နှစ်သိမ့်ပေးနိုင်မှုနှင့် အရေးပါမှုကိုသိရှိလာခြင်းကြောင့်လည်း ဆေး ကြောခြင်းမဂ်လာခံယူသည့် ဦးရေတိုးလာခြင်း ဖြစ်နိုင်ကြောင်းသုံးသပ်ပါသည်။

 ပြင်သစ်နိုင်ငံတစ်၀ှမ်း၌ ဘာသာရေးဇုံ (၁၅) ခုခွဲထားသည်။ သာသနာအရ (၉၀) ခုရှိပြီး၊ အရှေ့တိုင်းကက်သလစ်၀ိနည်းလိုက်သော သာသနာ (၃) ခုရှိသည်ဟုဆိုသည်။

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy : SW News

https://bit.ly/37ji6tB

 

Add new comment

2 + 3 =