ပြင်သစ်နိုင်ငံ၊ Nice မြို့သူမြို့သားများနှင့်ထပ်တူခံစားရပါကြောင်းရဟန်းမင်းကြီးထုတ်ဖော်

ပြင်သစ်နိုင်ငံ၊ Nice မြို့သူမြို့သားများနှင့်ထပ်တူခံစားရပါကြောင်းရဟန်းမင်းကြီးထုတ်ဖော်

ပြင်သစ်နိုင်ငံ၊ Nice မြို့သူမြို့သားများနှင့်ထပ်တူခံစားရပါကြောင်းရဟန်းမင်းကြီးထုတ်ဖော်

ရဟန်းမင်းကြီးသည် ပြီးခဲ့သောကြာသပတေးနေ့ကပြင်သစ်နိုင်ငံ၏ဘာစီးလီကာတစ်ခုဖြစ်သော Notre Dame ဘု ရားကျောင်း၌ဘုရား၀တ်ပြုနေစဉ်ဓားသမားတစ်ဦး၏၀င်ရောက်အကြမ်းဖက်မူကြောင့် ဘုရား၀တ်ပြုနေသောဘာသာတူ သုံးဦးအသတ်ခံခဲ့ရသည့်ဖြစ်အင်နှင့်ပတ်သက်၍ရဟန်းမင်းကြီးသည်အထူး၀မ်းနည်းကြောင်းနှင့်ဆုတောင်းပေးပါကြောင်းထုတ်ဖော်မိန့်ကြားခဲံသည်။

Nice သာသနာ၏ဆရာတော် André Marceau ထံသို့ပေးပို့သောဗာတီကန်၏အတွင်းရေးမှူး ကာဒီနယ် Pietro Parolin ၏စာ၌ရဟန်းမင်းကြီး၏၀မ်းနည်းကြောင်းနှင့်ဆုတောင်းနှစ်သိမ့်စကားဖော်ပြထားသည်။ ယခုတိုက်ခိုက်မူသည် လူမဆန်သောတိုက်ခိုက်မူလုပ်ရပ်ဖြစ်ပြီး၊ အပြစ်မဲ့သောဘာသာတူများသေဆုံးခဲ့ရသည်။ ဤအဖြစ်ဆိုးနှင့်ကြုံတွေ့ခဲ့ရသော မိသားစုများနှင့်ရဟန်းမင်းကြီးသည်စိတ်အားဖြင့်ပေါင်းစည်း၍ဆုတောင်းပြီး၊ ပြင်းထန်လှသော‌ေ၀ဒနာကို‌ေ၀မျှခံစား လျှက်ရှိသည်။

မိသားစု၀င်များအားလုံးဘုရားသခင်ထံမှနှစ်သိမ့်ခြင်းကောင်းကြီးလည်းခံစားရရှိရန်နှင့်ကွယ်လွန်သွားသော သူတို့၏၀ိညာဉ်ကိုလည်းဘုရားသခင်၏အသနားတော်မြတ်ကိုခံစားရရန်တောင်းလျှောက်ပေးလျှက်ရှိကြောင်း၊ ဤကဲ့သို့ ကြမ်းကြုတ်ရက်စက်သောအကြမ်းဖက်မူများကိုပြင်းပြင်းထန်ထန်ရှုပ်ချကြောင်း၊ ပြင်သစ်နိုင်ငံမှကက်သလစ်ဘာသာတူ များနှင့်ပြင်သစ်နိုင်ငံသားများလည်း၄င်းတို့နှင့်အတူရှိနေပါကြောင်း၊ စည်းလုံးခြင်းဖြင့်ကာကွယ်ကြရန်၊ ပြင်သစ်နိုင်ငံကိုအမိ မယ်တော်မှိုင်းမစေရန်ယုံကြည်စွာအပ်နှံပါကောင်း၊ ရဟန်းမင်းကြီးသည်သူ၏ကောင်းကြီးကိုလည်းဤသွေးပျက်ဖွယ်အ ဖြစ်အပျက်ကိုကြုံတွေ့ခဲ့သောသူများအားလုံးအပေါ်သက်ရောက်ရန်ပေးလိုက်ပါကြောင်း၊

ဗာတီကန်သတင်းဌာန၏တာ၀န် ခံ Matteo Bruni ကလည်းရဟန်းမင်းကြီးသည်ကြေကွဲဖွယ်အဖြစ်နှင့်ကြုံတွေ့ခဲ့ရသောမိသားစု၀င်များနှင့်အတူနီးကပ်စွာ ရှိနေပြီး၊ ဆု‌တောင်းပေးနေကြောင်း၊ ပြည်သူများညီညွှတ်စွာဖြင့် မကောင်းမူကိုကောင်းမူဖြင့်အကောင်းဆုံး ပြန်လည်တုန့် တုန့်ပြန်ကြရန်၊ လက်ရှိအခြေအနေသည်အလွန်နာကြင်ခံစားနေရသောအခိုက်အတန့်၊ အလွန်ရှုပ်ထွေးသောအခိုက်အ တန့်ဖြစ်ကြောင်း၊ အစွန်းရောက်ခြင်းနှင့်အကြမ်းဖက်လုပ်ရပ်သည်အဘယ်သို့မျှလက်သင့်ခံ၍မရကြောင်း၊ ယနေ့အဖြစ်အ ပျက်သည်ချစ်ခြင်း (ရှင်သန်ခြင်း) မျိုးစေ့ကိုမျိုးချမည့်ဘုရားသခင်၏အိမ်တော်၌သေခြင်းကိုချလိုက်ကြောင်း၊ သို့သော် ကျွန်ုပ်တို့သည်ရန်သူများအဖြစ်သတ်မှတ်ခြင်းမပြုဘဲ ညီအစ်ကိုမောင်နှမများကဲ့သို့အချင်းချင်းသဘောထားကြရန်၊ သို့မှ သာချစ်ရသောပြင်သစ်နိုင်ငံသားများအနေဖြင့်ဖြင့်အနိုင်ယူစည်းလုံးစွာဖြင့်အဆိုးကိုအကောင်းဖြင့်အောင်နိုင်ကြမည်ဖြစ် သည်ဟုမိန့်ကြားထားကြောင်းဖော်ပြထားသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: ANSA

https://bit.ly/35Sq5ZG

Add new comment

4 + 3 =