ပြင်သစ်စစ်သဂြိုင်းမှာ သေလွန်သူများနေ့မစ္ဆားတရားကို ပုပ်ဖရန်စစ်ပူဇော်မည်

ပြင်သစ်စစ်သဂြိုင်းမှာ သေလွန်သူများနေ့မစ္ဆားတရားကို ပုပ်ဖရန်စစ်ပူဇော်မည်

ပြင်သစ်စစ်သဂြိုင်းမှာ သေလွန်သူများနေ့မစ္ဆားတရားကို ပုပ်ဖရန်စစ်ပူဇော်မည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ သေလွန်သူများအတွက် ဆုတောင်းပေးရသောနေ့ နိုဝင်ဘာလ ၂ ရက်နေ့ မစ္ဆားတရားကို ရောမမြို့မှာရှိတဲ့ ပြင်သစ်စစ်သဂြိုင်းမှာ ပူဇော်ကျင်းပသွားမှာဖြစ်ပါတယ်။ 

နိူဝင်ဘာ ၂ ရက်နေ့ ရောမစံတော်ချိန် နံနက် ၁၁း၀၀ နာရီမှာကျင်းပမှာဖြစ်ပြီး ဒါဟာဆိုရင် ပါးပါးဖရန်စစ်အနေနဲ့ သေလွန်သူများအတွက် စစ်သဂြိုင်းမှာမစ္ဆားဟောတာ ဒုတိယအကြိမ်ဖြစ်မှာပါ။

၂၀၁၇ ခုနှစ်က ပါပါးဖရန်စစ်ဟာ ရောမမြို့အနီး၊ "နက်သူးနို" မှာရှိတဲ့ အမေရိကန်စစ်သဂြိုင်းမှာ မစ္ဆားပူဇော်ခဲ့ပါတယ်။ 

၁၉၄၃ မှ ၁၉၄၄ အတွင်း နာဇီများကို ချေမှုန်းခဲ့တဲ့ ပြင်သစ်စစ်သားများအတွက် အီတလီအစိုးရက ဒီ ပြင်သစ်စစ်သဂြိုင်းကို တည်ဆောက်ခဲ့ပါတယ်။ 

ကျဆုံးသွားသော စစ်သည်တော် ( ၁၈၈၈ ) ဉီး ဟာ ဒီစစ်သဂြိုင်းမှာ မြှုပ်နှံထားကြောင်း ၊ အများပိုင်းကတော့ Moroccan မှဖြစ်ကြတယ်လည်းလို့ဆိုပါတယ်။ 

 

ဘာသာပြန်။   ။ စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo courtesy of Aleteia 

https://bit.ly/3pWcnRq

Add new comment

4 + 13 =