ပျံလွန်ကုန်သော နောင်တော် ရဟန်းမင်းကြီးများရဲ့ အုတ်ဂူများသို့ ပုပ်ဖရန်စစ်သည် နိုဝင်ဘာ ၂ ရက်နေ့ ၌ သွားရောက်ဂါရဝပြုကာဆုတောင်းပေးခဲ့

ပျံလွန်ကုန်သော နောင်တော် ရဟန်းမင်းကြီးများရဲ့ အုတ်ဂူများသို့ ပုပ်ဖရန်စစ်သည် နိုဝင်ဘာ ၂ ရက်နေ့ ၌ သွားရောက်ဂါရဝပြုကာဆုတောင်းပေးခဲ့

ပျံလွန်ကုန်သော နောင်တော် ရဟန်းမင်းကြီးများရဲ့ အုတ်ဂူများသို့ ပုပ်ဖရန်စစ်သည် နိုဝင်ဘာ ၂ ရက်နေ့ ၌ သွားရောက်ဂါရဝပြုကာဆုတောင်းပေးခဲ့

 

သေလွန်သူများအတွက်ဆုတောင်းရသောနေ့ နိုဝင်ဘာ ၂ရက်နေ့မှာ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ စိန့်ပီတာဘာဆီးလိကား ‌ကျောင်းတော်ကြီး၏ မြေအောက်တွင် မြှုပ်နှံထားသည့် ပျံလွန်ကုန်သော နောင်တော် ရဟန်းမင်းကြီးများရဲ့ အုတ်ဂူများသို့ သွားရောက်ဂါရဝပြုကာဆုတောင်းပေးခဲ့ပါတယ်။

 

ရောမမြို့အနီးက စစ်သချိုင်းသို့ကြွရောက်အပြီး အပြန်မှာ ဝင်ရောက်ဆုတောင်းခဲ့တာလည်းဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီး များရဲ့ ဂူသချိုင်းတော်များဟာ တပည့်တော်ကြီး ၁၂ ပါးထဲမှ တပါးဖြစ်သူ စိန့်ပီတာရဲ့ အုတ်ဂူဘေး ပတ်ပတ်လည်မှာ မြှုပ်နှံသဂြိုလ်ထားတာပါ။ ရဟန္တာအဖြစ်ကြေငြာခဲ့ပြီးဖြစ်တဲ့ ပျံလွန်ကုန်သော ပုပ်အချို့ရဲ့ အုတ်ဂူအချို့ကတော့ စိန့်ပီတာဘာဆီးလိကားကျောင်းတော်ကြီးရဲ့ အပေါ်ပိုင်းကို ရွှေ့ပြောင်းပြီးဖြစ်ပါတယ်။

 

All Souls' day ဟာ ကက်သလစ်သာသနာတော်အတွက် သေလွန်သူများအတွက် အထူးဆုတောင်းပေးရတဲ့ နေ့တနေ့ဖြစ်ပြီး ဗာတီကန် က ဒီနှစ်မှာတော့ ပလေနာရီအင်ဒူဂျင်းသျှား ကို ပေးထားတာဖြစ်ပါတယ်။ ဒီပလေနာရီအင်ဂျင်းသျှား ကို ဒီနှစ်မှာတစ်ထူးတစ်ခြားအနေဖြင့် နိုဝင်ဘာ တလ လုံးရဲ့ ဘယ်ရက်မှာဖြစ်ဖြစ် သချိုင်းသို့ သွားရောက်ဆုတောင်း ကုသိုလ်ပြုသူတိုင်း ရရှိကြမှာဖြစ်ပါတယ်။

 

နှစ်စဉ်နှစ်တိုင်း ပုပ်ဟာ သေလွန်သူများအတွက်ဆုတောင်းပေးရသောနေ့ကို ရောမမြို့မှာရှိတဲ့ သချိုင်းတော် တစ်ခုခုမှာ သို့မဟုတ် ကျယ်ပြန်ု့တဲ့နေရာတစ်ခုခုမှာ ဝိညာဉ်များအတွက် မစ္ဆားဟောလေ့ရှိပြီး ဒီနှစ်မှာတော့ ပြင်သစ် စစ်သချိုင်းမှာ ဟောကြားခဲ့တာပါ။

 

 

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/2YbJjK5

 

Add new comment

10 + 5 =