ပျံလွန်ကုန်သော ဆရာတော်ကြီးများနှင့်ကာဒီနယ်များအတွက် ပုပ်ဖရန်စျာပနမစ္ဆားဟောကြား

ပျံလွန်ကုန်သော ဆရာတော်ကြီးများနှင့်ကာဒီနယ်များအတွက် ပုပ်ဖရန်စျာပနမစ္ဆားဟောကြား

ပျံလွန်ကုန်သော ဆရာတော်ကြီးများနှင့်ကာဒီနယ်များအတွက် ပုပ်ဖရန်စျာပနမစ္ဆားဟောကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ပျံလွန်သွားကြကုန်သော ကာဒီနယ် ၁၇ ပါးနဲ့ ဆရာတော် ၁၉၁ ပါးတို့အတွက်အထူးမစ္ဆားတရားကို နို၀င်ဘာ ၄ ရက်နေ့က ဟောကြားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီး၏ ၀မ်းနည်းခြင်းသင်္ကေတ အဖြစ် အနီရောင်သင်္ကန်းကို ဆင်မြန်းကာ တရားဟောခဲ့တာလည်းဖြစ်ပါတယ်။

အနီးကပ်ဆုံးအကြံပေးကာဒီနယ်အပါအဝင် ပျံလွန်သောကာဒီနယ်များအတွက်မစ္ဆားဟောကြားရတာဟာ အရှင်သူမြတ်အတွက် စိတ်လှုပ်ရှားဖွယ်အစီအစဉ်တခုဖြစ်မှာပါ။

တချို့ဟာ ကိုဗစ်ကြောင့်သေဆုံးကြခြင်းဖြစ်ကြောင်းအရှင်သူမြတ်က ဆိုရင်း ဒုက္ခအခက်အခဲအလယ်မှာ သေလွန်သူတို့တွေ ခံစားခဲ့ရမှုတွေ နဲ့ နာကြင်ခြင်း အကြောင်း ကို ထောက်ရှုတရားပေးခဲ့ပါတယ်။

"စိန်ခေါ်ချက်တွေနဲ့ ပြဿနာအခက်အခဲတွေရှေ့မှာ စိတ်ရှည်သည်းခံဘို့ ၊ စိတ်ငြိမ်သက်ဘို့ဆိုတာ မလွယ်ကူတဲ့ကိစ္စပါ။ တခါတရံ နောက်ဆုတ်လက်လျှော့ချင်တဲ့ စိတ်မျိုးတွေနဲ့ အားယုတ်လျော့ခြင်းတွေတောင်ဖြစ်ပါလာတတ်ပါတယ်။
ဒုက္ခခံစားမှုတွေကြားထဲမှာဘုရားကျွန်ုပ်တို့နဲ့အတူလိုက်ပါနေပါတယ်။ ဘုရားရဲ့အလုပ်ဆိုတာ ဖခင်လိုစောင့်ရှောက်ဘို့ဖြစ်ပြီး ပြုပြင်သူတွေလို ပြဿနာတွေကို လိုက်ပြီးဖာထေး ဆက်ပေးနေတာမဟုတ်ပါဘူး။"

"ဘုရားသခင်ဟာအထူသဖြင့်ကျွန်ုပ်တို့ရဲ့ နာကြင်မှုတွေကြားမှာဖခင်တစ်ဉီးက သူ့ကလေးကို ပြုစုပျိုးထောင်သလို အတူရှိနေပါတယ်။ စိန်ခေါ်မှုတွေရှိတဲ့ကြားက အနီးမှာရှိပြီး အဖော်ပြုပေးနေတာပါ။ ကျွန်ုပ်တို့ရဲ့မျက်နှာတွေ မျက်ရည်မလွှမ်းခင်မှာ သူသနားလာပြီး သူကအရင်ပဲ ငိုပါလိမ့်မယ်လို့ကျွန်ုပ်ပြောရဲပါတယ်။"လို့မြွက်ကြားပြီး သက်ကြီးရွယ်အိုများလည်း စိတ်ပျက်အားလျော့ခြင်းတွေ နဲ့ခါးသီးမှုတွေကို ခွင့်မပြုကြဘို့တိုက်တွန်းခဲ့တာပါ။

"ခါးသီးတဲ့ နှလုံးသား၊ စိတ်ပျက်ခြင်းတွေ၊ အသစ်အဆန်းတွေပေါ်မှာ ဝေဖန်တဲ့ အတွေးတွေ နဲ့ အသက်အရွယ်ကြီးရင့်လာရတာဟာ မကောင်းပါဘူး။ ဒါဟာခက်ပါတယ်။"

"ဒုက္ခ​ဝေဒနာဆိုတာ အတွင်းစိတ်နှလုံးသား သန့်စင်တောက်ပ ပြီးတိုးတက် ဘို့အတွက် အခွင့်အလန်းတစ်ခုပါ" လို့လည်း မြွက်ကြားခဲ့တာပါ။

ဗာတီကန်နိုင်ငံခြားရေးဝန်ကြီး Abp. Paul Richard Gallagher၊, Cardinals Giuseppe Bertello, Gianfranco Ravasi; နဲ့ the Pope's Almoner, Card. Konrad Krajewski တို့လည်း ပါပါးဖရန်စစ်နဲ့အတူ ထိုနေ့ကမစ္ဆားတရားကိုပူဇော်ခဲ့ကြတာဖြစ်ပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3wnc03p

Add new comment

4 + 0 =