ပျမ်းမျှအားဖြင့် လူငယ်​လေး​ယောက်တွင် တစ်​ယောက်က သတ်​သေရန်အထိ ကြံစည်​ကြောင်း ​တွေ့ရှိ

ပျမ်းမျှအားဖြင့် လူငယ်​လေး​ယောက်တွင် တစ်​ယောက်က သတ်​သေရန်အထိ ကြံစည်​ကြောင်း ​တွေ့ရှိ

ပျမ်းမျှအားဖြင့် လူငယ်​လေး​ယောက်တွင် တစ်​ယောက်က သတ်​သေရန်အထိ ကြံစည်​ကြောင်း ​တွေ့ရှိ

အသက် ၁၈မှ ၂၄ အနှစ်အကြား လူငယ်များအနက် ​လေးပုံတစ်ပုံသည် စိတ်​ဝေဒနာများ​ကြောင့် မိမိကိုယ်ကို သတ်​သေရန် ကြိုးပမ်း​ကြောင်း သိရှိရသည်။

ထိုစစ်တမ်းကို အ​မေရိကန်အ​​ခြေစိုက် အဖွဲ့အစည်းမှ ​ကောက်ယူခဲ့သည်။ ​ရောဂါ​လျှော့ချ​ရေးစင်တာများဟူ​သော ထိုအဖွဲ့သည် အ​မေရိကန်ရှိ လူငယ်များကို စစ်တမ်း​ကောက်ယူခဲ့ပြီး ကိုဗစ်ကပ်​ရောဂါကာလအတွင်း လူငယ်တို့၏စိတ်အ​ခြေအ​နေကို ​လေ့လာကာ သြဂုတ် ၁၄ရက်တွင် ထုတ်ပြန်ခဲ့သည်။

Tommy Tigheသည် လက်ထပ်ခြင်းနှင့်မိသားစုဆိုင်ရာ ​ဆွေး​နွေးအကြံ​ပေးသူ ကက်သလစ်တစ်ဦးဖြစ်သည်။သူက ဤစစ်တမ်းသည် စိတ်ထိခိုက်ဖွယ်ဖြစ်ပြီး အပြင်တွင်လည်း အမှန်ပင် ဖြစ်ပွား​နေ​ကြောင်း ​ထောက်ပြခဲ့သည်။

လူငယ်၄၀ရာခိုင်နှုန်းသည် ပူပန်​သောကနှင့် စိတ်ဖိစီးမှုကို ခံစားရပြီး ၃၀.၉ရာခိုင်နှုန်းသည် စိတ်ဒဏ်ရာကို ခံစား​နေရ​ကြောင်း ။လူများစွာတို့သည် ကပ်​ရောဂါ​ကြောင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ ရှိကြ​ကြောင်း သိရသည်။

"ဆု​တောင်းခြင်းနှင့် အပြန်အလှန် အား​ပေးကူညီခြင်းဖြင့်​အောင်မြင်မည်ဖြစ်ပြီး Tommyအ​နေဖြင့် စိတ်ပိုင်းဆိုင်ရာ အကူအညီ​တောင်းခံလာသူတိုင်းကို အချက် ၅ ချက်ပြုလုပ်ရန်လမ်းညွှန်​ပေးသည်။ထိုအချက်များမှာ ခဏနားရန်၊အသက်ပြင်းပြင်းရှူရန်၊ဆု​တောင်းရန်၊တရားထိုင်ရန်နှင့် ခံစားချက်များကို စာအုပ်ထဲတွင် ချ​ရေးထားရန် တို့ဖြစ်ကြသည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of :  PVStocker/Shutterstock

https://bit.ly/2CyHlc2

Add new comment

8 + 10 =