ပေါ်တူဂီနိုင်ငံ၌ သနား၍လူ့အသက်သတ်ခြင်းဥပဒေကိုအတည်ပြုလိုက်သည့်အပေါ်ရဟန်းမင်းကြီးဖရန်စစ်ပြစ်တင်ရှုတ်ချ

ပေါ်တူဂီနိုင်ငံ၌ သနား၍လူ့အသက်သတ်ခြင်းဥပဒေကိုအတည်ပြုလိုက်သည့်အပေါ်ရဟန်းမင်းကြီးဖရန်စစ်ပြစ်တင်ရှုတ်ချ

ပေါ်တူဂီနိုင်ငံ၌ သနား၍လူ့အသက်သတ်ခြင်းဥပဒေကိုအတည်ပြုလိုက်ခြင်းအပေါ် ရဟန်းမင်းကြီးဖရန်စစ်မှ ပြီးခဲ့သောစနေနေ့ကထုတ်ဖော်မိန့်ကြားခဲ့သည်။

အမိမယ်တော်ထင်ရှားပြခဲ့သောမြေကိုပိုင်ဆိုင်ထားသောနိုင်ငံ၌ လူ့အသက်ကိုသတ်ပိုင်ခွင့်ပြုသောဥပဒေအားတရား၀င်ခွင့်ပြုလိုက်သည်မှာ သူ့အတွက်လွန်စွာ၀မ်းနည်းရကြောင်း၊ ယခုမှာ လူ့အသက်ကိုသတ်ပိုင်ခွင့်ပြုသည့်ဥပဒေကိုကျင့်သုံးနေသောနိုင်ငံစာရင်းရှည်ကြီး၌ထပ်တိုးပါလာပြန်ပြီဖြစ်ကြောင်း မေလ (၁၃) ရက်နေ့ကမိန့်ကြားခဲ့သည်။

မေလ (၁၃) ရက်နေ့သည် လွန်ခဲ့သော (၁၉၁၇) ကအမိမယ်တော်သိုးထိန်း (၃) ဦးထံသို့ (၆) ကြိမ်တိုင်တိုင်ကိုယ်ယောင်ထင်ရှားပြခဲ့သည့်အဖြစ်အပျက်ကိုပြန်လည်အမှတ်ရကျင်းပနေသောနေ့လည်းဖြစ်သည်။ အမိမယ်တော်အဆိုပါသိုးထိန်း (၃) အားထင်ရှားပြစဉ်က အပြစ်သားများအတွက် စိတ်ပုတီးစိပ်ရန်၊ ခြိုးခြံပူဇော်ခြင်းများကိုပြုရန်မှာကြားပြီး ကမ္ဘာကြီး၏အနာဂတ်ကိုကြိုတင်မိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးသည် ဤမှတ်ချက်ကိုပေါ်တူဂီနိုင်ငံ၏ဥပဒေပြုအဖွဲ့နှင့်တွေ့ဆုံစဉ်ကမိန့်ကြားခဲ့သည်။ အဆိုပါအဖွဲ့သည် 'ကမ္ဘာ့ကက်သလစ်အမျိုးသမီးများသမ္မဂ္ဂ' အဖွဲ့၀င်များနှင့်ရဟန်းမင်းကြီးပေါလ် (၆) ခန်းမ၌တွေ့ဆုံရာတွင်မိန့်ကြားခဲ့သည်။

ဤဥပဒေကို ပေါ်တူဂီပါလီမန်က မေလ (၁၂) ရက်နေ့က သတ်မှတ်ထားသောအခြေအနေများ (‌ေ၀ဒနာပြင်းထန်စွာခံစားရခြင်း၊ ကုသပျောက်ကင်းနိုင်ရန်အခြေ အနေမရှိသည့်ရောဂါကိုခံစားနေရခြင်း၊ ပြန်လည်ကောင်းမွန်လာရန်မဖြစ်နိုင်တော့သည့်ထိခိုက်ဒဏ်ရာများရရှိခြင်း၊) နှင့်အကျုံး၀င်ပါကလူ့အသက်ကိုသတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ဆရာ၀န်များကလည်း ဆရာ၀န်ကျင့်၀တ်အရ မိမိတို့၏လူနာများ၏အသက်ကိုသတ်ခွင့်မရှိ၍ ဆေးအကူဖြင့်သာအသက်ချုပ်ငြိမ်းသွားစေရန်ကူညီပေးနိုင်သည်။

ပြီးခဲ့သည့်သောကြာနေ့က ထောက်ခံမှုအများဆုံးဖြင့်အတည်ပြုနိုင်ခဲ့သောဥပဒေသစ်သည် ကက်သလစ်သမ္မတ Marcelo Rebelo de Sousa လက်ထက်၌အခါခါကြိုးစားခဲ့သည်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖြစ်သူကပယ်ချသောကြောင့်မအောင်မြင်ခဲ့ပေ။ သမ္မတပယ်ချခဲ့ရခြင်းမှာစကားလုံးအသုံးအနှုန်းကြောင့်အထင်အမြင်လွဲမှားနိုင်၍ စကားလုံးများကိုပြန်လည်ရွေးချယ်ပြင်ဆင်ရန်ဟုမှတ်ချက်ပြု၍ရွေ့ဆိုင်းထားနိုင်ခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3MwL49R

Add new comment

1 + 1 =