ပူးတွဲဆောင်ရွက်ရေးအဖွဲ့ အစည်း အဝေးကျင်းပ

ပူးတွဲဆောင်ရွက်ရေးအဖွဲ့ အစည်း အဝေးကျင်းပ

ပူးတွဲဆောင်ရွက်ရေးအဖွဲ့ အစည်း အဝေးကျင်းပ

မတ်လ ၃၀ ရက်၊ တနင်္လာနေ့ နံနက် ၉ နာရီ က ကိုဗစ်-၁၉ (COVID-19) ရောဂါမပြန့်ပွားစေရန်နှင့် ကာ ကွယ်တားဆီးရန် ပူးတွဲဆောင်ရွက်ရေးအဖွဲ့၏ ပထမဆုံးကြိမ်အစည်းအဝေးကို မြန်မာနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ် (စီဘီစီအမ်) တွင် ပြုလုပ် ခဲ့ပါသည်။

အစည်းအဝေးတွင် ကိုဗစ်-၁၉ ရောဂါမပြန့်ပွားစေရေးနှင့် ကာကွယ်တားဆီးရေး၌ RVA အစီအစဉ်များအားလုံး နှင့် သာသနာအသီးသီးရှိ OSC ကက်သလစ်လူထု ဆက်သွယ်ရေးဌာနများ အားလုံးမှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ သာသနာ အသီးသီး၌ သာသနာပိုင်ဆရာတော်၏ စီမံမှုဖြင့် Quarantine စင်တာများထားပေးနိုင်ရေးအတွက် ကျန်းမာရေးဌာနနှင့်ပူးတွဲဆောင်ရွက်ရန်၊ အဆိုပါ Quarantine စင်တာများ၌ စေတနာ့ဝန်ထမ်း အဖြစ် ဆောင်ရွက်ကြမည့် ဆရာဝန်များ၊ သူနာပြုများ၊ ရဟန်းတော်များ၊
စစ္စတာများ၊ ဘရာသာများ ရောဂါပိုးမကူးစက် စေရေးလမ်း ညွှန်ချက် ထုတ်ပြန်ပေးရန်တို့ကို ဆွေနွေး ခဲ့ကြပါသည်။

အဆိုပါ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စီဘီစီအမ် အလုပ်အမှုဆောင် အတွင်းရေးမှူးမှ ဆရာတော်များအား တရားဝင်စာပေးပို့ သွားမှာဖြစ်ပြီး၊ ကရုဏာ (မြန်မာ)၊ သာသနာအသီးသီးမှ ကရုဏာအဖွဲ့များနှင့် စီဘီစီအမ်၊ စီအာရ်စီအမ် (သစ္စာသုံးပါးခံ သီလသည်များအဖွဲ့)တို့ အတူတကွ ကျန်းမာရေးဌာများနှင့် ပူးတွဲဆောင် ရွက်ရန်ဖြစ် ပါသည်။

၎င်းအစည်းအဝေး ၌ Cardinal Charles Bo (President of FABC), Bishop Raymond Sum Lut Gam (Head of Social and Human Development, CBCM), Bishop Alexander Pyone Cho (Head of Health Pastoral Care, CBCM), Bishop John Saw Yaw Han (General Secretary of CBCM), Fr Peter Sein Hlaing Oo (Executive Secretary, CBCM), Mr Joseph K. (Program Advisor from Caritas Australia), Dr. Valentina Soe Myint (Health Commission, Ygn), Bro Noel FSC (President of CRCM), Sr. Assumpta Shwe RGS (Executive Secretary of CRCM) နှင့် ကရုဏာ (မြန်မာ)၊ ကရုဏာ (ရန်ကုန်)မှ တာဝန်ရှိသူများ ပါဝင်တက် ရောက်ခဲ့ပါသည်။

News and Photo courtesy: CBCM-OSC

Add new comment

6 + 1 =