ပူဆွေးနေသောအမွှာဖခင်တစ်ဦးထံသို့ ရဟန်းမင်းကြီးဖရန်စစ်ဖုန်းဆက်အားပေးခဲ့

ပူဆွေးနေသောအမွှာဖခင်တစ်ဦးထံသို့ ရဟန်းမင်းကြီးဖရန်စစ်ဖုန်းဆက်အားပေးခဲ့

‘ဟဲလို … ရဟန်းမင်းကြီးဖရန်စစ်ဖုန်းပြောနေပါတယ်’ ဟုရဟန်းမင်းကြီးဖရန်စစ်က Giacomo Cofano ထံသို့ဖုန်းဆက်စကားပြောခဲ့သည်။ သူသည်အီတလီနိုင်ငံ၊ ဘရင်းဒီစီမြို့တွင်နေထိုင်သူဖြစ်ပြီး ဇနီးဖြစ်သူမှာ ရက်အနည်းငယ်က အမွှာရင်သွေးမွေးဖွားစဉ်အသက်ဆုံးရှုံးထားသူလည်းဖြစ်သည်။

ရဟန်းမင်းကြီးက ဤအဖြစ်သနှစ်ကိုကြားရ၍ ခရစ္စမတ်နေ့မွန်းလွဲပိုင်းတွင်ဖုန်းခေါ်ဆိုအားပေးခဲ့သည်။ ဤအကြောင်းအရားများကို ဖာသာရ် Donato Luizzi မှရဟန်း မင်းကြီးထံလျှောက်ထားအသိပေးခဲ့သည်။ ရဟန်းမင်းကြီးသည် ချက်ချင်းဖုန်းဖြင့်ဆက်သွယ်ရန်အခြေအနေမပေးသေး၍ စာတစ်စောင်ရေးသားပေးပို့၍ထိုအဖြစ်သနစ်နှင့်ကြုံခဲ့သောဖခင် (အိမ်ထောင်ဦးစီး) ဖြစ်သူ Giacomo Cofano ကိုအားပေးခဲ့သည်။

ထိုအကြောင်အရာကို ဖာသာရ် Donato Luizzi ကသူ၏လူမှုကွန်ရက်ပေါ်တွင်ယခုကဲ့သို့ရေးသားထားသည်။

‘တိတ်ဆိတ်ခြင်းကိုဖြိုခွင်းရန်ကျွန်ုပ်အတွက်အလွန်ခက်ခဲပါသည်။ သို့သော် အလွန်နက်ရှိုင်းလှသောကျွန်ုပ်တို့သခင်မွေးဖွားခြင်း၏ပျော်ရွှင်မှုကို ကျွန်ုပ်တို့၏ချစ်လှစွာသော Giacomo Cofano နှင့်‌ေ၀ မျှရန်ပြုလုပ်လိုက်ရပါသည်။ Giacomo Cofano သည် ရင်သွေးအမွှာအားမွေးဖွားစဉ် ဇနီးသည်ဆုံးရှုံးထားရသည်။ ဤအကြောင်းအရာကို ရဟန်းမင်းကြီးဖရန်စစ်ထံလျှောက်ထားထားပါသည်ဟုဆိုသည်။

(ခရစ္စမတ် နံနက်) ၌ရဟန်းမင်းကြီးသည် နှိမ့်ချစွာဖြင့်စာပြန်ပေးလာပါသည်။ ထို့အတူ ခရစ္စမတ်မွန်းလွဲပိုင်း၌ဖုန်းဖြင့်လည်းဆက်သွယ်၍ ဇနီးဆုံးရှုံးခဲ့ရသော Giacomo Cofano ကို အားပေးစကားပြောဆိုနှစ် သိမ့်ပေးခဲ့သည်။ ထို့ကြောင့်အလွန်ကြင်နာတတ်ပြီး၊ ခံစားနားလည်ပေးတတ်သောသိုးထိန်း၏အထိ အတွေ့ကိုခံစားခဲ့ရပါသည်။ ‌လူသားတို့အတွက် လူ့သွေးသားကိုခံယူ၍ကားတိုင်ပေါ်တွင်အသေခံကယ် တင်ခဲ့သော ဘုရားသခင်ကိုလည်းကျေးဇူး တင်ပါသည်ဟုဆိုသည်။

ရဟန်းမင်းကြီး၏နှိမ့်ချသောအပြုအမှု၌ အမိသာ သနာ၏မိခင်စိတ်ပြည့်၀မှုကိုလည်းကျေးဇူးတင်ပါသည်။ ကျွန်ုပ်တို့ဘယ်တော့မှမေ့နိုင်မည်မဟုတ်’ ဟုရေးသားထားသည်။
 

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3I9ilYf

Add new comment

4 + 12 =