ပုံတူတည်ဆောက်ထားသောရှေးဟောင်းလှေပုံကိုဗာတီကန်အားပေးလှူ

ပုံတူတည်ဆောက်ထားသောရှေးဟောင်းလှေပုံကိုဗာတီကန်အားပေးလှူ

(၁) ရာစုက ပါလက်စတိုင်းဒေသ၊ ဂါလီလေယာနယ်တွင်အသုံးပြုခဲ့သော ရှေးဟောင်းလှေပုံစံတူကို တည်ဆောက်ပြီး ဗာတီကန်အားလှူဒါန်းခဲ့သည်။

ဤရှေးဟောင်းလှေကိုရှေးဟောင်းအမွေအနှစ်များပြန် လည်တူးဖော်ရာတွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မူရင်းလှေကို (၁၉၈၆) ခု တိုင်ဘေးရီးယာ့စ်ပင်လယ်ကမ်းရိုး တန်း၌ရှာဖွေတွေ့ရှိခဲ့ပြီး ‘Barque of Peter’ (ပီတာ၏လှေ) ဟုရေးထိုးထားသည်။

ယခုပုံတူတည်ဆောက် ထားသောလှေမှာ (၂၈) ပေရှည်ပြီး ကြံ့ခိုင်မှုကိုပြောရမည်ဆိုပါလျှင် လူ (၁၅) ဦးကိုကောင်းစွာတင် ဆောင်နိုင် သည်။ ဤလှေကို ရောမမြို့ရှိ နိုင်ငံတကာသံတမန်များအဖွဲ့အစည်းနှင့်လက်တွဲလုပ်ဆောင်လျှက်ရှိသော Aponte မိသားစုမှလှူဒါန်ခြင်းဖြစ်သည်။

ဤရှေးဟောင်းပုံတူလှေကို ရဟန်းမင်းကြီးဖရန်စစ်ကကောင်းချီး ပေးခဲ့ပြီး ဗာတီကန်၏ပြခန်းတစ်ခု၌ထားရှိရန်စီစဉ်နေသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/44y94kx

Add new comment

4 + 1 =