ပုသိမ်ကက်သလစ် သာသနာပိုင်ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟှီ မှ ဆရာတော်သာအဓိကလုပ်ရသော ပွဲများမှ လွဲ၍ ကျန်ပွဲများသို့ကြွရောက်ခြင်းပြုမည်မဟုတ်ကြောင်းကြေညာချက်ထုတ်ခြင်း။

ပုသိမ်ကက်သလစ် သာသနာပိုင်ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟှီ မှ ဆရာတော်သာအဓိကလုပ်ရသော ပွဲများမှ လွဲ၍ ကျန်ပွဲများသို့ကြွရောက်ခြင်းပြုမည်မဟုတ်ကြောင်းကြေညာချက်ထုတ်ခြင်း။

**************************************************************************************************

ပုသိမ်ကက်သလစ် သာသနာပိုင်ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟှီ မှ ဆရာတော်သာအဓိကလုပ်ရသော ပွဲများမှ လွဲ၍ ကျန်ပွဲများသို့ကြွရောက်ခြင်းပြုမည်မဟုတ်ကြောင်းကြေညာချက်ထုတ်ခြင်း။

ပုသိမ်ကက်သလစ်သာသနာပိုင် ဆရာတော်ကြီး ဂျွန်မန်းဆိန်းဟှီသည် မတ်လ (၁၁) ရက်နေ့က  ပုသိမ်ကက်သလစ်သာသနာရှိသူများအားလုံးအတွက် ကြော်ြငာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါသည်။

ဆရာတော်မှ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေစဉ်ကာလအတွင်း အထူးမှတ်ချက်အနေဖြင့် ဆရာတော်သာ အဓိက လုပ်ရသော ရဟန်းသိက္ခာတင်ခြင်း၊ ခရစ္စမားအားပေးခြင်း ရှိသော နေရာများမှ လွဲ၍ အခြားသော ပွဲလမ်းများသို့ ကြွရောက်မည်မဟုတ်ကြောင်း၊  ဖြစ်နိုင်ပါက ခရစ္စမားအားပေးခြင်းများကိုလည် ရက်ရွှေ့ထားပေးလိုသော်လည်း ရွှေ့ထားရန် မဖြစ်နိုင်ပါက လာ‌ရောက်ပေးမည်ဖြစ်ကြောင်း၊ဆရာတော်အနေဖြင့် ကိုယ်ခံရမှာ ကိုကြောက်ခြင်းထက် မိမိ၏ အစီအမ့ ပါဝင်လုပ်ဆောင်မှုကြောင့် လူအများ ဒုက္ခရောက်မည်ကို စိုးရိမ်သောကြောင့်ဖြစ်ကြောင်း၊ နှင့် ကျန်းမာ‌ရေး ဝန်ကြီးဌာန၏ ကာကွယ်ရေးလုပ်ငန်းတွင် ပူးပေါင်းပါဝင်ခြင်းဖြစ်ကြောင်းပြောကြားထားးပါသည်။ပုသိမ်သာသနာအတွင်းရှိ ရဟန်းရှင်လူများအားလုံး ပုသိမ်သာသနာအတွက် ဆရာတော်၏ ထုန်ပြန်ချက်အား နားလည်လက်ခံမည်ကို ယုံကြည်ကြောင်းကိုလည်း ပြောကြားထားပါသည်။

ဆက်လက်၍ ဆရာတော်ကြီးသည် COVID – 19  နှင့်ပတ်သက်သော သတင်းများအား အမြဲတမ်းနားစွင့်ရန်လိုအပ်ကြောင်း၊ ၎င်းနှင့်ပတ်သက်သော သတင်းအမှန်များကို ( WHO) ကမ္ဘာ့ကျန်းမာရေးဌာနနှင့် မြန်မာနိုင်ငံ အစိုးရ၏ ကျန်းမာ‌ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ထုတ်လွှင့်ချက်များကိုသာ နားထောင်ဖို့ရန် သတိပေးလမ်းညွှန်ထားပါသည်။

ဆက်လက်၍လည်း ဆရာတော်ကြီးက စင်ကာပူနိုင်ငံနှင့် အီတလီ နိုင်ငံတို့တွင် ကူးစက်ပြန့်ပွားခဲ့ပုံများကို ကိုလည်း ပြောပြခဲ့ပါသည်။

ဆရာတော်ကြီးသည် ( WHO) ကမ္ဘာ့ကျန်းမာရေးဌာနနှင့် မြန်မာပြည်အစိုးရ၏ ကျန်းမာ‌ရေး ဌာန၏ သတိပေးနှိုးဆော်ချက်များကိုလည်း လိုက်နာကြရန် တိုက်တွန်းထားပါသည်။

ဆက်လက်၍လည်း ဆရာတော်က  ယခုအချိန်အခါသည် ဝါတွင်းကာလဖြစ်သည့်အတွက်ကြောင့် ရဟန်းရှင်လူအားလုံး ပွဲလမ်းသဘင်များကို ဖြစ်နိုင်ပါက ရှောင်ရှားကြရန်တိုက်တွန်းထားပါသည်။

ယခုလိုကာလတွင် ဆုတောင်းခြင်း၊ ချိုခြံဝါရှောင်ခြင်း ၊ အသားရှောင်ခြင်း၊ အပြစ်ဒဏ်ဆပ်ဖြေခြင်းများပြုလုပ်ရန်၊ ကိုယ်တော်မြတ်ဖူးမြော်ခြင်း၊စိပ်ပုတီးစိပ်ခြင်း၊ မိသားစု စုပေါင်းဆုတောင်းခြင်း၊ ကမ္မဋာန်းရှု့ခြင်း၊ ကမ္မဋာန်းထိုင်ခြင်းများပြုလုပ်ကြရန်၊ ကိုယ်ရှင်ကိုယ် ကို အချိန်ပေးစစ်ဆေးခြင်းတို့ကို ပြုလုပ်ကြရန် ၊ မကြာခဏ အာပတ်ဖြေခြင်းပြုလုပ်ကြရန်၊ ရဟန်းတော်များအနေဖြင့်လည်း အာပါတ်ဖြေခြင်းကို အချိန်စာရင်းနှင့်တကွ စီစဉ်ပေးကြရန် ၊ တိုက်တွန်းနှိုးဆော်ထားပါသည်။

ဆရာတော်အနေဖြင့်လည်း မစ္ဆားတရားတော်ကို နေ့စဉ်ထုတ်လွှင့်ပေးနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်းလည်း ပြောကြားထားပါသည်။

News By - Pinky

Add new comment

1 + 10 =