ပုပ်၏အခမ်းနားတိုင်းတွင်ကြီးကြပ်ဉီးဆောင်ပေးသည့်ဘုန်းတော်ကြီးအား လာမည့်တနင်္ဂနွေနေ့တွင်ပုပ်ဖရန်စစ်မှ ဆရာတော်သိက္ခာတင်ပေးတော့မည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ မစ္ဆားအစီအစဉ်များတွင် အမြဲတွေ့ရတတ်ပြီး ပါးပါး၏မစ္ဆားအစီအစဉ်အားလုံးကို ကြပ်မတ်ဉီးဆောင်ပေးနေသည့် ဘုန်းတော်ကြီး Fr. Guido Marini ကို လာမယ့်တနင်္ဂနွေနေ့ စိန့်ပီတာဘာဆီးလိကားဘုရားကျောင်းတော်ကြီးထဲ၊ ရောမစံတော်ချိန် နံနက် ၉ နာရီမှာ ပါးပါးဖရန်စစ်က ဆရာတော်သိက္ခာတင်ပေးတော့မှာဖြစ်ပါတယ်။ ထိုနေ့ဟာ ဆရာတော်ကြီးများကို ဘိတ်သိတ် မင်္ဂလာ ပေးတဲ့နေ့ဖြစ်ပြီး ၎င်းရဲ့ အနီးကပ်ဆုံးရဟန်းတော်ကို လည်း ဆရာတော်ဘိတ်သိတ်ပေးပြီး နူတ်ဆက်ရတော့မှာပါ။

ဆရာတော်အသစ်ဖြစ်လာမယ့် Fr. Guido Marini ကို ပုပ်ဖရန်စစ်က အီတလီမြောက်ပိုင်း Tortona ရဲ့ ဆရာတော်ကြီးအဖြစ်ရွေးချယ်ခန့်အပ်ထားပါတယ်။

Fr. Guido Marini ဟာ ပါးပါးဖရန်စစ်ပုပ်ရဟန်းမင်းကြီးအဖြစ်ရွေးချယ်မခံရမှီ အခန်းပိတ်အစည်းအဝေးကြီးအပါအဝင် လက်ရှိပုပ်ရဟန်းမင်းကြီးသက်တမ်းတလျှောက် မှာ အဓိကနေရာကနေပါဝင်ဆက်ကပ်ခဲ့သူဖြစ်ပါတယ်။

အခုတခါ မှာတော့ ၎င်းရဲ့ ပါးပါးအနီးက ဆက်ကပ်ခဲ့တဲ့ တာဝန်ကို စွန့်လွှတ်ပြီး ပါးပါးယုံကြည်စွာအပ်နှင်းထားတဲ့ ဆရာတော် သိုးထိန်းနေရာကနေ ဆက်လက်အမှုတော်ဆောင်ဆက်ကပ်ရတော့မှာပါ။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်ဟာ ထိုနေ့မှာ ချီလီမှ ဘုန်းတော်ကြီးဖြစ်တဲ့ Andrés Ferrada Moreira ကိုလည်း သိက္ခာတင်ပေးမှာဖြစ်ပါတယ်။ သူဟာ ရဟန်းတော်များဆိုင်ရားပုပ်ရဟန်းမင်းကြီးရုံးတော်ရဲ့ အတွင်းရေးမှုးလည်းဖြစ်ပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3AR7zyu

Add new comment

1 + 4 =