ပုပ်ရဟန်းမင်းကြီး Francis  ဖရန်စစ်သည် ကပ်ရောဂါကြောင့် ခံစား နေရသော မိသားစုများကို  အားပေးနှစ်သိမ့်

ပုပ်ရဟန်းမင်းကြီး Francis  ဖရန်စစ်သည် ကပ်ရောဂါကြောင့် ခံစား နေရသော မိသားစုများကို  အားပေးနှစ်သိမ့်

ပုပ်ရဟန်းမင်းကြီး Francis  ဖရန်စစ်သည် ကပ်ရောဂါကြောင့် ခံစား နေရသော မိသားစုများကို  အားပေးနှစ်သိမ့်

 

သန့်ရှင်းသောမိသားစု၏ပွဲတော်နေ့မှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်ဟာ ခရစ္စမတ်ပြီးနောက် တစ်ရက်အကြာက လက်ထပ်ထားတဲ့ စုံတွဲများအတွက် စာတစ်စောင်ကို ထုတ်ဝေခဲ့ပါတယ်။

“ဒီစာစောင်ဟာ လက်ထပ်ထားတဲ့ အိမ်ထောင်စု စုံတွဲတွေအတွက် သူ့ရဲ့ ရင်းနှီးမှု အမှတ် လက္ခဏာ၊ ဘုရား သခင်ရဲ့ကောင်းမြတ်ခြင်းနှင့် နူးညံ့သိမ်မွေ့ခြင်း မှာ  ဖခင်သဖွယ်ဖြစ်သော လက်ဖြင့်ကိုယ့်အိမ် ထောင်ဖက်ရဲ့ ကောင်းမြတ်တဲ့လမ်းပေါ်မှာ လျောက်လှမ်းနေတဲ့ ခြေလှမ်းကို ဘုရားက လမ်းညွှန်ပေးတယ်ဆိုတာ ထောက်ရှုစဥ်းစားဖို့ အရေးကြီးပါတယ်။”

ဒီကပ်ရောဂါက ဇနီးမောင်နှံ အချင်းချင်းစိတ်ရှည်တတ်ဖို့နဲ့ တစ်ယောက်ကိုတစ်ယောက်နားထောင်ပေးတတ်ဖို့ ဆုတောင်းရန်အပါအ၀င် အချင်းချင်းဆက်ဆံရေးကို ပြန်လည်ပြုပြင်နိုင်ဖို့ အခွင့်အရေးတခုဆိုတာ ဒီစာစောင်က ထောက် ပြထားတာပါ။

“မိသားစုတစ်စု ဟာ အချင်းချင်းနားလည်ရန်၊ အချင်းချင်းနားထောင်ရန်၊ အတူတကွ ခရီးပြုရန် ပဋိပက္ခများနှင့် အခက်အခဲများကိုရင်ဆိုင်ရန် နေ့စဉ်နေ့တိုင်း သင်ယူဘို့  လိုအပ်ပါတယ်။ ဒါတွေဟာ နေ့စဉ် စိန်ခေါ်မှုတစ်ခုဖြစ်ပြီး မှန်ကန်တဲ့စိတ်ထား၊ ရိုးရှင်းတဲ့ ပြုမှုလုပ်ဆောင်မှုတွေ နဲ့ မိမိတို့ရဲ့ ဆက်ဆံရေးမှာ အသေးအဖွဲလေးတွေက အစ ဂရုစိုက်ခြင်းအားဖြင့် ကျော်လွှားနိုင်ပါတယ်။”လို့ အရှင်သူမြတ်က ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ အိမ်ထောင်သည်တွေကို  ၎င်းတို့ရဲ့  သက်တောင့်သက်သာဇုန်မှ (မိမိဘာသာ ဖာတိဖာသာ နေခြင်းမှ) ရုန်းထွက်ရန်၊ ချစ်မြတ်နိုးရန်နှင့် ၎င်းတို့၏ အိမ်ထောင်ဖက်များအား ရဲရင့်စွာ ခွင့်လွှတ်ရန် အားပေး တိုက်တွန်းထားတာဖြစ်ပါတယ်။  အထူးသဖြင့်၊ 'ကျေးဇူးပြု၍ ၊ ကျေးဇူးတင်ပါတယ်၊ တောင်းပန်ပါတယ်' ဟူသောစကားလုံးသုံးလုံး၏တန်ဖိုးကို  အလေးပေးဖော်ပြဖို့ အချင်းချင်း သုံးနုန်းပြောဆိုကြဘို့ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် အချင်းချင်းအတွက် ၊ မိမိတို့၏ သားသမီးများအတွက်နှင့် အသင်းတော်အတွက် မိမိတို့၏ ခေါ်တော်မူခြင်းကို စိတ်အားထက်သန်စွာ ရှင်သန်ကြရန်လည်းတိုက်တွန်းထားတာပါ။

ဒီစာစောင်ဟာ  ရောမမြို့မှာ လာမည့်နွေရာသီမှာ မိသားစုများတွေ့ဆုံပွဲနှင့်အတူ အဆုံးသတ်မှာဖြစ်တဲ့  Amoris Laetitia Family Year အတွင်း ပေးပို့တဲ့လည်းဖြစ်ပါတယ်။ 

 

RVA Myanmar

Photo courtesy of NCR

https://bit.ly/3EwVJLT

Add new comment

6 + 0 =