Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ရဟန်းမင်းကြီး တေရသမမြောက် လေအိုအား လက်ဆောင်အဖြစ်အပ်နှင်းထားသော ဘုရားကျောင်း
ပုပ်ရဟန်းမင်းကြီး တေရသမမြောက် လေအိုအား လက်ဆောင်အဖြစ်အပ်နှင်းထားသော ဘုရားကျောင်း
ရောမမြို့တွင် ဘုရားကျောင်းများစွာရှိသော်လည်း ကက်သလစ်ဘာသာဝင်များမှ ပုပ်ရဟန်းမင်းကြီးအား လက်ဆောင်အဖြစ်ပေးလှူသော ဘုရားကျောင်းများမှာ မရှိသလောက်ပင်။သို့သော်လည်း San Gioacchino ai Prasti di Castelloအမည်ရှိသော ဘုရားကျောင်းကိုမူ ခြွင်းချက်ဟုပြောရပေမည်။
ထိုဘုရားကျောင်းတော်ကြီးသည် စိန့်ပီတာ ဘာစီလီကာ ဘုရားကျောင်းတော်မှ တစ်မိုင်မျှပင်မဝေးချေ။စန်အန်ဂျလိုရဲတိုက်နှင့်မနီးမဝေးတွင် တည်ရှိသည်။ထိုဘုရားကျောင်းကို ပုပ်ရဟန်းမင်းကြီး တေရသမမြောက် လေအိုအား ပေးလှူထားသည်။ငယ်နာမည် Gioacchino(စိန့်ဂျော်ကင်း)ဖြစ်သော ပုပ်ရဟန်းမင်းကြီးသည် သူ၏ရဟန္တာဂျော်ကင်းအမည်ခံ ဘုရားကျောင်းတစ်ကျောင်းကို တည်ဆောက်လိုသော ဆန္ဒရှိခဲ့သည်။
ရသေ့ကြီး အန်တိုနီယိုအမည်ရှိသူသည် ထိုဘုရားကျောင်းကို စတင်တည်ဆောက်ခဲ့ပြီး ခုနစ်နှစ်အကြာတွင် ပြီးစီးခဲ့သည်။ထိုရသေ့ကြီးပျံလွန်တော်မူပြီးနောက် နိုင်ငံပေါင်း ၂၇နိုင်ငံသည် ပုပ်ရဟန်းမင်းကြီး၏ဆန္ဒအတိုင်း ကိုယ်တော်မြတ်ကိုးကွယ်ရာ ပင်မနေရာဘုရားကျောင်းကိုတည်ဆောက်ရန် လှူဒါန်းခဲ့ကြသည်။
ထိုဘုရားကျောင်းအဝင်ဝတွင်အလှူရှင်နိုင်ငံများ၏အမည်များ ရေးထိုးထားသည်။အဓိက လှူဒါန်းသော နိုင်ငံ၁၄နိုင်ငံအတွက် ကိုယ်ပိုင် ဘုရားကျောင်းငယ်လေး ၁၄ခုကိုလည်း ဆောက်လုပ်ခဲ့သည်။ထိုဘုရားကျောင်းငယ်များကို နိုင်ငံတိုင်း၏ ကိုယ်ပိုင်ဟန်များဖြင့် ဆင်ယင်ထားသည်။
မစ္ဆားပူဇော်ရာစင်၏အထက်တွင် အဖြူရောင်မာဘဲလ်ကျောက်သားဖြင့် ထုလုပ်သော ကိုယ်တော်မြတ် ပလ္လင်တော်ကြီးတည်ရှိပြီး ကိုယ်တော်မြတ်ဆိုင်ရာ ပွဲတော်များကို ထိုနေရာတွေင်ကျင်းပသည်။ဘေးပတ်လည်တွင် မီးတုတ်များကိုဆောင်သော ကောင်းကင်တမန်ဆင်းတုများလည်း ထုလုပ်ထားသည်။စဥ်ဆက်မပြတ် ကိုယ်တော်မြတ်ဖူးရာ စပိန်နိုင်ငံ၏ဘုရားကျောင်းဆောင်ကို ရပ်ဝေးမှ ဘာသာ၀င်များပင် လာရောက်ဆုတောင်းကြပြီး အလားတူ အမေရိကန်၊အီတလီစသော နိုင်ငံဆိုင်ရာ ဘုရားကျောင်းငယ်များတွင်လည်း ရဟန္တာဆင်းတုများ၊နိုင်ငံအလိုက် ယဥ်ကျေးမှုများဖြင့်ချယ်မှုန်းသော မယ်တော်ဆင်းတုများ ထုလုပ်ထားသည်။
ထို့အပြင် ထိုဘုရားကျောင်းတော်ကြီးသို့ ဘုရားဖူးလာသောသူများ သတိပြုဆင်ခြင်မိစေရန် လက်တင်းဘာသာစကားဖြင့် ရေးသားထားသည်မှာ “တရားမျှတခြင်းနှင့်ဒဏ်ဆပ်ဖြေခြင်းအတွက် ရောမမြို့ရှိ ကက်သလစ်သာသနာမှ ဝတ်ပြုဆုတောင်းခြင်း” ဟူ၍ ဖြစ်သည်။
Add new comment