ပုပ်ရဟန်းမင်းကြီး မော်လတာနိုင်ငံ သမ္မတ နှင့်တွေ့ဆုံခြင်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် . မော်လတာနိုင်ငံ သမ္မတ ဂျော့ ဗီလာ အား တနင်္လာနေ့ မနက်က ဧည့်သည်တော်အဖြစ် လက်ခံတွေ့ဆုံခဲ့

ပုပ်ရဟန်းမင်းကြီး မော်လတာနိုင်ငံ သမ္မတ နှင့်တွေ့ဆုံခြင်း
စက်တင်ဘာလ ၁၆၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် မော်လတာနိုင်ငံ သမ္မတ ဂျော့ ဗီလာ အား တနင်္လာနေ့ မနက်က ဧည့်သည်တော်အဖြစ် လက်ခံတွေ့ဆုံခဲ့ပြီး ရွေ့ပြောင်း နေထိုင်သူများ အရေး နှစ်နိုင်ငံ ခေါင်ဆောင်များ ဆွေးနွေးခဲ့ကြပါသည်။

မော်လတာ နိုင်ငံ နှင့် ဗာတီကန်နိုင်ငံ တို့၏ ကောင်းမွန်သော ဆက်ဆံရေးအပေါ် ခေါင်းဆောင်များ ကျေးနပ်မူ့ရှိကြောင်း၊ ဘာသာရေး၊ ရိုးရာယဉ်ကျေးမူ့ တို့၏ တန်ဖိုးများအကြောင်း နှင့် ကက်သလစ်သာသနာတော်မှ မော်လတာ နိုင်ငံ၏ ပညာရေးကဏ္ဍတွင် ပါဝင်ကူညီပေး နိုင်ရေများအကြောင်းများကို ဆွေးနွေးခဲ့ကြပါသည်။

မြေထဲပင်လယ် အနီးတဝိုက်ရှိ နိုင်ငံများ ဖြစ်သည့် မော်လတာ၊ အီတလီ၊ ဂရိ နှင့် စပိန် နိုင်ငံများသည် တခြားသော နိုင်ငံများထက် တာဝန်ကြီးစွာ ကြုံတွေ့ရင်ဆိုင်နေရသည့် ရွေ့ပြောင်းနေထိုင်သူများ အရေး နှင့်ပတ်သက်ပြီး ဥရောပ နှင့် တကမ္ဘာ ဆိုင်ရာ အဆင့်များ ဆက်လက်ဆွေးနွေးသွားကြဖို့ ဆွေးနွေးခဲ့ကြပါသည်။

ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် မှ မကြာခဏပြောလေရှိသော စိတ်ကောင်းနှလုံးကောင်းရှိသော ကမ္ဘာသူ၊သား တို့ ရွေ့ပြောင်းနေထိုင်သူများ နှင့် ဒုက္ခသည်များ၏ ဘဝတွေကို စာနာကြဖို့၊ ကြိုဆိုကြ၊ ကာကွယ်ပေးကြ၊ မြင့်တင်ပေးပြီး အတူတကွ နေထိုင်နိုင်ကြဖို့ ပြန်လည်ပြောကြားခဲ့ပြီး ဗာတီကန်နိုင်ငံ နှင့် မော်လတာ နိုင်ငံတို့မှ နှစ်နိုင်ငံ လုပ်ဆောင်နေမူ့များ အမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်းကို ဗာတီကန်နိုင်ငံ သတင်းပြန်ကြားရေးဌာန မှ ထုတ်ပြန်ကြေငြာခဲ့ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2kMP1yn

 

 

zawgyi

စက်တင်ဘာလ ၁၆၊ ၂၀၁၉




By Kyi Maung
Credit to Vatican News
https://bit.ly/2kMP1yn

Add new comment

18 + 1 =