ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က ဖရန်စစ်စကန် စစ္စတာရ်တစ်ပါးကို ဗာတီကန်၌ ဒုတိယအမြင့်ဆုံးသော နေရာ၌ တာ၀န်ပေး

ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်က ဖရန်စစ်စကန် စစ္စတာရ်တစ်ပါးကို ဗာတီကန်၌ ဒုတိယအမြင့်ဆုံးသော နေရာ၌ တာ၀န်ပေး

နို၀င်ဘာလ (၅)ရက် ၂၀၂၁

ပုပ်ရဟန်းမင်းကြီးဖရန်းစစ်သည် လွန်ခဲ့သော ကြာသပတေးနေ့၌ ဗာတီကန်၏ အုပ်ချုပ်ရေး ယန္တရားတွင် ဒုတိယအဆင့်အမြင့်ဆုံးသော ရာထူး၌ ဖရန်စစ်စကန် စစ္စတာ Raffaella Petriniကို ခန့်အပ်ပေးခဲ့သည်။

၎င်းစစ္စတာသည် ဗာတိကန် အုပ်ချုပ်ရေးပိုင်း အထွေထွေအတွင်းရေးမှူးအဖွဲ့ထဲ၌ ရဟန်းဘုန်းတော်ကြီးမဟုတ်ဘဲ ပါ၀င်ခွင့်ရသော ပထမဆုံးသော အမျိုးသမီးဖြစ်သည်။

သက်တော် (၅၂)ရှိပြီဖြစ်သော စစ္စတာသည် ဖရန်စစ်စကန်ဂုဏ်းအသင်း၀င် စစ္စတာတစ်ပါးဖြစ်ပြီး ဗာတိကန်၏ လူတွေထံသာသနာပြုရေးအဖွဲ့ထဲတွင် (၂၀၀၅)ခုနှစ်ကတည်း ပါ၀င် အစေခံနေခဲ့သည်။

သူသည် လူမှုသိပ္ပံ ဒေါက်တာဘွဲ့ရရှိထားသူဖြစ်ပြီး Rome's Pontifical တက္ကသိုလ်တွင် စာသင်ကြားနေသော စစ္စတာတစ်ပါးဖြစ်သည်ဟု သိရသည်။

Credit to 1001NEWS

 

https://bit.ly/3BMTDWA

Add new comment

10 + 2 =