ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ် ထိုင်းနိုင်ငံ သို့ရောက်ရှိ

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်  ထိုင်းနိုင်ငံ သို့ရောက်ရှိPope with Archbishop Paul Tschang In-Nam (Apostolic Nuncio to Thailand) and Sr Anna Rosa (Cousin)

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ဟာ ၄င်း၏ ၃၂ ကြိမ်မြောက် တမန်တော်ကြီး ခရီးစဉ် အဖြစ် ထိုင်းနိုင်ငံ သို့ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ရောမမြို့တော်မှ Alitalia လေကြောင်းလိုင်းဖြင့် ၁၁ နာရီကြာ ခရီးရှည်အပြီးမှာတော့ အရှင်သူမြတ်ဟာ ထိုင်းနိုင်ငံ ဘန်ကောက် မြို့ လေဆိပ်ကို ဆိုက်ရောက်ခဲ့တာပါ။ အရှင်သူမြတ်ရဲ့ ရ ရက်တစ်ပတ်တာ အာရှ ခရီးစဉ် ဖြစ်တဲ့ ထိုင်းဂျပန် ခရီးစဉ်မှာ ထိုင်းနိုင်ငံဟာ ပထမဆုံး ခရီးစဉ်ပဲဖြစ်ပါတယ်။ ဗာတီကန်သတင်းအရ အရှင်သူမြတ် စီးနင်းလိုက်ပါလာတဲ့ လေယာဉ်မှာ စာနယ်ဇင်းသမားများ၊ မီဒီယာ ကျွမ်းကျင် အဖွဲ့သားများနဲ့ အတူ၊ အခ​​ြွအေရံ ရ၀ ဉီးပါ၀င်ကာ ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် မွန်းတည့်မှာ ဘန်ကောက် ကိုဆိုက်ရောက်ခဲ့တာဖြစ်ပါတယ်။ အရှင်သူမြတ်ရဲ့ ၃၂ ကြိမ်မြောက် တမန်တော်ကြီးခရီးစဉ် ဟာဆိုရင် နိုဝင်ဘာ ၂၃ ရက်အထိ ထိုင်းနိုင်ငံမှာ သတင်းသုံးမှာဖြစ်ပြီး နိုဝင်ဘာ ၂၆ ရက်နေ့အထိကိုတော့ ဂျပန် နိုင်ငံမှာ သတင်းသုံး ကြွချီမှာပဲဖြစ်ပါတယ်။ ယုံကြည်သူ လူနည်းစု သားသမီးများရှိရာ ဤအာရှ တိုင်းပြည်များသို့ အရှင်သူမြတ်ကြွရောက်လာရခြင်း၏ အဓိက ရည်ရွယ်ချက်များကတော့ ဘာသာတရားအချင်းချင်း နှီးနှောဖလှယ်မှု ပို၍ မြှင့်တင်နိုင်ရန်၊ လူ့အသက်တာနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ပေးရေး၊ သားသမီး တို့ ရုန်းကန်နေကြရတဲ့ ဘဝ အခက်အခဲ များအားပေါ့ပါး သက်သာစေရန် ဆိုတဲ့ အချက်များဟာ ဤခရီးစဉ်ကို မီးမောင်းထိုးပြနေတာဖြစ်ပါတယ်။ အရှင်သူမြတ် ဘန်ကောက်မြို့တော်သို့ ဆိုက်ရောက်ခြင်း အခမ်းအနားမှာ ထိုင်းဘုရင့်နန်းတော်မှ ကိုယ်စားလှယ်တော်များ ၊ ထိုင်းအာဏာပိုင်အစိုးရ ကိုယ်စားပြု အဖွဲ့ဝင် အကြီးအကဲ ၆ ဉီးနှင့်အတူ ထိုင်းကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်မှ ဆရာတော်များတို့က အရှင်သူမြတ် အားကြိုဆိုဂါရဝပြု နုတ်ဆက်ခဲ့ကြပါတယ်။ ၄င်းပြင်၊ ထိုင်းကက်သလစ်ဘာသာဝင် ၃သိန်းနှင့် ထိုင်းနိုင်ငံရှိ ဂိုဏ်းချုပ် ဂိုဏ်းအုပ်သာသနာများ အား ကိုယ်စားပြုသော ကလေးငယ် ၁၁ ဉီးတို့မှလည်း အရှင်သူမြတ်အား ဂါရဝပြု ကြိုဆိုနုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီနောက်မှာတော့ အရှင်သူမြတ်ရဲ့ မော်တော်ယာဉ်တန်းကြီးဟာဆိုရင်ဖြင့် တမန်တော်ကြီး ယာယီနန်းဆောင် (ဘန်ကောက်ရှိ ဗာတီကန်သံရုံး) သို့ ဉီးတည်မောင်းနှင်ခဲ့တာဖြစ်ပြီး၊ အရှင်သူမြတ်ဟာ ၄င်းနေရာမှာ သတင်းသုံး မှာဖြစ်ပါတယ်။

Credit: Vatican News

Add new comment

6 + 5 =