ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ၃၁ ကြိမ်မြောက် သိုးထိန်း ခရီးစဉ်၏ တတိယ နိုင်ငံဖြစ်သော မောရေးရှ နိုင်ငံသို့ တစ်ရက်တာ ဘုရားဖူး ခရီးစဉ် အကျဉ်းချုပ်

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ် ၃၁ ကြိမ်မြောက် သိုးထိန်း ခရီးစဉ်၏ တတိယ နိုင်ငံဖြစ်သော မောရေးရှ နိုင်ငံသို့ တစ်ရက်တာ ဘုရားဖူး ခရီးစဉ် အကျဉ်းချုပ်
စက်တင်ဘာလ ၉၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ ၃၁ ကြိမ်မြောက် သိုးထိန်း ခရီးစဉ်၏ တတိယ နိုင်ငံဖြစ်သော မောရေးရှ နိုင်ငံသို့ တစ်ရက်တာ ဘုရားဖူး ခရီးစဉ်အဖြစ် မာဒါဂါစကာ မှ အိန္ဒိယ သမုဒ္ဒရာ ကျွန်းနိုင်ငံ ဖြစ်သော မောရေးရှနိုင်ငံ ၏မြို့တော် ပေါတ် လူးဝစ် မြို့ သို့ တနင်္လာ နေ့က ရောက်ရှိခဲ့ပြီး နိုင်ငံတော် ဝန်ကြီးချုပ် ပရာဗင် ဂျပ်နောသ့် Pravind Jugnauth နှင့် ကက်သလစ်ဆရာတော်ကြီးများမှ ကြိုဆိုခဲ့ကြပါသည်။

ဆက်လက်ပြီး ငြိမ်းချမ်းရေး၏ သခင်မ အထိမ်းအမှတ်နေရာသို့ ထွက်ခွာခဲ့ပြီး ဘာသာဝင်တစ််သိန်း ခန့်နှင့် အတူ မေစ္ဆားတရား ပူဇော်ခဲ့ပါသည်။

နေလည်ဆွမ်းဘုံဉ်းပေးအပြီး မှာတော့ ရဟန်းမင်းကြီးမှ ဆရာတော်ကြီးများနှင့်အတူ မောရေးရှ နိုင်ငံ၏ တမာန်တော်အဖြစ် တင်စားခေါ်ဆိုခံရသူ သူတော်စဉ် ဘုန်းတော်ကြီး လာဗဲလ် Laval အားမြုပ်နှံသဂြိုလ်ထားသော ဂူသင်္ချိုင်းတွင် သွားရောက်ဆုတောင်းခဲ့ပါသည်။

နောက်ဆုံး အစီအစဉ်အဖြစ် နိုင်ငံတော်အကြီးအကဲများ၊ အဖွဲ့အစည်း အသီးသီးမှကိုယ်စလှယ်တော်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ နှင့်တွေဆုံခဲ့ပါသည်။ ယင်းတွေ့ဆုံခြင်းအပြီးတွင် ရဟန်းမင်းကြီး မှ မာဒါဂါစကာနိုင်ငံ အင်တာနာရီဘို မြို့သို့ ပြန်သွားပြီး နောက်တစ်ရက် အဂါင်္ နေ့တွင် ရောမမြို့သို့ ပြန်လည်ကြွသွားမည်ဖြစ်ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2keiQru

 

 

Zawgyi

စက်တင်ဘာလ ၉၊ ၂၀၁၉


ဆက်လက်ပြီး ငြိမ်းချမ်းရေး၏ သခင်မ အထိမ်းအမှတ်နေရာသို့ ထွက်ခွာခဲ့ပြီး ဘာသာဝင်တစ်သိန်း ခန့်နှင့် အတူ မေစ္ဆားတရား ပူဇော်ခဲ့ပါသည်။


By Kyi Maung
Credit to Vatican News
https://bit.ly/2keiQru

Add new comment

14 + 0 =