ပုပ်ရဟန်းမင်းကြီး၏ လုပ်ဖော် ဆောင်ဖက်သည်ဥရုဂွေးနိုင်ငံအတွက်ဗာတီကန်၏သံ အမတ်သစ်ဖြစ်လာ

ပုပ်ရဟန်းမင်းကြီး၏ လုပ်ဖော် ဆောင်ဖက်သည်ဥရုဂွေးနိုင်ငံအတွက်ဗာတီကန်၏သံ အမတ်သစ်ဖြစ်လာ

ဥရုဂွေးနိုင်ငံအတွက်ဗာတီကန် ၏ သံအမတ်သစ်ဖြစ်လာသူ Uruguayan Guzmán Carriquiry မှာအရပ်သား ဘာသာသူတစ်ဦးအဖြစ် ဗာတီကန်၌အမြင့်ဆုံးရာထူးကိုနှစ်ပေါင်းများစွာထမ်းဆောင်ခဲ့သည်။ ထို့အတူလာတင်းအမေရိ ကားဒေသအတွက်ဖွဲ့စည်းထားသော ရဟန်းမင်းကြီးခွင့်ပြု ချက်ရကော်မရှင်၏ဒုဥက္က ဌလည်းဖြစ်သည်။

ဗာတီကန်၌အမူ ထမ်းခဲ့သော နှစ်ပေါင်း (၅၀) အတွင်း ရဟန်းမင်းကြီး (၅) ပါးနှင့်လက်တွဲအလုပ်လုပ်ခဲ့ဖူးသည်။ (၂၀၁၉) ခုနှစ်အရောက်၌ ထမ်း ဆောင်နေသောတာ၀န်မှအနားယူသွားခဲ့သည်။ သို့ သော်ယခုတစ်ကျော့ပြန်ဗာတီကန်၏အမူတော်ထမ်းရန်အ ကြောင်း တိုက်ဆိုင်လာပြန် သည်။ သူသည်ဥရုဂွေးနိုင်ငံမှဖြစ်ပြီး၊ ထိုနိုင်ငံအတွက်ဗာတီကန်၏သံအမတ်အဖြစ်ထမ်း ဆောင်ရန်တာ၀န်ပေးအပ်ခံရသည်။ ဤသို့ပေးအပ်လာသောတာ၀န်ကိုဘုရားသခင် ၏အစီအမံဆုတော်အဖြစ်လက် ခံ၍ထမ်းဆောင်သွား မည်ဖြစ် ကြောင်း၊ လာတင်းအမေရိကား သည်အလွန်အ ပြောကျယ်သောသာသနာနယ်ဖြစ်ပြီး၊ ဥရုဂွေးနိုင်ငံ ၏စိတ် ၀င်စားစရာများကိုဗာတီကန်သိအောင်စွမ်းဆောင်မည်။ ထို့ အတူဥရုဂွေးနိုင်ငံအားကမ္ဘာ့နိုင်ငံ (၁၀၀) ကျော်နှင့်ဆက် ဆံရေးတွင်ပိုမို ခိုင်မြဲစေရန်ကြိုးစားသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/35xmKA7

Add new comment

6 + 1 =