ပုပ်ရဟန်းမင်းကြီး၏ရုံးတော်ဆိုင်ရာဥပဒေစီစစ်ရေးကော်မ ရှင်၌အရပ်သားဘာသာတူတစ်ဦးကို ဦးဆုံးထည့်သွင်းခန့်အပ်

ပုပ်ရဟန်းမင်းကြီး၏ရုံးတော်ဆိုင်ရာဥပဒေစီစစ်ရေးကော်မ ရှင်၌အရပ်သားဘာသာတူတစ်ဦးကို ဦးဆုံးထည့်သွင်းခန့်အပ်

ပြီးခဲ့သည့်သောကြာနေ့ကပုပ် ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ရဟန်းမင်းကြီးရုံးတော်ဆိုင်ရာဥပဒေစီစစ်ရေးကော်မရှင်၌ အရပ်သားဘာ သာတူတစ်ဦးကိုဦးဆုံးခန့်အပ်ခဲ့ကြောင်း ဗာတီကန်၏ သ တင်းဌာနက ဇန္န၀ါရီလ (၈) ရက်နေ့ကတရား၀င် ကြေငြာခဲ့သည်။

သူ၏အမည်မှာ Vincenzo Buonomo ဖြစ်ပြီး၊ သူသည်ရောမမြို့၊ ရဟန်းမင်းကြီးအသိအမှတ်ပြုထားသော လေ တာရင်တက္ကသိုလ်ကြီး ၏ ကျောင်းအုပ်လည်းဖြစ်သည်။ သူသည်ယခင် ဆရာတော် Giorgio Corbellini ၏အရိုက်အရာကိုဆက်ခံခြင်းဖြစ်သည်။

ဆရာတော်သည် အဆိုပါအမူတော်ကို (၂၀၁၀) မှသည်ပျံ လွန်တော်မူသွားခဲ့သော (၂၀၁၉၊ နို၀င်ဘာလ၊ ၁၃) ရက်နေ့ထိတိုင်အမူတော်ထမ်းခဲ့သည်။ ဤကော်မရှင်ကို (၁၉၈၁) နှစ်ကဖွဲ့စည်းခဲ့ပြီး၊ ရုံးတော်၏အဓိက တာ၀န်မှာရုံးတော်အတွင်းအကျင့်ပျက်ခြစားမူများရှိပါက ဖော်ထုတ်စစ်ဆေးပြီး၊ အလုပ်တာ၀န်မှရပ်ဆိုင်းခြင်း၊ သို့မဟုတ် လုံး ၀ ထုတ်ပယ်လိုက်သည်အထိအရေးယူရန်ဖြစ်သည်။ ယခုတာ၀န်ပေးအပ်ခံရသူသည်အသက် (၅၉) နှစ်ပြည့်ပြီဖြစ်သည်။ သူသည်အပြည်ပြည်ဆိုင်ရာဥပဒေဘာသာရပ်ကိုသင်ကြားပေးသူဖြစ်ပြီး၊ ဗာတီကန်၏အကြံပေးအဖြစ်လည်း (၁၉၈၀) က တည်းကပင်ထမ်းဆောင်လာခဲ့သူဖြစ် သည်။ သူသည်ဗာတီကန်၏ အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Agostino Casaroli နှင့်လည်း (၁၉၇၉ မှ ၁၉၉၀) အထိလည်းကောင်း၊ ကာဒီနယ် Tarcisio Bertone နှင့်လည်းကောင်း (၂၀၀၆ မှ ၂၀၁၃) အထိအလုပ်တွဲလုပ်ခဲ့ဖူးသည်။ ‘Bertone’ ၏ အဆိုအမိန့်များစာအုပ်တစ် အုပ်ကိုလည်းထုတ်ဝေခဲ့ဖူး သည်။

ရဟန်းမင်းကြီးသည် ဥပဒေပညာရှင်အား ဗာတီကန်၏ အ ကြံပေးပုဂ္ဂိုလ်အဖြစ် (၂၀၁၄) ခုနှစ်ကခန့်အပ်ခဲ့ဖူးသည်။ နာ မည်ကောင်းရှိခဲ့သောကြောင့် အစဉ်အလာအရဘုန်းတော်ကြီးများကသာထမ်းဆောင်လေ့ရှိသောအမူတော်တစ်ခုကို (၂၀၁၈) ခုနှစ်တွင် ရဟန်း မင်းကြီးအသိအမှတ်ပြုထားသောလေတာရင်တက္ကသိုလ်ကျောင်းတော်ကြီး၏ ကျောင်း အုပ်အ ဖြစ်လည်းခန့်အပ်ခြင်းခံခဲ့ရသည်။ ဤကော်မရှင်ဥက္ကဌနှင့်အဖွဲ့၀င် (၆) ဦးကို (၅) နှစ်သက်တမ်းဖြင့်ရဟန်း မင်းကြီးမှခန့် အပ်လေ့ရှိသည်။ ဤကော်မရှင်၏ပထမဦးဆုံးဥက္ကဌမှာဗင်နီဇွဲလားနိုင်ငံမှကာဒီနယ်တစ်ပါးဖြစ်ခဲ့ပြီး၊ ထို့နောက်အီတလီ နိုင်ငံမှကာဒီနယ်နှစ်ပါးမှအဆက်ဆက်ဆက်ခံခဲ့သည်။ ထို့နောက်စပိန်ကာဒီနယ်တစ်ပါးကလည်း ကောင်း အသီးသီးထမ်း ဆောင်ခဲ့ကြသည်။

ယခုနှစ်စ ဇန္န၀ါရီလ (၈) နေ့တွင်နေ့၌လည်းအဖွဲ့၀င်အသစ်နှစ်ဦးကိုကြေငြာခဲ့ရာ မွန်ဆီညှော်တစ်ပါး နှင့်စပိန်မှအ ရပ်သားဘာသာတူတစ်ဦးတို့ဖြစ် ကြောင်းဗာတီကန်သတင်းဌာ နမှထုတ်ပြန်ကြေငြာခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Bohumil Petrik/CNA.

https://bit.ly/3sfQ6Nd

Add new comment

3 + 0 =