ပုပ်ရဟန်းမင်းကြီး၏တမန်တော်ခရီးစဉ်အတွက် မွန်းဂိုးလီးယားဘာသာတူများ စိတ်လှုပ်ရှားနေကြ

ပုပ်ရဟန်းမင်းကြီး၏တမန်တော်ခရီးစဉ်အတွက် မွန်းဂိုးလီးယားဘာသာတူများ စိတ်လှုပ်ရှားနေကြ

ရဟန်းမင်းကြီးသည်များမကြာမီရက်ပိုင်းအတွင်း အာရှတိုက်ရှိနိုင်ငံငယ်တစ်ခုသို့တမန်တော်ခရီးကြွ ရောက်ရန်အသင့်ဖြစ်နေပြီဖြစ်သည်။ ဤခရီးစဉ်ကိုကြိုတင်၍ အသိပေးထားခဲ့သည်မှာလည်းအတော်ကြာပြီဖြစ်သည်။ ဤရဟန်းမင်းကြီး၏ တမန်တော်ခရီးစဉ်စတင်မည့်အကြောင်းနှင့်နေ့ကိုမွန်ဂိုးလီးယားနိုင်ငံ၊ ကက်သလစ်သာသနာ၏တာ၀န်ခံအဖြစ်ရဟန်းမင်းကြီးခန့်အပ်ထားသော ကာဒီနယ် Giorgio Marengo က​ကြေငြာထားပြီးဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် မွန်ဂိုးလီးယားသို့ယခုလ (ဩဂုတ် ၃၁) ရက်နေ့၌တမန်တော်ခရီးကြွရောက်မည်ဖြစ်ပြီး စက်တင်ဘာလ (၄) ရက်နေ့အထိသီတင်းသုံးမည်ဖြစ်သည်။ မွန်းဂိုးလီးယားနိုင်ငံမှကက်သလစ်ဘာသာတူမိသားစုသည် ရဟန်းမင်းကြီးဖရန်စစ်၏ကြွရောက်လာခြင်းကိုစိတ်အားထက်သန်လှုပ်ရှားစွာဖြင့်မျှော်နေကြောင်း၊ ပြင်ဆင်မှုများကိုလည်းပြုလုပ်ထားပြီဖြစ်ကြောင်း၊ ရဟန်းမင်းကြီး၏ ယခု ကဲ့သို့ကြွရောက်ခြင်းသည် မွန်ဂိုးလီးယားနိုင်ငံမှကက်သလစ်ဘာသာတူများအား ၄င်းတို့သည်ကမ္ဘာတစ်၀ှမ်းရှိကက်သလစ်သာသနာတော်ကြီးနှင့်တစ်လုံးတစ်တည်းရှိကြောင်းကိုပိုမိုခံစားသွားစေမည်ဖြစ်ကြောင်း၊ ယခု ကြွရောက်မည့်တမန်တော်ခရီးစဉ်သည် လွန်စွာကြီးမားထူးခြားသောကောင်းချီးတော်တစ်ခုဖြစ်ကြောင်း၊ ရဟန်းမင်းကြီးသည်ကမ္ဘာပေါ်ရှိသိုးစုကြီးငယ်တို့ကိုဂရုစိုက်ကြောင်း၊ ထို့အတူမွန်ဂိုးလီးယားကက်သလစ်သိုးစုများအနေဖြင့်လွန်စွာသေးငယ်သော်လည်းမေ့မထား​ဟုခံစားရကြောင်း၊ ယခုကြွရောက်ခြင်းသည် သံ တမန်ရေးရာအရလည်းအခရကျကြောင်းဗာတီကန်သတင်းဌာနအားဖြေကြားခဲ့သည်။

မွန်ဂိုးလီးယားနိုင်ငံနှင့်ဗာတီကန်တို့၏ သံတမန် အဆက်အသွယ်ကိုပြန်လည်ခြေရာကောက်မည်ဆိုပါလျှင် (၁၃) ရာစုက ရဟန်းမင်းကြီး Innocent IV သည် ဖရန်စစ္စကင်သာသနာပြုဘုန်းတော်ကြီး John of Plano Carpini အားသူ၏ကိုယ်စားလှယ်အဖြစ် မွန်ဂိုးလီးယားနိုင်ငံ၏အုပ်ချုပ်သူများထံစေလွှတ်၍တွေ့ဆုံစေခဲ့ပြီး ဆက်ဆံရေးတိုးမြှင့်လုပ်ဆောင်ခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် တနင်္ဂနွေနေ့မွန်တည့် အန်ဂျေလူးမေတ္တာဆိုချိန်လည်း မွန်ဂိုးလီးယားသို့မကြာမီကြွရောက်မည့်တမန်တော်ခရီးအကြောင်းကိုလည်းထည့်သွင်းမိန့်ကြားခဲ့သည်။ ယခုခရီးစဉ် ၏ဦး တည်ချက်ကား ‘Hoping Together’ (အတူတကွမျှော်လင့်ကြမည်) ဟုဖြစ်သည်။

ယခုရဟန်းမင်းကြီးဖရန် စစ်၏မွန်ဂိုးလီးယားခရီးစဉ်သည် တမန်တော်ခရီးစဉ်နှင့်နိုင်ငံတော်မှဖိတ်ကြားသောခရီးစဉ်လည်းဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်က ယခုတမန်တော်ခရီးစဉ်ကိုလွန်စွာကြွရောက်လိုသောခရီးစဉ်အဖြစ်လည်းဖော် ကျူးထားသည်။

ယခုကဲ့သို့ကြွရောက်လိုခြင်းမှာ ကိုယ်ရေး ကိုယ်တာအကျိုးအမြတ်အတွက်လုံး၀ မဟုတ်။ လူ နည်းစုဖြစ်နေသောသိုးစုဖြစ်သော်လည်းရှင်သန်သက်၀င်နေသော ကြောင့်အားပေးလို၍သာဖြစ်သည်။

မွန်ဂိုး လီးယားနိုင်ငံ၏အစဉ်အလာအရလက္ခံယုံကြည်လာသောဘာသာရေးဓလေ့ထုံးတမ်းကိုလည်းလေ့လာသိရှိခွင့်ကြုံမည်ဖြစ်၍ ရဟန်းမင်းကြီးအတွက်မှာမူဂုဏ်ယူစရာ၊ စိတ်လှုပ်ရှားစရာနှင့်ဘာသာရေးနွယ်ယှက်ရင်းနှီးမှုကိုရရှိစေမည့်တမန်တော်ခရီး၊ နိုင်ငံတော်မှစီစဉ်သောခရီးဖြစ်ပေမည်ဟုမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/Tmwq

Add new comment

1 + 0 =