ပုပ်ရဟန်းမင်းကြီး၏ကျန်းမာရေးနှင့်ပတ်သက်သောအသေးစိတ်အချက်အလက်များကိုဂျာနယ်လစ်ကဖော်ပြ

ပုပ်ရဟန်းမင်းကြီး၏ကျန်းမာရေးနှင့်ပတ်သက်သောအသေးစိတ်အချက်အလက်များကိုဂျာနယ်လစ်ကဖော်ပြ

ပုပ်ရဟန်းမင်းကြီး၏ကျန်းမာရေးနှင့်ပတ်သက်သောအသေးစိတ်အချက်အလက်များကိုဂျာနယ်လစ်ကဖော်ပြ

အာဂျင်တီးနား ဆရာဝန်နှင့် သတင်းစာဆရာ နယ်လ်ဆင် ကတ်စထရိုသည် ပုပ်ရဟန်းမင်းကြီး လီယို XIII မှ စတင်ကာ 20 ရာစုမှ ပုပ်ရဟန်းမင်းများ၏ ကျန်းမာရေးကို သုတေသနပြုခဲ့သူဖြစ်သည်။

ကက်စထရိုသည် သူ၏စာအုပ် “The Health of the Popes” တွင် မျှဝေထားသည်။ ၎င်းတွင် ပုပ်ရဟန်းမင်းကြီး John Paul I ကွယ်လွန်ခြင်းကဲ့သို့ အငြင်းပွားစရာအကြောင်းအရာများကို ဖော်ပြထားခဲ့သည်။

နယ်လ်ဆင် ကက်စထရိုသည် တရားဝင်နှင့် တရားဝင်မဟုတ်သော မရေမတွက်နိုင်သော အရင်းအမြစ်များကို ဝင်ရောက်ကြည့်ရှုနိုင်ခဲ့သည်။ "John Paul I Vatican Foundation" ၏ ကျွမ်းကျင်ပညာရှင် ဒုတိယဥက္ကဋ္ဌ "Stefania Falasca" ကဲ့သို့သော ကျွမ်းကျင်သူများနှင့်လည်း စကားပြောဆိုခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ အကြံပြုချက်ဖြင့် ဤစာအုပ်ကို Nelson Castro က ရေးသားခဲ့သည်။ မကြာသေးမီက သူသည် ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ရဟန်းမင်းကြီးအား သူသည် ပထမတန်းပုံစံ ရှိသည်ဟု ဆိုသည်။ အမှန်မှာ ပုပ်ရဟန်းမင်းကြီးသည် ကျန်းမာရေးကန့်သတ်ချက်မရှိဘဲ နိုင်ငံတကာခရီးစဉ်တွေကို ဆက်လက်စီစဉ်နေသည်။

နယ်လ်ဆင် ကတ်စထရိုက ၊ "ပုပ်ရဟန်းမင်းကြီး၏ကျန်းမာရေး" အကြောင်းပြောဆိုရာမှာ
“ခွဲစိတ်မှုအပြီးမှာ သူအရမ်းနေကောင်းနေတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူးလို့ ကျွန်တော်တို့ကို ပြောခဲ့ပါတယ်။ သူ့ဆရာဝန်ရဲ့ အကြံပေးချက်အားလုံးကို လိုက်နာပြီး ပျော်ပါတယ်။ သူက လုံးဝကို ပုံမှန်ဘဝနဲ့ နေရတာ။”

စာနယ်ဇင်းသမားသည် ပုပ်ရဟန်းမင်းကြီးအား ပုပ်ရဟန်းမင်းရာထူးတက်စဉ်ကာလအတွင်း တရားဝင်အခမ်းအနားများစွာတက်ရောက်ခြင်းကို အဟန့်အတားဖြစ်စေသည့် တားမြစ်ခံရသော တင်ပါးရိုးအာရုံကြောကိုက်ခဲနာကျင်မှု အကြောင်းကိုလည်း ပြောဆိုခဲ့သည်။

“အထူးကုဆရာဝန်မှတစ်ဆင့် ကုသမှုခံယူနေတဲ့အတွက် အခြေအနေက ပိုကောင်းလာတယ်လို့ သူက ကျွန်တော်တို့ကို ပြောပါတယ်။ ပြီးတော့ ဒါက သူ့ကို လမ်းလျှောက် ရင် ပိုမိုကောင်းမွန်အောင် ကူညီပေးတယ်။” ဟူ၍ မှတ်တမ်းတင်ရေးသားဖော်ပြထားသည်။

ပုပ်ရဟန်းမင်းကြီးသည် ဒီဇင်ဘာလတွင် အသက် ၈၅ နှစ်ပြည့်မည်ဖြစ်ပြီး အရှိန်လျှော့မည့် အရိပ်အယောင်များ မပြဟုလည်းဆိုပါသည်။
 

ဘာသာပြန်-စစ္စတာရ်လူစီကျဲန်၊ SJA

https://bit.ly/3CoSxAO

 

Add new comment

2 + 3 =