ပုပ်ရဟန်းမင်းကြီး၏ကိုဗစ် (၁၉) နှင့်ပတ်သက်၍ကမ္ဘာသို့ပန်ကြားသောမိန့်ခွန်းကိုသဲပန်းပုဖြင့် ထုဆစ်ပုံဖော်

ပုပ်ရဟန်းမင်းကြီး၏ကိုဗစ် (၁၉) နှင့်ပတ်သက်၍ကမ္ဘာသို့ပန်ကြားသောမိန့်ခွန်းကိုသဲပန်းပုဖြင့် ထုဆစ်ပုံဖော်

ပုပ်ရဟန်းမင်းကြီး၏ကိုဗစ် (၁၉) နှင့်ပတ်သက်၍ကမ္ဘာသို့ပန်ကြားသောမိန့်ခွန်းကိုသဲပန်းပုဖြင့် ထုဆစ်ပုံဖော်

ဗီယက်နမ်မြောက်ပိုင်း၊ Nam Dinh မှလူငယ်သုံးဦးသည် အလွန်လက်ရာမြောက်သောသံပန်းပု ကို Nghia Hung ခရိုင်ရှိပင်လယ်ကမ်း ခြေတွင်ထုလုပ်ခဲ့သည်။ ထိုသဲပန်းပုမှာရဟန်းမင်းကြီးမှပြီးခဲ့သော မတ်လ (၂၇) ရက်နေ့ကကိုဗစ် (၁၉) နှင့်ပတ်သက်သောသတင်းစကားကိုပုံ ဖော်ထုဆစ်ထားသည်။

ရဟန်းမင်းကြီးသည်အဆိုပါသတင်းစကားကိုလူခြေတိတ်နေသောစိန့်ပီတာဘုရားကျောင်းရင်ပြင်တွင်မိန့်ကြားခဲ့သည်။ ထိုသတင်းစကားပါ စဉ်ဘေး၌စိုက်ထူထားသောခရူးစူးကားတိုင်တော်မှာ (၁၆) ရာစုခရူးစူးကားတိုင်တော်ဖြစ်သည်။ ဤခရူးစူးကားတိုင်ကိုအ ခမ်းအနားအတွက်စိန့်မာချယ်လီးနိုဘုရား ကျောင်းမှပင့်လာခြင်းဖြစ်သည်။

ဤခရူးစူးကားတိုင်ဌာပနာထားသောဘုရားကျောင်းကြီးမီးသင့်၍ပြာ ကျသွားခဲ့သော်လည်းခရူးစူး မှာမူထူးဆန်းစွာဖြင့်မီး မလောင် ကျွမ်းခဲ့ပေ။ ဤသို့ထူခြားစွာမီးဘေးမှလွှတ်မြောက်ခဲ့သောကြောင့် (၁၅၂၂) တွင်ရောမမြို့သည်ပလိပ်ရောဂါကူးစက်ခံခဲ့သည်။ ထိုရောဂါကင်း ဝေးပပျောက်ရန်ရည်ရွယ်၍ အဆိုပါခရူးစူးကိုစိန့်မာချယ်လိုဘုရားကျောင်းမှစိန့်ပီတာဘုရားကျောင်းကြီးဆီသို့စီတန်းလှည့်လည်ပြီးပင်ချီလာ ခဲ့ဖူးသည်။

မတ်လ (၂၇) ရက်နေ့၏မြင်ကွင်းကိုဗီယက်နမ်လူငယ်သုံးဦးကအလျား၊ အနံ (၄ ပေ၊ ၅ ပေ) ရှိ သောသဲပန်းပုရုပ်ကိုထုလုပ်ခဲ့ကြသည်။ ထိုမြင်ကွင်း၌ရဟန်း မင်းကြီးကခရူးစူးတိုင်တော်ကိုစူးစိုက်ကြည့် ပြီး၊ တိတ်ဆိတ်စွာဆုတောင်းသည့်ပုံဖြစ်သည်။ ထိုလူငယ်သုံးဦးမှာ Lai Trinh၊ Nguyen son နှင့် Tran Nhat တို့ဖြစ်ပြီး၊ Lai Trinh မှာသစ်သားပန်းပုဆရာဖြစ်သည်။ ၄င်းတို့သည်ဤသဲပန်းပုရုပ်ထုလုပ်ရန် သုံးနာရီကြာခဲ့ သည်။ ဤသို့ထုလုပ်ရန်အခြားမည်သည့်ထူးခြားသောအကူပစွည်းများမယူခဲ့ပေ။

ဤစိတ်ကူးနှင့်ပတ်သက်၍သတင်းဌာနတစ်ခုအားဖြေကြားရာတွင်၄င်းတို့သုံးဦးလုံးသည်ပန်းပု ပညာကိုအလွန်ခုံမင်သောကြောင့်ဤပုံ ကိုထုလုပ်ကာ ဆုတောင်းနေသောရဟန်း မင်းကြီး ဟုအမည်ပေး ခဲ့ကြောင်း၊ ၄င်းတို့သည်ကက်သလစ်ဘာသာ ၀င်များဖြစ်၍ ယုံကြည်ခြင်းကို လည်းဖော်ပြလိုကြောင်း၊ ထို့ အတူရဟန်းမင်းကြီးတိုက်တွန်းနိုးဆော်သကဲ့သို့ ဤကိုဗစ် (၁၉) ရောဂါကပ်ဆိုးကြီးအားတွန်းလှန်ရာ တွင်အားလုံး ပူးပေါင်းပါ၀င်စေလိုသောကြောင်း၊ ရဟန်းမင်းကြီး၏ပုံတော်ကိုထည့်သွင်းရခြင်းမှာကမ္ဘာ ကြီးအနေဖြင့်ကိုဗစ် (၁၉) ၏ဘေးရန်အမြန်ဆုံးကင်း ဝေးစေရန်ဖြစ်ကြောင်း၊ သစ်သားဖြင့်ပန်းပုထု လုပ်ခြင်းသည်၄င်းတို့၏နေ့စဉ်အလုပ်ဖြစ်သော်လည်း၊ သဲဖြင့်သာထုလုပ်ခြင်းသည်လက်တွေ့ ၌မလုပ်ဖူး သေးဘဲစိတ်ကူးသာရှိခဲ့သည်။

လူငယ်သုံးဦးအနက်တစ်ဦးဖြစ်သော Nguyen Son ကမတ်လ (၂၇) ရက်နေ့ညကရဟန်းမင်းကြီး နှင့်အတအွန်လိုင်းမှထုတ်လွှင့်သည့် အခမ်းအနားကိုကြည်ညိုခြင်းကြီးစွာဖြင့်ဆုတောင်းခြင်းနှင့်ရဟန်းမင်းကြီး၏ကောင်းကြီးကိုပါ၀င်ခံယူခဲ့ကြောင်း၊ Lai Trinh အနေဖြင့်သဲပန်း ပု ရုပ်ထုပြုလုပ် သည်မှာပထမ ဆုံးအကြိမ်မဟုတ်။ အစောပိုင်းက (၅) မီတာခန့်မြင့်သောရဟန်းမင်းကြီး၏သဲဆင်းတုကို Nam Dinh ကမ်းခြေ တွင်ထုလုပ်ခဲ့ဖူးကြောင်း၊ ရဟန်းမင်းကြီးဆုတောင်းနေသည့်သဲပန်းပုရုပ်တုကိုမူ မေလ (၁) ရက်နေ့ကထုလုပ်ခဲ့သည်။ ဤဆင်းတုကိုလူ ပေါင်း ထောင်သောင်းမကကမ်းခြေသို့လာရောက်ကြည်ရူခဲ့ ကြသည်။

ဗီယက်နမ်နိုင်ငံ၌ ဧပြီ (၃၀) သည်တောင်မြောက်ပေါင်းစည်းသည့်သမိုင်း၀င်နေ့ဖြစ်၍ တစ်နိုင်ငံ လုံးအားလပ်ရက်ဖြစ်သည်။ ထို့အတူမေ (၁) ရက်သည်လည်းကမ္ဘာ့အလုပ်သမားနေ့ဖြစ်ပြန်သည်။

ရဟန်းမင်းကြီးဤခရူးစူး ကားတိုင်ပင့်၍ဆုတောင်းသောအချိန်သည် လည်းအီတလီ နိုင်ငံအနေဖြင့်ကိုဗစ် (၁၉) ဖြစ်ပွားသောတ ရုတ်နိုင်ငံ၌ရောဂါကြောင့်သေဆုံးသောဦးရေထက်ပင်ကျော်လွန်နေချိန်ဖြစ်သည်။ ရဟန်းမင်းကြီး သည် မတ်လ (၂၇) ရက်နေ့၌ကမ္ဘာကြီးကရင်ဆိုင်ကြုံတွေ့နေရသောကပ်ဘေးကြီးအကြောင်းကိုထောက်ရူခဲ့ သည်။ ထိုဆုတောင်းခြင်းအခမ်းအ နားတွင်ကိုယ်တော်မြတ်စက္ကရာမင်းတူကိုလည်းပင့်၍ကိုးကွယ်ခြင်း ကိုလည်းပြုလုပ်ခဲ့သည်။ ၄င်းနောက်ရောဂါကပ်ဆိုးကြီးကာလ၌ပေးလေ့ ရှိသောသူ၏ကောင်းကြီးကို ကမ္ဘာတစ်ဝှမ်းသို့ပေးခဲ့ပြီး၊ ဤကောင်းကြီးကိုတိုက်ရိုက်ပါ၀င်သူများသည်အပြစ်ခွင့်လွှတ်ခြင်းကောင်း ကြီးကို လည်းကြေငြာခဲ့သည်။

ဘာသာပြန်ဆိုသူ - ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3fxAmP8

Add new comment

10 + 2 =