ပုပ်ရဟန်းမင်းကြီးအား ကင် ပွန်းတပ်ခဲ့သောနေ့ကိုအမှတ် ရသောအားဖြင့် ရောမမြို့ရှိနွမ်းပါးသူများအား ကိုးဗစ် (၁၉) ကာကွယ်ဆေးထိုးနှံပေး

ပုပ်ရဟန်းမင်းကြီးအား ကင် ပွန်းတပ်ခဲ့သောနေ့ကိုအမှတ် ရသောအားဖြင့် ရောမမြို့ရှိနွမ်းပါးသူများအား ကိုးဗစ် (၁၉) ကာကွယ်ဆေးထိုးနှံပေး

ပုပ်ရဟန်းမင်းကြီးအား ကင် ပွန်းတပ်ခဲ့သောနေ့ကိုအမှတ် ရသောအားဖြင့် ရောမမြို့ရှိနွမ်းပါးသူများအား ကိုးဗစ် (၁၉) ကာကွယ်ဆေးထိုးနှံပေး

ရဟန်းမင်းကြီး၏ ကရုဏာလုပ်ငန်းကိုစီမံကွပ်ကဲသောရုံးတော်မှ ကြာသပတေးနေ့က ကြေညာချက်တစ်ခုကိုထုတ် ပြန်ခဲ့သည်။ ထိုကြေညာချက်ကား ဧပြီလ (၂၃) ရက်နေ့နှင့်ဆက်နွယ်နေပါသည်။ ဧပြီလ (၂၃) ရက်၌ အမိကက်သလစ်သာ သနာတော်ကြီးသည် နှစ် စဉ် စိန့်ဂျော့၏ပွဲနေ့ကိုအမှတ် ရကျင်းပသည်။ ပုပ်ရဟန်း မင်းကြီး၏ဆေးကြောခြင်းအမည်မှာလည်း ‘ဂျော့’ ဖြစ်ရာ ကင်ပွန်းတပ်သည့်နေ့ဖြစ် သည်။ ထိုနေ့အားဂုဏ်ပြုသောအားဖြင့် ရောမမြို့အ တွင်းရှိ နွမ်းပါးချို့တဲ့သူများ၊ အိမ်ရာမဲ့သူ အယောက် (၆၀၀) ခန့်အား ကိုးဗစ် (၁၉) ကာ ကွယ်ဆေးကိုထိုးနှံပေးခဲ့သည်။

ထိုအစီအစဉ်၌ ပါ၀င်သူများသည် ရဟန်းမင်းကြီးပေါလ် (၆) ၏ခန်းမဆီသို့ လာရောက်ထိုးနှံကြမည်ဖြစ်သည်။ ၄င်း တို့အားထိုးနှံပေးမည့် ကာ ကွယ်ဆေးအမျိုးအစားမှာ အမေရိကန်ထုတ် Pfizer-BioNTech အမျိုးအစားဖြစ်သည်။ ရဟန်း မင်း ကြီးနှင့်ဗာတီကန်၀န်ထမ်းများအားလုံးလည်း ဤကာ ကွယ်ဆေးအမျိုးအစားကိုသာထိုးနှံထားသည်။ နွမ်းပါးချို့တဲ့များ နှင့်အိမ်ရာမဲ့များအား ကာကွယ်ဆေးထိုးသည့်အစီ အစဉ်ကို သန့်ရှင်းသောရက် သတ္တပတ်က စတင်ခဲ့သည်။ ရဟန်းမင်းကြီး ၏ ကရုဏာရေးရုံးတော်တာ၀န်ခံ ကာဒီနယ် Konrad Krajewski က ရဟန်းမင်းကြီးသည် ဧဝံဂေလိစံတရားတော်နှင့်အညီ လက် ခံရန်ထက် ပေးကမ်းရန်ဆုံး ဖြတ်ထားသည်။ ရဟန်းမင်း ကြီးသည် (၂၀၂၀) ခုနှစ်ကစ၍ ကိုးဗစ် (၁၉) ကူးစက်ခံစား နေရသောလူနာများအတွက်ရည်စူး၍ ရိုမေးနီးယားနိုင်ငံသို့ အသက်ရူက်များလှူဒါန်းခဲ့သည်။

ဗာတီကန်၏ ချို့တဲ့နွမ်းပါးသူများအား ကိုးဗစ် (၁၉) ကာကွယ်ဆေးထိုးနှံ့ခြင်း လှုပ်ဆော်မူသည် (၂၀၂၁) ဇန်န၀ါ ရီလမှစတင်ခဲ့သည်။ ပထမဦးဆုံး ထိုးနှံခံသူများမှာ အ သက် (၆၀) အထက် အမျိုး သား၊ အမျိုးသမီးများနှင့်ရော ဂါကိုဆိုးရွား စွာခံစားနေရသူများနှင့်အီတလီနိုင်ငံ၏ ကျန်းမာရေးစောင့်ပေးသည့်စနစ်နှင့်အံ့မ၀င်သောအခြေ အနေရှိနေသည့်သူများပါ ၀င်သည်။ လက်ရှိထိုးနှံကြသူများမှာ ဒုတိယအကြိမ်ဖြစ်သည်။ ဒုတိယအကြိမ်ထိုးနှံပြီးသူစုစုပေါင်း (၁၄၀၀) ၀န်းကျင်ရှိပြီ ဖြစ်သည်။ ဤအုပ်စု၌ ကရု ဏာရေးသာသနာပြုသီလရှင်အသင်း (မာသာရ်ထရေးဇာ ၏သီလရှင်များ)၊ စိန့်အီဂျီးဒီအိုအသင်း နှင့် “Medicina Solidale” အဖွဲ့တို့မှစောင့် ရှောက်ထားသူများလည်းပါကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/32KHS3W

Add new comment

11 + 4 =