ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်မှ အာဗီလာမြို့မှ "စိန့် ထရေဇား" အား အသင်းတော်၏ ဓမ္မသုခမိန်ဘွဲ့နာမကို အပ်နှင်း

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်မှ အာဗီလာမြို့မှ "စိန့် ထရေဇား" အား အသင်းတော်၏ ဓမ္မသုခမိန်ဘွဲ့နာမကို အပ်နှင်း

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်မှ အာဗီလာမြို့မှ "စိန့် ထရေဇား" အား အသင်းတော်၏ ဓမ္မသုခမိန်ဘွဲ့နာမကို အပ်နှင်း

ပုပ်ရဟန်းမင်းကြီးအရှင်သူမြတ်မှ အာဗီလာမြို့မှ "စိန့် ထရေဇား" အား အသင်းတော်၏ ဓမ္မသုခမိန်ဘွဲ့နာမကို အပ်နှင်းသည့် နှစ်၅၀ပြည့်အထိမ်းအမှတ်ကို ကျင်းပသည့်အနေဖြင့် ရဟန်းမင်းကြီးအရှင်သူမြတ်က "စိန့်ထရေဇားသည် အသင်းတော်နှင့် အဖွဲ့အစည်းများကြားတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍကို မီးမောင်းထိုးပြခြင်းသည် ယနေ့၌ပင် သူမသည် အလွန်အရေးပါကြောင်း" လေးလေးနက်နက်မိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီး ဖရန့်စစ်သည် အဗီလာ မြို့ရှိ ဂိုဏ်းချုပ်ဆရာတော်ကြီး "ဂီးလ် တမာယို (Gil Tamayo of Ávila)" အားပေးပို့သည့်စာ၌ စိန့် ထရေဇားသည် အသင်းတော်တွင် ဓမ္မသုခမိန်ဘွဲ့နာမကို ရရှိခဲ့သော ပထမဦးဆုံး‌သော အမျိုးသမီးဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် က မိန့်ကြားခဲ့သည်။

၎င်းဘွဲ့နာမသည် "ဘုရားရှင်မှ ကျွန်ုပ်တို့ လူသားများထံသို့ သူမ၏ စာပေအရေးအသားနှင့် နေထိုင်ပုံဘဝကျင့်စဉ်တို့ဖြင့် ပုံသက်သေပြခြင်းမှတစ်ဆင့် ‌သွန်သင်သည့် အဖိုးထိုက်လှသော သွန်သင်ဟောပြောချက်ဖြစ်ကြောင်း" ရဟန်းမင်းကြီး အရှင်သူမြတ်က မိန့်ကြားခဲ့ပါသည်။ လွန်ခဲ့သည့် နှစ်ငါးဆယ်ကာလ၊ ၁၉၇၀ခုနှစ်စက်တင်ဘာလ -၂၇ရက်နေ့က ပုပ်ရဟန်းမင်းကြီး စိန့် ပေါ်လ် ၆ သည် စိန့် ထရေဌားပား သယအသင်းတော်၏ ဓမ္မသုခမိန်ဘွဲ့နာမကို အပ်နှင်းခဲ့သည်။

အာဗီလာမြို့ရှိ ကက်သလစ် တက္ကသိုလ်ကြီးသည်လည်း ဤထူးခြားသောစပိန်အမျိုးသမီးအား အပ်နှံသည့် တက္ကသိုလ်ကျောင်းတော်ကြီး ဖြစ်သဖြင့် ပုပ်ရဟန်းမင်းကြီး ပေါလ် -၆ ကိုယ်တိုင် ပေးအပ်သည့် "ထူးခြားသော အမျိုးသမီး" ခေါင်းစဉ်အောက်၌ သမိုင်းဝင် အထိမ်းအမှတ်နေ့ကို နိုင်ငံတကာ ညီလာခံနှင့် ကျင်းပခဲ့ရာ၊ ဧပြီ ၁၅ရက်နေ့ထိ ကျင်းပခဲ့ကြ သည်။ "ရဲဝံ့သော သက်သေခံခြင်းသည်် နံရံများကို ထိုးဖောက်နိုင်ခဲ့သည်။" စိန့် ထရေဇားသည် ၁၅၁၅ ခုနှစ်တွင် မွေးဖွားသန့်စင်ခဲ့ပြီး ၁၅၈၂ခုနှစ်တွင် ကွယ်လွန်သွားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က သူ၏စာမူထဲတွင် စိန့် ထရေဇား၏ ကွယ်လွန်ခြင်းသည် ထောင်စုနှစ်၊ တစ်ဝက် နီးပါရှိခဲ့သော်လည်း သူမ၌ ယေဇူးသခင် ထွန်းညှိပေးခဲ့သော အလင်းသည် ဤလောက၌ ဆက်လက်ထွန်းတောက်နေပြီး၊ သဘာဝမြေမျက်နှာပြင်နှင့်ဖြစ်စေ၊ လူ့သဘာဝနှင်ဆိုင်သည့်အရာဖြစ်စေ၊ လူယဉ်ကျေးနှင့်ဆိုင်သည့်အရာဖြစ်စေ မည်သည့် တိုင်းနံရံကိုမဆို ထိုးဖောက်နိုင်သော ရဲဝံ့သော သက်သေခံခြင်းကို အစဉ်အမြဲ လိုအပ်လျက်ရှိ‌နေသည်။ ဆက်လက်၍ ရဟန်မင်းကြီးက စိန့်ထရေဇား၏ ဉာဏ်ရည်ထက်မြတ်မှုနှင့် ဇွဲ့လုံ့လဝီရိယ ရှိမှုကို ဖော်ကျူးရာတွင် "သူမ၏ လုပ်ငန်း၌ ချဉ်းကပ်‌သူတိုင်းကို လှပသော ဝိညာဉ်ရေးရာ မိခင်မေတ္တာနှင့် နူးညံ့သိမ်မွေ့ခြင်းများကို ပြသပေးခဲ့သည်။" ဟူ၍ မြွက်ကြားခဲ့သည်။

အသင်းတော်၏ သမိုင်းနှင့် အဖွဲ့အစည်းများတွင် အမျိုးသမီးများ၏ ပါဝင်မှု၌ သူမသည် ထူးခြားသောအခန်းကဏ္ဍသည် စံနမူနာယူစရာဖြစ်ခဲ့သည်။ "စင်ကြယ်ခြင်းကို ရှာဖွေသူမျအတွက် သတင်းစကား" စိန့် ထရေဇားသည် ယနေ့ထက်ထိ ကျွန်ုပ်တို့အား စကားပြောနေသည်။ သူမရေးသားခဲ့သော စာများအတွက် ကျေးဇူးတင်ပါသည်။ သူမ၏ သတင်းစကားနှင့် စံနမူနာများသည် လူတိုင်းအတွက်ဖြသ်ပြီး၊ သူတော်စင်ဘောင်သို့ ခေါ်တော်မူခြင်းရှိကြောင်း ခံစားရသူတိုင်းအတွက်သာမက ကျွန်ုပ်တို့အား ဘုရားရှင်ထံသို့ ပို့‌ဆောင်ပေးသည့် သန့်ရှင်းစင်ကြယ်ခြင်း လမ်းကြောင်းသို့ သွားရန် ဆန္ဒရှိ‌သူများအတွက်လည်း ဖြစ်သည်။ "သူမကို ကျွန်ုပ်တို့အား အဖော်ပြုပေးသည့် သူငယ်ချင်းနှင့် လောက၌ ဘုရားကို ရှာဖွေခြင်း ၌ လမ်းညွှန်ပေးသူအဖြစ် ပိုင်ဆိုင်ရခြင်းသည် ငြိမ်သက်ခြင်းနှင့် လုံခြုံခြင်းကို အထူး ရရှိခြင်းဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် သူ၏ သတင်းစကားကို နိဂုံးချုပ်သည့်အနေဖြင့် စိန့် ဂျိုးဇက်အပေါ် ထားရှိသော စိန့် ထရေဇား၏ သဒ္ဓါကြည်ညိုခြင်းနှင့် ယုံကြည်သူများအား စိန့် ထရေဇား၏ သွန်သင်ချက်များနှင့် သတင်းစကားများကို လေးနက်စွာ ဆက်လက် ထောက်ရှုကြရန် မှာကြားခဲ့ပါသည်။

 

ဘာသာပြန်-စစ္စတာရ်လူစီကျဲန် SJA

https://bit.ly/32jeCB3

Add new comment

6 + 0 =