ပုပ်ရဟန်းမင်းကြီးအတွက် ကလေးများရေးထားသည့် ဆုတောင်း ကဒ် လေးများကို အမေရိကားမှ ရဟန်းတစ်ပါး ယူဆောင်လာပေး

ပုပ်ရဟန်းမင်းကြီးအတွက် ကလေးများရေးထားသည့် ဆုတောင်း ကဒ် လေးများကို အမေရိကားမှ ရဟန်းတစ်ပါး ယူဆောင်လာပေး

ပုပ်ရဟန်းမင်းကြီးအတွက် ကလေးများရေးထားသည့် ဆုတောင်း ကဒ် လေးများကို အမေရိကားမှ ရဟန်းတစ်ပါး ယူဆောင်လာပေး

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ လူထုပရိတ်သတ်နှင့် တွေ့ဆုံပွဲမှာ ဘုန်းတော်ကြီး အဖွဲ့တစ်ဖွဲ့က ကနေဒါအလံကို ဝှေ့ယမ်းပြနေတာကို မြင်တွေ့ခဲ့ရပေမဲ့လည်း သူတို့အားလုံးဟာ ကနေဒါမှ လာကြတဲ့ ဘုန်းတော်ကြီးတွေတော့မဟုတ်ကြပါဘူး။

ဒီထဲမှာ Fr. Jeremiah Boland နှင့် Fr. Shaun Haggerty ကတော့ အမေရိကန် နိုင်ငံ မှဖြစ် ပြီး သူတို့တွေဟာ သီအိုလော်ဂျီပညာရပ်တွေကို ဆက်လက်သင်ယူရန် အတွက် ရောမမြို့ကို ရောက်ရှိလာသူများ ဖြစ်ကြပါတယ်။

"ဒီနေ့ စိန့်ပီတာ အုတ်ဂူမှာ မစ္ဆားတရားတော်မြတ်ကို ကျင်းပပြီးတော့ အရှင်သူမြတ်ကို တွေ့ခွင့်ရခဲ့တယ်" လို့ Fr Boland က ပြောဆိုခဲ့ပြီး Fr. Haggerty က သူ South Dakota၊ Sioux Falls မှာ အလုပ်လုပ်နေတဲ့ ကက်သလစ် ကျောင်းမှ ကလေးငယ်များ ရေးသားထားတဲ့ ဆုတောင်းကဒ်တွေ ကို လူထုပရိတ်သတ် တွေ့ဆုံပွဲမှာ ပုပ်ဖရန်စစ်အား လက်ဆောင်အဖြစ် ပေးရန်ယူဆောင်လာခဲ့ကြောင်း

"ရဟန်းတစ်ပါး အနေဖြင့် ကျွန်ုပ်ဟာအမြဲတမ်း အလုပ်တွေများပြီး လုပ်ဆောင်စရာတာဝန်များစွာလည်းရှိနေတယ်။၊ ဒါကြောင့် ဒီနေ့လူအများက အရှင်သူမြတ်အတွက် ဆုတောင်းနေကြတာကို သိရခြင်းဟာ အရမ်းကို အထောက်အကူဖြစ်စေပြီး အရှင်သူ မြတ်အတွက် ကျွန်ုပ်တို့လည်း ဆုတောင်း ပေးနေကြောင်းကို သိစေလိုပါတယ်။ ဘာကြောင့် လဲဆိုတော့ အရှင်သူမြတ်ရဲ့ သာ့သနာ့ဉီးသျှောင် တာဝန် ကခက်ခဲတဲ့ တာဝန်ဖြစ် ပြီး အရှင်သူမြတ်ဟာ တစ်ယောက်တည်းမဟုတ်ပဲ သခင် ယေဇူးဟာ သူနှင့်အတူရှိတော်မူတယ်" ဆိုပြီး Fr. Haggerty က ဆိုပါတယ်

အသင်းတော်၏ ကွဲပြားမှုကို ထောက်ပြပြီးလူထုပရိတ်သတ် တွေ့ဆုံပွဲမှာ ရှိနေစဉ် တရားတော်များကို ဘာသာစကားများစွာဖြင့် ပြန်ဆိုထားသည့် ပုပ်ရဟန်းမင်းကြီး၏ တရားတော်များကို ကြားလိုက်ရခြင်းကြောင့်
အတွေးနက်နဲသွားမိကြောင်း Fr Boland မှ ပြောကြားခဲ့ပြီး ဘာသာစကားပြန်ခြင်းအားဖြင့် အသင်းတော်ဟာ ကွဲ ပြားခြားနာမှုနဲ့ ဖွဲ့စည်းထားတာကို သတိရ စေတယ်လို့ဆိုပါတယ်။

"အသင်းတော်ဟာ အားလုံးနဲ့ သက်ဆိုင်တဲ့အသင်းတော်ဖြစ်ပါတယ်။ မျော်လင့်ချက်ကြီးစွာနဲ့ အသစ်တဖန် ခွန်အားပြန်ဖြည့်ပြီးဒီကို ပြန်လာမယ်။ တခါတရံမှာ တနေရာထဲမှာကို အာရုံစိုက်နေတတ်တယ်။ ရောမမြို့ကိုလာခြင်းအားဖြင့် လှပစေတဲ့အရာတခုက သင်ဟာ ကမ္ဘာလောကကြီးမှာ ကောင်း တဲ့အရာမှာ ပါဝင်လုပ်ဆောင်နေကြောင်းကို သတိမူစေတယ်" လို့လည်း Fr. Boland က ဆိုပါတယ်။

ဘယ်ကိုပဲ ပြန်သွားသည်ဖြစ်စေ ရောမမြို့ရဲ့ စိတ်ဓာတ် နဲ့ပုပ်ရဟန်းမင်းကြီးရဲ့ ကောင်းချီးတွေကို သူတို့ရဲ့ အဖွဲ့အစည်းတွေဆီကိုယူဆောင်သွားမယ်လို့လည်းဆိုပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/346yyLV

Add new comment

11 + 7 =