ပုပ်ရဟန်းမင်းကြီးအကြံပေးသည့် ဒီခရစ္စမတ်ကာလကို အသုံးပြုရန် အချက်လေးချက် ပေးမျှဝေခြင်း

ပုပ်ရဟန်းမင်းကြီးအကြံပေးသည့် ဒီခရစ္စမတ်ကာလကို အသုံးပြုရန် အချက်လေးချက် ပေးမျှဝေခြင်း

ခရစ္စမတ်ကာလသည် အသင်းတော်အတွက် ‌ပျော်ရွှင်ရသည့် ကာလဖြစ်သည်။ ဤနှစ်မှာမူ မကြုံစဖူး အခက်အခဲများရှိ သော်ငြားလည်း မဖယ်ရှားသင့်ပါဘူး။

တိတ်ဆိတ်စွာ ထောက်ရှုခြင်း

ပုပ်ရဟန်:မင်းကြီးအရှင်သူမြတ်သည် ခရစ္စမတ်အချိန်တွင် ဘုရားရှင်သည် လောက သားများအား အံ့ဩစေခဲ့သည်။ ‌သခင်ယေဇူး၏ မိဘနှစ်ပါးအား ဇိမ်ခံပစ္စည်းများကို မပေးခဲ့ပေ။ ၎င်းအစား မိသားစုအား အီဂျစ်ပြည်သို့ ထွက်းပြေးစေခဲ့သည်။ ထိုအကြောင်းကြောင့် ပုပ်ရဟန်း မင်းကြီး သည် ယုံကြည်သူ များအား ပထမဦးဆုံးသော ခရစ္စမတ်ညကို တိတ်ဆိတ်စွာထောက်ရှု‌ကြရန် ဖိတ်ခေါ်ခဲ့သည်။

မိမိကိုယ်ကိုလည်း အံ့ဩစေခြင်း

ပထမဦးဆုံးသော ခရစ္စမတ်ညကို ထောက်ရှုခြင်းသည် မေရီနှင့် ဂျိုးဇက်တို့ကဲ့သို့ အသက်တာ၌ဘုရားရှင်စီမံထားသော ပြောင်းလဲမှုများကို လက်ခံနိုင်သော စွမ်းရည်ကို ရှာဖွေတွေ့ရှိစေသည်။ ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က ထိုလက်ခံခြင်းသဘောတရားကို အတု ယူကျင့်ကြံကြရန် အကြံပြုခဲ့သည်။

ဒီဇင်ဘာလ ၁၉၊ ၂၀၁၈ ပုပ် ရဟန်းမင်းကြီး အရှင်သူမြတ်က “အယောက်စီတိုင်းသည် မိမိကိုယ်ကိုယ် အံ့ဩစေသည့် အရည်အချင်းများ ကိုယ်စီ ကိုယ်စီ၌ ရှိကြသည်။ ဤခရစ္စ မတ်ကာလ၌ သခင်ယေဇူးအားဖြင့် မိမိကိုယ်ကိုယ် အံ့ဩ စေကြပါစို့။ ကျေ:ဇူတင်ပါသည်။"

မျှော်လင့်ရသည့်အချိန်

ခရစ္စမတ်နေ့တွင်ကျင်းပသည် ဘုရားရှင် ဤလောကသို့ ကြွရောက်လာသည့် ပွဲသည် လူသားတို့အားခွန်အားပြည့်စေသည်။ ဤအဖြစ်အပျက်သည် လူသားတို့အား အခက် အခဲများကြားတွင် ခရီးဆက်လျှောက်ရန် အကူအညီပေ:သည်။

ဒီဇင်ဘာ ၂၁၊ ၂၀၁၆

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က “မျှော်လင့်ခြင်းသည် အမြဲရွေ့လျားနေသောကြောင့် ကျွန်ုပ်တို့ကိုလည်း ရွေ့လျားနေစေသည်။ ကျွန်ုပ်တို့ကိုယ်ကို စမ်းစစ်ကြပါစို့ "မှော်လင့်ခြင်း၌ ကျွန်ုပ်ရှင်သန်နေသ လား? သို့မဟုတ် ကျွန်ုပ်တို့၏ ဘဝတစ်ခုလုံးသည် ရပ်တန့်ပြီး ပိတ်မိနေသလား? ကျွန်ုပ်တို့၏နှလုံးသားသည် သခင်ယေဇူးနှင့်အတူ ခရီးဆက်ရန် အကူညီပေးသော မျှော်လင့်ခြင်းနှင့်နီးစပ်ဖို့ရန် ပိတ်မိနေသလား သို့မဟုတ် လမ်းဖွင့်ပေးနေသလား? ၎င်းသည် မိမိကိုယ်ကိုယ် မေးခွန်းထုတ်ရန် ကောင်းလှပါတယ်။"

ကပ်ရောဂါဆိုက်ရောက်သော ခရစ္စမတ်ကာလ

ယခုနှစ်၏ ခရစ္စမတ်သည် ထူး ခြားသော်လည်း ပုပ်ရဟန်း မင်းကြီး အရှင်သူမြတ်သည် သမိုင်းတွင် ထူးခြားသော ဤအချိန်ကာလကို လေးနက်စွာရှင်သန်ခရီးဆက်နိုင်ရန် အကြံ ပြုချက်များ ပေးခဲ့သည်။

နိုဝင်ဘာလ ၃၀၊ ၂၀၂၀

ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်က “ကပ်ရောဂါမှပေးသော အခက်အခဲများကြားတွင် ကောင်းမှုများယူဆောင်လာနိုင်အောင် အကူညီလိုအပ်သူများ၊ မိသားစုများအတွက်ဆုတောင်းပေးခြင်းများကို လိုအပ်နေသောသူများအား ပိုမိုလေးနက်သော၊ ပိုမို ကောင်း မြတ်ခြင်းနှင့် ဂရုစိုက်မှုအပြည့် ကြိုးစားကြပါစို့။ ဤအချက်သုံးချက်သည် ကျွန်ုပ်တို့အား ကြီးမားသည့်အကူအညီကိုပေးနိုင်သည်။"

ပထမ ခရစ္စမတ်ညကို တိတ် ဆိတ်စွာ ထောက်ရှုခြင်း၊ မိမိကိုယ်ကိုယ် အံ့ဩစေခြင်းနှင့် မျှော်လင့်ခြင်းကို ဆုပ်ကိုင်ထားခြင်းသည် ဤကပ်ဆိုး၏ အခက်ခဲများကြားမှ ခရစ္စမတ်ကာလကို ယုံကြည်ခြင်းခွန် အားနှင့် ရှင်သန်ခရီးဆက်ရန် အရေးကြီးသော နည်းလမ်း များဖြစ်သည်။

ဘာသာပြန် Sr. Lucy Lal Nai Ciang,SJA

Photo courtesy of: America Magazine

https://bit.ly/2WO0jlo

Add new comment

3 + 3 =