ပုပ်ရဟန်းမင်းကြီးသည် အာဂျင်တီးနာနိုင်ငံမှကက်သလစ်ဘာသာတူများ၏ ‘မယ်တော်နှစ်’ ပိတ်ပွဲအတွက်မိန့်ခွန့်ပေး

ပုပ်ရဟန်းမင်းကြီးသည် အာဂျင်တီးနာနိုင်ငံမှကက်သလစ်ဘာသာတူများ၏ ‘မယ်တော်နှစ်’ ပိတ်ပွဲအတွက်မိန့်ခွန့်ပေး

ပြီးခဲ့သောအဂါနေ့က အာဂျင်တီးနားနိုင်ငံမှကက်သလစ်သာသနာတော်သည် ‘မယ် တော်နှစ်’ ပိတ်ပွဲကိုကျင်းပခဲ့ ကြသည်။ ထို၀တ်ပြုခြင်းအ ခမ်းအနားသို့ ပုပ်ရဟန်း မင်း ကြီးသည် ဗီဒွီယိုသတင်း စ ကားပေးပို့ခဲ့သည်။ ထိုသတင်း စကားထဲ၌ ရဟန်းမင်းကြီးက ‘ယခုကဲ့သို့ ကျန်းမာရေးအ ရလိုက်နာရမည့်စည်းမျဉ်းစည်း ကမ်းတင်းကြပ်ထားသော ကြောင့်မယ်တော့်ပွဲ များကိုနှစ်စဉ်ကဲ့သို့ ခြိမ့်ခြိမ့်သဲမကျင်း ပ နိုင်သော်လည်း စည်းမျဉ်းစည်းကမ်းနှင့်အညီကျင်းပနေကြသည်။ ကျွန်ုပ်လည်းကိုယ် တိုင်ကိုယ်ကျမပါ၀င်နိုင်သော် လည်း ဘာသာတူများနှင့်အတူစိတ်အားဖြင့်ပါ၀င်လျှက်ရှိပါသည်။ သင်တို့အဖို့ဆု တောင်းပေး နေသကဲ့သို့ သင်တို့လည်းကျွန်ုပ်အဖို့ဆုတောင်းပေးကြပါ’ ဟုဆုတောင်းမေ တ္တာဖလှယ်တောင်းခံထား သည်။

အမိမယ်တော်သည် ‘မိခင်လည်းဖြစ်သကဲ့သို့၊ တပည့် တော်လည်းဖြစ်သည်။’

ရဟန်းမင်းကြီးသည် အမိမယ်‌ တော်၏အရည်ချင်းများကိုရှင်းပြထားပါသည်။ အမိမယ်တော်သည် ‘ယေဇူးသ ခင်၏ မိခင်လည်းဖြစ်ပြီး၊ တ ပည့်တော်လည်းဖြစ်သည်ကိုမမေ့ကြပါနှင့်။ အမိမယ်တော်သည်ယေဇူး၏မယ်တော်ဖြစ် သည်။ မယ် တော်သည်ယေဇူးသခင်အားလော ကထဲသို့လူ့အဖြစ်မွေးဖွားပေးခဲ့သည်။ ထို့အတူ အမိမယ်တော်သည်တပည့်တော်တစ်ပါး လည်းဖြစ် သည်။

သူသည်ယေဇူးသခင်၏ပထမဦးဆုံးနောက်လိုက်ခဲ့သူသည်။ ယေဇူးသ ခင်မိန့်သမျှကိုမြေ ၀ယ်မကျနာခံ သည်။ ရဟန်း မင်းကြီးသည်ဗီဒွီယိုဖြင့်ဆု တောင်းသောသ၀တ်လွှာ ၏ အဆုံး၌ ကောင်းကြီးပေး၍ ဘုရား ၏မယ်တော်လည်း ဖြစ်၊ ယေဇူးသခင်၏ တ ပည့်တော်လည်းဖြစ်သောအမိမယ် တော်သည် ကျွန်ုပ်တို့၏နေ့စဉ်အသက်တာ၌အဖော်ပြလမ်းပြ ပေးပါစေဟုဆုတောင်းမေ တ္တာပို့သ၍အဆုံးသတ်ထားပါ သည်။

အာဂျင်တီးနားနိုင်ငံ၏ မယ် တော်နှစ်အဖြစ်သတ်မှတ်ကျင်း ပရသည့်သမိုင်း

ယခုကဲ့သို့မယ်တော့်နှစ်အဖြစ်သတ် မှတ်ကျင်းပလာခဲ့ရသည့်အစဉ် အ လာကိုပြန် လည်လည်တူးဆွမည်ဆိုပါက လွန်ခဲ့သောနှစ်ပေါင်း (၄၀၀) ဆီကသမိုင်းစာမျက်နှာကိုလှန်ရမည်ဖြစ်သည်။ အာဂျင်တီးနားဒေသခံတစ်ဦးက မထင် မှတ်ဘဲ အမိမယ်တော်၏ ဆင်း တုတော်ကိုတွေ့ရှိခဲ့သည်။ ထိုဆင်းတုတော်သည်ဆင်ခြေလျော၌ရှိသောကျောက်ဂူထရံပေါ်တွင်တင် ထားသည်။ ထိုနေရာသည်လည်းလူသူနှင့်မနီးလှပေ။ ဆင်းတု တော်၏ အသား အရေ၏အရောင်မှာလည်းဒေသခံတို့၏အ သားအရေမျိုးဖြစ်နေ သည်။ ထိုအဖြစ် အ ပျက်ကိုကြုံတွေ့ရသည့်အချိန်မှစ၍ အမိမယ်တော်အားကြည်ညိုသဒ္ဒါပွားသည့်ခြင်း ပြန်လည်ရှင်သန်ပျံ့နှံ့လာခဲ့သည်။

ထိုဆင်းတုတော်ကို Virgen del Valle (Our Lady of the Valley ချိုင့်၀ှမ်းမယ် တော်) ဟုဘွဲ့နာမ ပေးထား သည်။ ထိုဒေသကို Catamarca ဟုခေါ်ပြီး၊ ထိုဒေသကိုမှိုင်းမသောမယ်တော်ဟုဂုဏ်ပြုထား သည်။ မယ် တော်ဆင်းတု တော်တွေ့ရှိခဲ့သည့် နှစ် (၄၀၀) နှစ်ပတ် လည်ကိုအမှတ်ရသည့်အနေ ဖြင့်အာဂျင်တီးနားကက်သ လစ်ဆရာတော်ကြီးများက ယခင်နှစ် (၂၀၁၉၊ ဒီဇင် ဘာ လ၊ ၈) မှ (၂၀၂၀၊ ဒီဇင်ဘာလ ၈) ရက်နေ့အထိကိုအာဂျင်းတီးနား နိုင်ငံရှိ ကက်သလစ်ဘာသာ၀င်များအ တွက် ‘မယ်တော်သခင်မနှစ်’ အဖြစ်သတ်မှတ်ကြေငြာခဲ့သည်။

(၂၀၂၀) ခုနှစ်သည် အာဂျင်တီးနားနိုင်ငံအတွက်သမိုင်း ၀င်သောနှစ်တစ်နှစ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အာဂျင်တီးနားသို့အမိကက်သ လစ်သာသနာတော်ကြီးရောက်ရှိခြင်းနှစ် (၅၀၀) ပြည့်နှစ်ပတ်လည်နှစ်လည်းဖြစ် သည်။ မယ်တော့်ဆင်းတု တော်ရှာဖွေတွေ့ ရှိခြင်းနှစ် (၄၀၀) ပြည့်နှစ်ပတ်လည်နှစ်ကိုဂုဏ်ပြုသောအားဖြင့် အာဂျင်တီးနားတစ်ခွင်၌ မယ် တော်ဂူငယ်လေး (၄၀၀) ခု ကိုတည်ဆောက်ခဲ့ကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3ns9yn0

Add new comment

5 + 3 =