ပုပ်ရဟန်းမင်းကြီးသည် သူ၏ကိုယ်​ရေးအတွင်း​ရေးမှူးအသစ်ကို တရားဝင်ခန့်အပ်

ပုပ်ရဟန်းမင်းကြီးသည် သူ၏ကိုယ်​ရေးအတွင်း​ရေးမှူးအသစ်ကို တရားဝင်ခန့်အပ်

ပုပ်ရဟန်းမင်းကြီးသည် သူ၏ကိုယ်​ရေးအတွင်း​ရေးမှူးအသစ်ကို တရားဝင်ခန့်အပ်

ပုပ်ရဟန်းကြီးဖရန်စစ်သည် လွန်ခဲ့​သော စ​နေ​နေ့က သူ၏ကိုယ်​ရေးအရာရှိ အသစ်ကို တရားဝင်ခန့်အပ်​တော်မူခဲ့သည်။

ဗာတီကန်သတင်းဌာန၏​ဖော်ပြချက်အရ သြဂုတ်လ၁ရက်​နေ့တွင် သက်​တော်၄၁နှစ်ရှိ​သော Fr.Fabio Salernoသည် Msgr.Yoonis Lahzi Gaid၏ ​တာဝန်လို လွဲ​​ပြောင်းထမ်း​ဆောင်ခဲ့သည်။Fr.Salernoသည် အခြားနိုင်ငံများနှင့် ဆက်သွယ်ရသည့်ဗာတီကန်အတွင်းဝန်ရုံးတွင် တာဝန်ထမ်း​​ဆောင်​နေသူဖြစ်ပြီး သူသည် ပုပ်ရဟန်းမင်းကြီးကို အနီးကပ် အကူအညီ​ပေးရမည့်သူများအနက် တစ်​ယောက်ဖြစ်လာ​မည်ဖြစ်သည်။

Fr.Salernoကို Italyနိုင်ငံ၊Cantanzaro၌ ၁၉၇၉ခု၊ဧပြီ၂၅တွင် ​မွေးဖွားခဲ့သည်။၂၀၁တွင် ရဟန်းသိက္ခါခံယူခဲ့သည်။သူသည် ​ရောမမြို့ရှိ Pontificial Lateran Universityမှ မြို့ပြနှင့်အသင်း​တော်ဥပ​ဒေ ဘာသာရပ်တို့ဖြင့် ​ဒေါက်တာဘွဲ့ကို ရရှိခဲ့သူဖြစ်သည်။ထို့အပြင် အင်ဒိုနီးရှားနိုင်ငံဆိုင်ရာရဟန်းအမတ်၏အတွင်း​ရေးမှူးအဖြစ်၄င်း၊ဥ​ရောပ​ကောင်စီတွင် ဗာတီကန်ကိုယ်စားလှယ်၏အတွင်း​ရေးမှူးအဖြစ်၄င်း တာဝန်ယူခဲ့သူဖြစ်သည်။

သူသည် Fr.Gonzalo Aemiliusနှင့်အတူတကွ တာဝန်ယူရမည်ဖြစ်သည်။အဆိုပါFr.Gonzaloသည်လည်း ဥရု​ဂွေးနိုင်ငံမှ လမ်း​ပျော်ဆင်းရဲသားက​လေးများနှင့် အလုပ်လုပ်ပြီး သာသနာပြုခဲ့သူဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ၂၀၁၉ ဇန်နဝါရီတွင် အတွင်း​ရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။

ဘာသာပြန် - Agnes Lawh Lun

Photo courtesy of : Daniel Ibáñez/CNA

https://bit.ly/3kmFTuu

Add new comment

1 + 11 =