ပုပ်ရဟန်းမင်းကြီးသည် မြန်မာ၊ ပီရူးနှင့်ယူကရိန်းအရေးနှင့်စပ်လျင်း၍ထပ်မံပန်ကြားလိုက်ပြီ

ပုပ်ရဟန်းမင်းကြီးသည် မြန်မာ၊ ပီရူးနှင့်ယူကရိန်းအရေးနှင့်စပ်လျင်း၍ထပ်မံပန်ကြားလိုက်ပြီ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် မြန်မာ့အရေးနှင့်စပ်လျင်း၍ ယခင်တပတ်ကချမ်းသာရွာဘုရားကျောင်းဖျက်ဆီးခံရခြင်းနှင့်မြန်မာနိုင်ငံတွင်ဖြစ်ပျက်နေသောလူမဆန်အကြမ်းဖက်လုပ်ရပ်များအားအဆုံးသတ်ရန် ယမန်နေ့ (သာမန်ကာလတတိယပတ်တနင်္ဂနွေနေ့) မွန်းတည့်အချိန် ကမ္ဘာတစ်၀ှမ်းမှဘုရားဖူးများနှင့်အတူ စိန့်ပီတာရင်ပြင်တွင် 'အန်ဂျေလူး' မေတ္တာရွတ်ဆို စဉ်အတွင်းပန်ကြားလိုက်သည်။

မြန်မာနိုင်ငံ၌ဖြစ်ပျက်နေသော စစ်တပ်၏ လူမဆန်သည့်လုပ် ရပ်အတွက်လွန်စွာစိတ်ထိခိုက်ခံစားရကြောင်း၊ ယခုရက်ပိုင်းကဖျက်ဆီးခံလိုက်ရသော သက်တမ်း (၁၂၉) နှစ်ရှိ ချမ်းသာရွာ 'အမိမယ်တော်ကောင်း ကင်ဘုံသို့ပင့်ဆောင်ခံ' ဘုရားကျောင်းနှင့်စပ်လျင်း၍ ဘာသာရေး၀တ်ပြုရာနေရာများအားဖျက်ဆီးခံနေရခြင်းများအတွက်လွန်စွာစိတ်ထိခိုက်ရကြောင်းမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးအနေဖြင့် မြန်မာနိုင်ငံဒေသအတော်များများ၌ယခုကဲ့သို့သောကံကြံမ္မာနှင့်ကြုံတွေ့ခံစားနေရသောမြန်မာပြည်သူများနှင့်နီးကပ်စွာရှိနေပါကြောင်း၊ လက်ရှိဖြစ်ပွားနေသောပဋိပက္ခများ၊ အကြမ်းဖက်မှုများအမြန်အဆုံးသတ်နိုင်ပါစေကြောင်းလည်းဆုတောင်းပေးလျှက်ရှိကြောင်း၊ ခွင့်လွှတ်ခြင်း၊ ချစ်ခြင်း၊ ငြိမ်းချမ်းခြင်းဖြင့် အချိန်ကာလအသစ်တစ်ခုကိုပြန်လည်ဖွင့်လှစ်အစပြုနိုင်စေကြောင်းမိန့်ကြားပြီး မြန်မာနိုင်ငံအတွက်ရည်ရွယ်၍ ဘုရားဖူးဘာသာတူများနှင့်အတူ 'ဂုဏ်ကျေးဇူးတော်' တစ်ပုဒ်ကိုအတူတကွရွတ်ဆိုပူဇော်ပေးခဲ့သည်။

မြန်မာနိုင်ငံအတွင်အကြမ်းဖက်မှုများ၊

စစ်တပ်မှချမ်းသာရွာဘုရားကျောင်းမီးရှိုဖျက်ဆီးခံလိုက်ခြင်း၊ အကြမ်းဖက်လုပ်ရပ်များနှင့်အတူမြန်မာနိုင်ငံအတွင်းရှိဘာသာရေးခေါင်းဆောင်များ၊ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားစ်ဘိုအပါအ၀င် 'ငြိမ်းချမ်းရေးအတွက်ပန်ကြားချက်' တစ်စောင်ထုတ်ပြန်ပြီး 'ငြိမ်းချမ်းရေးခရီးကိုလျှောက်လှမ်းရန်' ဖိတ်ခေါ်ထားသည်။

မြန်မာနိုင်ငံသည် ပြည်သူများမှလွတ်လပ်ပွင့်လင်းပြီး၊ ဒီမိုကရေစီစံနှုန်းနှင့်အညီရွေးကောက်တင်မြှောက်သောပြည်သူ့အစိုးရ၏လက်ထဲမှ စစ်တပ်မှအာဏာသိမ်းသော (ဖေဖော်၀ါရီ ၁၊ ၂၀၂၁) မှစ၍ နိုင်ငံရေးနောက်ဆက်တွဲဆိုးကျိုးများဖြစ်သော နိုင်ငံရေးမတည်ငြိမ်မှု၊ အကြမ်းဖက်မှု၊ လူမှုရေး၊ စီးပွားရေးအကြပ်အတည်းများကိုခါးစီးခံနေရသည်။ အပြစ်မဲ့သောပြည်သူပေါင်းသောင်းနှင့်ချီကာ မတရားပုဒ်မအမျိုးမျိုးဖြင့်ဖမ်းဆီး သတ်ဖြတ်ခံခဲ့ရသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3iXullw

Add new comment

6 + 14 =