ပုပ်ရဟန်းမင်းကြီးသည် ပါစကားပွဲတော်၌ အိမ်များ၊ စောင့်ရှောက်ရေးဂေဟာရှိသက်ကြီးရွယ်အိုများအတွက်ဆုတောင်းပေး

ပုပ်ရဟန်းမင်းကြီးသည် ပါစကားပွဲတော်၌ အိမ်များ၊ စောင့်ရှောက်ရေးဂေဟာရှိသက်ကြီးရွယ်အိုများအတွက်ဆုတောင်းပေး

ပုပ်ရဟန်းမင်းကြီးသည် ပါစကားပွဲတော်၌ အိမ်များ၊ စောင့်ရှောက်ရေးဂေဟာရှိသက်ကြီးရွယ်အိုများအတွက်ဆုတောင်းပေး

          ရဟန်းမင်းကြီးဖရန်စစ်သည် ပါစကားတနဂ်နွေနေ့အပြီး တနလ်ာနေ့မွန်းတည့်ချိန် အန်ဂျေလူးမေတ္တာရွတ်ဆိုပူ ဇော်ချိန်၌ ပါစကားပွဲနေ့ကြီးကို ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းနေခြင်းကြောင့်လည်း ကောင်း၊ မိမိတို့အိမ်၊ စောင့်ရှေဦက်ရေးဂေဟာများ၌နေ၍ပါ၀င်ဖြတ်သန်းခဲ့ရသော သက်ကြီးရွယ်အိုများအား ပါစကားနှုတ် ခွန်းဆက်ဆုတောင်းမေတ္တာပါးခဲ့ပါသည်။

          ၄င်းတို့ကိုအားပေးစကားပါးချင်ပါသည်။ ၄င်းတို့ပေးခဲ့သော ကောင်းသောပုံသက်သေများကိုလည်းအသိအမှတ်ပြု လိုပါသည်။ သူတို့နှင့်နီးကပ်စွာရှိနေပါမည်။ ပါစကားတနဂ်နွေအပြီးတစ်ပတ်တာကို ယုံကြည်ခြင်းဖြင့်ဖြတ်သန်းကုန်ဆုံးစေ မည်ဟုလည်းမျှော်လင့်ပါသည်။

          ရဟန်းမင်းကြီးသည် ခရစ်ယာန်များအား ‘ရှင်ပြန်ထမြောက်သောယေဇူးသခင်အား ၄င်းတို့၏စိတ်နှလုံးထဲ၌ရှင်သန် နေခွင့်ပြုကြစေရန်လည်းတိုက်တွန်းခဲ့သည်။  ထို့နောက် ‘ခရစ္စတူးကိုဖူးတွေ့ရန်ဟုဆိုရာ၌ အတွင်းစိတ်၏ငြိမ်သက်ခြင်းကို တွေ့ရှိရန်ဖြစ်ကြောင်း၊ ဧ၀ံလေဂလိကျမ်း၌ဖော်ပြထားသော အမျိုးသမီးများကဲ့သို့ပင် မျှော်လင့်မထားသောအဖြစ်အပျက် ကိုမြင်တွေ့လိုက်ရချိန်၌ ဖော်မပြနိုင်သောတုန်လှုပ်ကြောက်ရွံ့စိတ်ဖြစ်ပေါ်ခံစားရပါသည်။ ခဏအကြာ ၄င်းတို့ရှာဖွေနေ သောသခင်သည် အသက်ရှင်လျှက်ရှိသည်ကိုတွေ့ရှိလိုက်သောအခါ လွန်စွာပျော်ရွှင်သွားခဲ့ကြသည်။

          ယခုတစ်လသည် အဆုံးသတ်များစွာရှိသောလတစ်လဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ် လူများစွာနှင့်တွေ့ဆုံ သည့်လ၊ ရဟန်းမင်းကြီးသည် အီရတ်သို့တမန်တော်ခရီးကြွသောလ၊ သန့်ရှင်းသောရက်သတ္တပတ်အဆုံးသတ်သည့်လဖြစ် သည်။ ယခုအချိန်မှစ၍ ပုပ်ဖရန်စစ်းသည် သူ၏ပုံမှန်အချိန်ဇယားများအတိုင်းပြန်လည် သွားလာလှုပ်ရှားတော့မည်ဖြစ် သည်။ 

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: Vatican news

https://bit.ly/3dGgaKE

 

Add new comment

16 + 1 =