ပုပ်ရဟန်းမင်းကြီးသည် တောင်ငူဂိုဏ်းအုပ်သာသနာ၏အကူဆရာ တော်အမည်ကိုယနေ့ထုတ်ပြန် ကြေငြာခြင်း

ပုပ်ရဟန်းမင်းကြီးသည် တောင်ငူဂိုဏ်းအုပ်သာသနာ၏အကူဆရာ တော်အမည်ကိုယနေ့ထုတ်ပြန် ကြေငြာခြင်း

ပုပ်ရဟန်းမင်းကြီးသည် တောင်ငူဂိုဏ်းအုပ်သာသနာ၏အကူဆရာ တော်အမည်ကိုယနေ့ထုတ်ပြန် ကြေငြာခြင်း

ယနေ့ရဟန်းမင်းကြီးသည် မွန်ဆီညှော် John Saw Gawdy အားတောင်ငူဂိုဏ်း အုပ်၏အကူဆရာ တော်အဖြစ်ကြေငြာခဲ့ပါသည်။ မွန်ဆီညှော်သည်တောင်ငူသာသနာမှ ဖြစ်ပြီး၊ ယနေ့တနင်္လာနေ့ (ဇွန်လ ၂၉) ရက်နေ့တွင်ခန့်အပ်ကြောင်းကြေငြာခဲ့သည်။ မွန်ဆီ ညှော်သည်ယခင်နှစ် (၂၀၁၉ - ၂၀၂၀) ပညာ သင်နှစ် အထိလွိုင်ကော်ဂိုဏ်းအုပ်သာသနာ တွင်ဖွင့်လှစ်ထားသောတောင်ကြီးဂိုဏ်းချုပ်သာသ နာအောက်ရှိသာသနာငါးခုမှစုပေါင်း ဖွင့်လှစ်ထားသော စိန့်ဂျွန်မေရီဗီအားနေရဟန်းဖြစ် တက္ကသိုလ်တွင်စာချဘုန်းတော်ကြီး နှင့်ပညာရေးမှူးအဖြစ်အမူတော်ထမ်းဆောင်ခဲ့သည်။ မွန်ဆီညှော်သည်လက်ရှိသာသနာ ပိုင်ဆရာတော်၏ရာထူးကိုဆက်ခံခွင့်ရှိသည်။

အထ္တုပတ္တိအကျဉ်း

- မွန်ဆီညှော်အား (၁၉၅၅၊ အောက် တိုဘာလ၊ ၂၁) ရက်နေ့တွင် တောင် ငူ သာသနာ၊ လိပ်သိုသာသနာ အုပ်စုအပိုင် Domapholi ရွာ၌မွေးဖွားခဲ့သည်။
- သူသည်ဂေဘားမျိုးနွယ်စုမှဖြစ်ပြီး၊ ကက်သလစ်မိသားစုမှမွေးဖွားခဲ့သည်။
- မွန်ဆီညှော်သည်ဒဿနိကနှင့်ဓမ္မသဂြိုလ်ပညာကိုရန်ကုန်၊ စိန့်ဂျိုးဇက်ရဟန်းဖြစ် တက္ကသိုလ်တွင်သင်ကြားခဲ့သည်။ ထို့နောက်သမ္မာ ကျမ်းစာဘာသာရပ်၌မာစတာ ဘွဲ့ကို အမေရိကန်နိုင်ငံ၊ အိုဟိုင်းအိုးပြည်နယ်တွင်ဖွင့်လှစ်ထားသော ရဟန်းမင်း ကြီးအသိအမှတ်ပြု Josephinum ကောလိပ်မှရရှိခဲ့သည်။
- ရဟန်းသိက္ခာကို (၁၉၈၃၊ ဧပြီလ၊ ၉) ရက်နေ့၊ တောင်ငူသာသနာ ၌ခံ ယူခဲ့သည်။
- ရဟန်းသိက္ခာခံယူပြီးနောက် မွန်ဆီညှော်သည် သာသနာအတွင်းအမှုတော်မျိုးစုံ ကိုထမ်းဆောင်ခဲ့သည်။
- ၁၉၈၃ - ၁၉၈၄ - လိပ်သိုတွင်ဖွင့်လှစ်ထားသောဓမ္မဆရာဖြစ်သင်တန်းကျောင်းတာ၀န်ခံ၊
- ၁၉၈၄-၁၉၉၀ - ပြင်ဦးလွင်မြို့၌ ဖွင့်လှစ်ထားသော စိန့်ဂျိုးဇက်၊ မြန် မာနိုင်ငံလုံး ဆိုင်ရာဒဿနိကဗေဒဌာန၌စာချခဲ့၊
- ၁၉၉၀ - ၁၉၉၃ - အမေရိကားသို့ပညာတော်သင်သွားရောက်ခဲ့၊
- ၁၉၉၃-၁၉၉၇ - လိပ်သိုသာသနာအုပ်စု၏ကျောင်းထိုင်အဖြစ်အမူတော်ထမ်းခဲ့၊
- ၁၉၉၇ - ၂၀၀၇ - လိပ်သိုရှိ၊ စိန့်ပေါလ်အခြေခံရဟန်းဖြစ်သင်ကျောင်း၏ကျောင်း အုပ်အဖြစ်အမူထမ်းခဲ့၊
- ၂၀၀၇ - ၂၀၁၆ - လိပ်သိုကျောင်းထိုင်အဖြစ်အမူတော်ထမ်းရင်း Vicar General အဖြစ်လည်းအမူတော်ထမ်းခဲ့၊
- ၂၀၁၇ - ၂၀၂၀ - လွိုင်ကော်တွင်ဖွင့်လှစ်ထားသော စိန့်ဂျွန်မေရီဗီအားနေရဟန်း ဖြစ်တကသိုလ်၌ စာချဘုန်းတော်ကြီးအဖြစ်အမူထမ်းခဲ့၊
- ဆရာတော်အဖြစ် ယနေ့ရွေ့ချယ်ခံရသောမွန်ဆီညှော်ဂျွန်ဂေါဒီသည် တောင်ငူသာသနာ၏အကြံပေးအဖွဲ့၊ သာသနာပိုင်ရဟန်းတော်များဆိုင်ရာအဖွဲ့၊ ငွေကြေးကော် မတီတို့၏အဖွဲ့၊ လက်ထပ်ထိမ်းမြှားခြင်းဆိုင်ရာကြားနာစစ်ဆေးသောခုံရုံးအဖွဲ့ ၀င်လည်းဖြစ်ပါကြောင်း ဗာတီကန်သတင်းအရ သိရှိရပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3dMtbk7

Add new comment

6 + 1 =