"ပုပ်ရဟန်းမင်းကြီး"သည် "ကော့ကေးဆပ် (Caucasus)" ၌ ငြိမ်းချမ်းရေးအတွက် မေတ္တာရပ်ခံချက်ကို ထပ်လောင်းမိန့်ဆို

"ပုပ်ရဟန်းမင်းကြီး"သည် "ကော့ကေးဆပ် (Caucasus)" ၌ ငြိမ်းချမ်းရေးအတွက် မေတ္တာရပ်ခံချက်ကို ထပ်လောင်းမိန့်ဆို

"ပုပ်ရဟန်းမင်းကြီး"သည် "ကော့ကေးဆပ် (Caucasus)" ၌ ငြိမ်းချမ်းရေးအတွက် မေတ္တာရပ်ခံချက်ကို ထပ်လောင်းမိန့်ဆို

"ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်" သည် "နာဂိုနို ကာရာဘာ့ခ် (Nagorno Karabakh )" နယ်မြေအတွင်း ဖြစ်ပွားနေသော အငြင်းပွားမှုအတွက် ငြိမ်းချမ်းစွာအဖြေရှာရန် "အာမေးနီးယား ( Armenian)" နှင့် "အာဇရီး (Azeri)" အာ ဏာပိုင်များကိုတောင်းဆိုခဲ့သည်။

"ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်"သည် အသက်ဆုံးရှုံးခြင်းနှင့် ဒုက္ခများစွာကို ဖြစ်စေ သော "အာမေးနီးယား ( Armenian)" နှင့် "အဇာဘိုင်ဂျန် (Azerbaijan)" အကြား အငြင်းပွားမှု အဆုံး သတ်ရေးအတွက် တနင်္ဂနွေနေ့တွင် မေတ္တာရပ်ခံစာ ထုတ်ပြန်ခဲ့သည်။

"ရဟန္တာအပေါင်းတို့၏ ပွဲ‌နေ့ကြီး"၌ "စိန့်ပီတာ" ၏ရင် ပြင်၌ "အန်ဂျေလူးစ်မေတ္တာ" ရွတ်ဆိုပြီးနောက် "ပုပ်ရဟန်း မင်းကြီး အရှင်သူမြတ်"က “ယနေ့ ပွဲတော်နေ့တွင် လက်နှက်ကိုင် ပစ်ခတ်ခြင်းသည် ယာယီ စစ်ပြေငြိမ်းခြင်းအား ဖြင့် တုံဆိုင်းထားသော "နာဂိုနို ကာရာဘာ့ခ် (Nagorno Karabakh)"၌ ဖြစ်ပွားသည့်အရာများကို မမေ့သင့်ကြောင်း" မိန့်ကြားခဲ့ပါသည်။

သူသည် “ဒုက္ခသည်ဦးရေ တိုး ပွားလာခြင်း၊ နေအိမ်ပျက်စီးမှု များပြားလာခြင်း၊ အခြေခံအဆောက်အဦးများနှင့် ဝတ် ပြုရာနေရာများပျက်စီးခြင်း တိုးပွားလာကြောင်း ပြောကြားပြီး အရပ်သားများအား တိုက်ခိုက်မှုများ ပိုမိုတိုးပွားလာနေကြောင်းကို မှတ်ချက်ပြုခဲ့ပါသည်။

"အာဏာပိုင်များနှင့် နိုင်ငံ တကာ အဖွဲ့အစည်းများထံသို့ မေတ္တာရပ်ခံခြင်း"

"ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်"က "အငြင်းပွားမှုတွင် တာဝန်ရှိသည့် ပါတီများအား အပြစ်မဲ့ အသွေးသွန်းလောင်းခြင်းကို ဖြစ်ပေါ်စေသော အ ငြင်းပွားမှုကို အမြန်ဆုံး ရပ် တန့်ရန်နှင့် အမြန်ဆုံး ကြားဝင်ဆောင်ရွက်ပေးရန် ကျွန်ုပ် ထပ်မံမေတ္တာရပ်ခံလိုပါသည်။ အငြင်းပွားမှုကို အကြမ်းဖက်ခြင်းအားဖြင့် ဖြေရှင်းရန် မကြိုးစားကြပါနှင့်။ သို့သော် နိုင်ငံတကာအဖွဲ့အစည်း၏ အကူအညီဖြင့်စိတ်ရင်းမှန်ဖြင့် စေ့စပ်ညှိနှိုင်းမှုများ၌ ပါ၀င်ဆောင်ရွက်ကြပါရန်" အကြံ ပေး နှိုးဆော်ခဲ့ပါသည်။

"ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်" က "သူသည် ဆင်းရဲဒုက္ခ ခံ စားနေရသူ အားလုံးနှင့် နီး ကပ်စွာရှိ‌နေကြောင်း၊ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုရရှိရန် ရဟန္တာများအားလုံးထံ ဆုတောင်းကြရန် ဒေသခံများအား ဖိတ်ကြားခဲ့သည်။

"ပုပ်ရဟန်းမင်းကြီး အရှင်သူမြတ်"က စက်တင်ဘာလ ၂၈ ရက်နေ့က "အန်ဂျေလူးစ် မေ တ္တာ" ဆိုသည့်အချိန်၌ "နာဂိုနို ကာရာဘာ့ခ် (Nagorno Karabakh)"၌ ဖြစ်ပွားသော အငြင်းပွားမှုကို ညှိုနှိုင်းဖြေရှာရန်အတွက် မေတ္တာရပ်ခံ တောင်းဆိုမှုနှင့် သူ၏ စိုးရိမ်မှု ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

"အပြန်အလှန်စွပ်စွဲချက်"

တစ်ချိန်တည်းမှာပင် "အာမေးနီးယား ( Armenian)" နှင့် "အဇာဘိုင်ဂျန် (Azerbaijan)" တို့သည် အငြင်းပွားမှုဖြစ်နေသော "နာဂိုနို ကာရာဘာ့ခ် (Nagorno Karabakh)" နှင့်အနီးတဝိုက်ရှိ အရပ်သားများအား ရည် ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်းမှ ရှောင်ရှားရန်အတွက် စာချုပ်ချုပ်ဆိုမှုကို ဖီဆန်ခြင်းအားဖြင့် လူနေအိမ်ရာဒေသများအား ဗုံးကြဲမှုများအတွက် အပြန်အလှန် ထပ်မံ စွပ်စွဲခဲ့ကြသည်။

နှစ်နိုင်ငံအကြား နိုင်ငံခြား ရေး၀န်ကြီးများနှင့် "ပြင်သစ်"၊ "ရုရှား"နှင့် "အမေရိကန်ပြည်ထောင်စု" တို့မှ သံတ မန်များအကြား "ဂျီနီဗာ (Geneva)" မြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် အငြင်း ပွားမှုကို ဖြေရှင်းရန် နောက် ဆုံး သဘောတူညီချက်မှာ စနေ‌နေ့ နာရီပိုင်းအတွင်းနှစ်ဖက်စလုံးမှ အစီအရင်ခံခဲ့သည်။

"တောင်ကော့ကေးဆပ် (South Caucasus)" တွင် ၂၅ နှစ်ကျော်အတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၁၀၀၀ ကျော်ရှိပြီဖြစ်သည်။

ဘာသာပြန်-Sr.Lucy Ciang,SJA

https://bit.ly/38kUSBB

Add new comment

6 + 1 =