ပုပ်ရဟန်းမင်းကြီးသည် ကမ္ဘာနှင့်အဝှမ်း၌အပစ်ခတ်ရပ်စဲရန်ထပ်မံပန်ကြားပြီး၊ Caucasus ၌လည်းတည်ငြိမ်မှုအမြန်ရရှိရန် ပန်ကြား

ပုပ်ရဟန်းမင်းကြီးသည် ကမ္ဘာနှင့်အဝှမ်း၌အပစ်ခတ်ရပ်စဲရန်ထပ်မံပန်ကြားပြီး၊ Caucasus ၌လည်းတည်ငြိမ်မှုအမြန်ရရှိရန် ပန်ကြား

ပုပ်ရဟန်းမင်းကြီးသည် ကမ္ဘာနှင့်အဝှမ်း၌အပစ်ခတ်ရပ်စဲရန်ထပ်မံပန်ကြားပြီး၊ Caucasus ၌လည်းတည်ငြိမ်မှုအမြန်ရရှိရန် ပန်ကြား

ပြီးခဲသောတနင်္ဂနွေနေ့က ပုပ်ရ ဟန်းမင်းကြီးသည် ကမ္ဘာနှင့်အဝှမ်း ၌လည်းအပစ်ရပ်စဲပြီး၊ စီးပွားရေးကိုချွတ်ခြုံကြစေသော ကိုဗစ် (၁၉) ကိုအမြန်ဆုံးချုပ် ငြိမ်းအောင်တိုက် ပွဲဆင်နွဲကြရန်အန်ဂျေလူးမေတ္တာရွတ်ဆိုပူဇော်ရန် စိန့်ပီတာရင်ပြင် ၌ရောက်ရှိနေ သောဘုရားဖူးများအားမိန့်ကြားခဲ့သည်။ ကိုဗစ် (၁၉) ရောဂါဆိုးကြီးကိုခံစားနေရသောလူနာ များအားလည်းသတိရဆုတောင်းပေးပါကြောင်း၊ ပဋိပက္ခဖြစ်နေသောဒေသ၌ရှိနေကြသောသူများ အတွက်လည်းသတိရဆုတောင်းပေးပါကြောင်း၊ မကြာမီကပြန်လည်ဆန်းသစ်လိုက်သောကုလသမ္မဂ္ဂ၏ပြသာနာကိုင်တွယ်ဖြေရှင်းနည်းနှင့်အတူရဟန်းမင်းကြီးလည်း ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ချက်ချင်းအပစ်ခတ်ရပ်စဲရေးကိုပြန်လည်တောင်းဆိုပါသည်။ သို့မှသာလူသားချင်းဆိုင်ရာအကူအညီများကိုလက်ခံရရှိမည်ဖြစ် သည်။ ဇူလိုင် (၁) ရက်နေ့ကကုလသမ္မဂ္ဂလုံခြုံရေးကောင်စီ၏ အထွေထွေ အတွင်းရေးမှူးမှ ကမ္ဘာနှင့်အ၀န်းအပစ်ခတ်ရပ်ကာ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဆိုး ကြီးကိုတိုက်ထုတ်ကြရန်၊ အဘယ်ကြောင့်ဆိုသော်ဤရောဂါဆိုးကြီးသည် လူ့အသက်တစ်သန်းနီးပါးချွေယူသွားခဲ့ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။

Azerbaijan and Armenia တို့ကြားကြီးထွားလာနေသောပဋိပက္ခမီးပွား

ရဟန်းမင်းကြီးကဆက်လက်၍ ပဋိပက္ခမီးပွားတစ်စတစ်စကြီးထွားလာနေသော Caucasus ဒေသအတွက်လည်းစိုးရိမ်မကင်းဖြစ်နေရကြောင်းဖြစ်နေရကြောင်း၊ ထို့ကြောင့်နိုင်ငံတကာအသင်းအဖွဲ့များမှ၀င်ရောက်ကူညီဖြန်ဖြေရန်၊ ထိုဒေသ၏သတင်းနှင့်ပဋိပက္ခအတွင်းအသက်ဆုံးရှုံးခဲ့ကြသောသူများအတွက်ကြောင့်လည်းစိတ်မသာမယာဖြစ်ရကြောင်း၊ ဤအခြေအနေကိုနိုင်ငံတကာအဖွဲ့အစည်းများမှအမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးစေလိုကြောင်း၊ ယခု ကဲ့သို့အိမ်နီးချင်းနိုင်ငံနှစ်ခုစစ်ရေးအရတင်းမာနေခြင်းသည်တစ်စ တစ်စစစ်မီးလောင်ကျွမ်းစေသည့်အခြေအနေထိဖြစ်သွားနိုင်ကြောင်း၊ ယခုပင်လျှင် Azebaijan ဖက်မှစစ်သား (၁၂) ဦးနှင့်ပြည်သူတစ်ဦး၊ Armenia ဖက်မှလည်းစစ်သား (၄) အသက်ဆုံးရှုံးနေပြီး၊ အများအပြားဒဏ်ရာရပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံလုံးသည်အချင်းချင်းအပစ်ခတ်ရပ်စဲသည်သဘောတူညီချက်ကိုချိုးဖောက်သည်ဟုစွပ်စွဲနေကြသည်။ ယခုထိပ်တိုက်တွေ့ဆုံနေမှုသည် အငြင်းပွားရာနေရာ၌မဟုတ်ဘဲနိုင်ငံတကာမှအသိအမှတ်ပြုထားသောနှစ်နိုင်ငံနယ်နိမိတ်၌ဖြစ်နေသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : AFP or licensors

https://bit.ly/2OIp3Y7

Add new comment

1 + 8 =