ပုပ်ရဟန်းမင်းကြီးသည်သူ၏ လက် အောက်ရှိ လူမှုသိပ္ပံအကယ်ဒမီကျောင်းအတွက်အဖွဲ့၀င်သစ်များခန့်အပ်

ပုပ်ရဟန်းမင်းကြီးသည်သူ၏ လက် အောက်ရှိ လူမှုသိပ္ပံအကယ်ဒမီကျောင်းအတွက်အဖွဲ့၀င်သစ်များခန့်အပ်

ပုပ်ရဟန်းမင်းကြီးသည်သူ၏ လက် အောက်ရှိ လူမှုသိပ္ပံအကယ်ဒမီကျောင်းအတွက်အဖွဲ့၀င်သစ်များခန့်အပ်

ပြီးခဲ့သော သောကြာနေ့ကပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ချီလီနိုင်ငံသား Pedro Morandé Court၊ အီတလီမှ Mario Draghi နှင့် နိုင်ဂျီးရီးယားနိုင်ငံမှ Kokunre Adetokunbo Agbontaen Eghafona တို့အား ပုပ်ရဟန်းမင်းကြီးအသိအမှတ်ပြုလူမှုသိပ္ပံအကယ်ဒမီ ကျောင်း၏ အားပုံမှန်အဖွဲ့၀င်အဖြစ်ခန့်အပ်ခဲ့ပါသည်။

ဤကျောင်းကို ရဟန်းမင်းကြီး စိန့်ဂျွန်ပေါလ် (၂) မှ (၁၉၉၄၊ ဇန်န၀ါရီလ၊ ၁) ရက်နေ့ကဖွင့်လှစ်ခဲ့သည်။ ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်မှာလူမှုသိပ္ပံဘာသာရပ်ကိုလေ့လာမြှင့်တင်နိုင်ရန်၊ ဖွံ့ဖြိုးလာစေရန်၊ အထူးသဖြင့်စီးပွားရေး၊ လူမှုရေး၊ ဥပဒေရေးရာနှင့်နိုင်ငံရေးရာသိပ္ပံများကိုအထူးပြုလေ့လာစေရန် ဖြစ်သည်။

ကျောင်းတော်ကြီးအနေဖြင့်အထက် ပါဘာသာရပ်များကိုသင်ကြားပေးခြင်းဖြင့်သာသနာတော်ကြီး၏လူမှု ရေးရာသွန်သင်ချက်များ၌ပိုမိုအထောက်အကူဖြစ်စေရန်နှင့်ထိုလူမှုရေးရာသွန်သင်ချက်များကိုမျက်မှောက်ကာလ၌လက်တွေ့ဖော်ဆောင်သည့်အခါပို၍လက်တွေ့ကျထိရောက်စေရန်ဖြစ်သည်။

Pedro Morandé Court ၏ အကြောင်းအကျဉ်းချုပ်

သူ့အားချီလီနိုင်ငံ၊ ဆန်တီယေဂိုမြို့၊ Cile မှဖြစ်ပြီး၊ (၁၉၈၄၊ ဩဂုတ်လ၊ ၃) ရက်နေ့၌မွေးဖွားခဲ့သည်။ သူသည် ရဟန်းမင်းကြီးအသိ အမှတ် ပြုထားသည့် ချီလီတက္ကသိုလ်မှ လူမှုရေးဘာသာရပ်၌ဘွဲ့ရထားပြီး၊ ဂျာမဏီနိုင်ငံ Friedrich-Alexander တက္ကသိုလ်မှပညာရပ်ဆိုင်ရာဒေါက်တာဘွဲ့ကိုရရှိခဲ့သည်။ ချီလီတက္ကသိုလ်၌အချိန်ပြည့် ပရောဖက်ဆာအဖြစ် လည်းကောင်း၊ လူမှုသိပ္ပံဘာသာရပ်ဌာန၏တာ၀န်ခံအဖြစ် (၁၉၈၇-၁၉၉၀) အထိ၊ ယာယီကျောင်းအုပ်အဖြစ် (၁၉၉၀-၁၉၉၅) အထိ၊ လူသိပ္ပံဌာန၏ပညာရေးမှူးအဖြစ် (၁၉၉၅-၂၀၁၄) အထိထမ်းဆောင်ခဲ့သည်။ ယခုအခါအငြိမ်းစားပရောဖက်ဆာဖြစ်သည်။ သူသည်ယဉ်ကျေးမူသိပ္ပံဘာသာရပ်နှင့်ဘာသာရေးနှင့်မိသားစုလူမှုရေးဘာသာရပ်၌အထူးပြုလေ့လာ ထားသူဖြစ်သည်။ အထူးသဖြင့်လာတင်းအမေရိကားတွင်နေထိုင်သောလူမျိုး စုတို့၏လူမူသမိုင်းကိုနှံ့စပ်သူဖြစ် သည်။ သူသည်သူနှံ့စပ်အထူးပြုထားသောဘာသာရပ်နှင့်ဆိုင်သည့်ဆောင်းပါးများစွာကိုလည်းရေး သားထုတ်ဝေထားသူဖြစ်သည်။

Mario Draghi ၏အကြောင်းအကျဉ်းချုပ်

သူအား (၁၉၄၇၊ စက်တင်ဘာလ၊ ၁၃) ရက်နေ့၌ ရောမမြို့တွင်မွေးဖွားခဲ့သည်။ သူသည်စီးပွားရေးမူ၀ါဒနှင့်ဆိုင် သောဘာသာရပ်ဖြင့် ရောမမြို့ရှိ Sapienza တက္ကသိုလ်မှဘွဲ့ရခဲ့သည်။ စီးပွားရေးဆိုင်ရာဒေါက်တာဘွဲ့ကိုအမေရိကန် မက်ဆာချူးဆက်ပြည်နယ်၊ နည်းပညာကျောင်းမှရရှိခဲ့သည်။ (၁၉၈၁) ခု၌ဖရောရင့်စ်တက္ကသိုလ်၌စီးပွားရေးဘာသာရပ် သင်ပေးသောအချိန်ပြည့်ပရောဖက်ဆာဖြစ်လာခဲ့သည်။ သူသည်ကမ္ဘာ့ဘဏ္ဍာ၏အထွေထွေဒါရိုက်တာလည်းဖြစ်ခဲ့ပြီး၊ နောက်ပိုင်း၌အီတလီအစိုးရ၏ဘဏ္ဍာရေး၀န်ကြီးဌာန၏ညွှန်ချုပ်ဖြစ်လာခဲ့သည်။ သူသည်အီတလီဘဏ်၏အုပ်ချုပ်သူ အဖြစ် (၂၀၀၅-၂၀၁၁) အထိလည်းကောင်း၊ ငွေကြေးခိုင်မာမှုရှိစေရန်လုပ်ဆောင်သောဘုတ် အဖွဲ့၏နာယကအဖြစ် (၂၀၀၆-၂၀၁၁) အထိလည်း ကောင်း၊ (၂၀၁၁-၂၀၁၉) ၌ဥရောပဗဟိုဘဏ်၏ဥက္ကဌအဖြစ်လည်းထမ်းဆောင်ခဲ့သည်။ သူ သည် Institute for Advanced Study (IAS) ဘုတ့်အဖွဲ့၏ဥက္ကဌအဖြစ်လည်းကောင်း၊ သူသည်လည်းစီးပွားရေးဆိုင်ရာ ဆောင်းပါးပေါင်းများစွာကိုရေးသားထုတ်ဝေခဲ့သူလည်းဖြစ်သည်။

Kokunre Adetokundo Agbontaen Eghafona ၏အကြောင်းအကျဉ်းချုပ်

သူ့အား (၁၉၅၉၊ အောက်တိုဘာလ၊ ၁) ရက်နေ့၊ လန်ဒန်၌မွေးဖွားခဲ့သည်။ သူသည်နိုင်ဂျီးရီးယားနိုင်ငံ၊ ဘေနင် တက္ကသိုလ်၌ပညာသင်ကြားခဲ့သည်။ သူသည်အနုပညာနှင့်ဆိုင်သောသမိုင်းဘာသာရပ်ဖြင့်မာစတာဘွဲ့ရခဲ့သည်။ သူသည် နိုင်ဂျီးရီးယားနိုင်ငံ၊ Ibadan တက္ကသိုလ်မှ သိပ္ပံနှင့်မနုတဗေဓဘာသာရပ်များ၌လည်းမာစတာဘွဲ့ယူခဲ့သည်။ နေနင်တက္ကသိုလ်၌လူမှုရေးနှင့်မနုတဗေဒဌာန၌ (၁၉၉၂) ခုနှစ်မှစ၍ကထိကအဖြစ်လည်းကောင်း၊ (၁၉၉၆) ခုနှစ်တွင်အကြီးတန်းက ထိကအဖြစ်လည်းကောင်း၊ (၂၀၀၃) ခုနှစ်တွင်လက်ထောက်ပရောဖက်ဆာအဖြစ်လည်းကောင်း၊ (၂၀၀၈) တွင်အချိန် ပြည့်ပရောဖက်ဆာအဖြစ်လည်းကောင်းထမ်းဆောင်ခဲ့သည်။ သူသည်လည်းအခြားသောဌာနများစွာတွင်တာ၀န်ထမ်း ဆောင်ခဲ့သောအတွေ့အကြုံများစွာရှိသူဖြစ်သည်။ သူသည်လည်ကုလသမဂ္ဂ၏စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ကိုင်တွယ် ဖြေရှင်းသောကွန်ရက်တာ၀န်ခံအဖြစ်လည်း (၂၀၁၂-၂၀၁၇) အထိလည်း ကောင်း၊ သူကျွမ်းကျင်သောဘာသာရပ်နှင့်ဆိုင် သည့်စာစောင်များစွာကိုလည်းရေးသားထုတ်ခဲ့သူဖြစ်သည်။ လက်ရှိ၌နိုင်ဂျီးရီးယားနိုင်ငံအတွက်လူကုန်ကူးမှုအမျိုးမျိုး တိုက်ဖျက်ရေးစီမံကိန်း၌တက်ကြွစွာပါ၀င်လုပ်ဆောင်နေပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of : IStock

https://bit.ly/3iT1t92

Add new comment

15 + 1 =