ပုပ်ရဟန်းမင်းကြီးသည်ဗာတီကန်၏ကျန်းမာရေးရံပုံငွေကိုစီမံညွှန်ကြားသူအသစ်ကိုခန့်အပ်

ပုပ်ရဟန်းမင်းကြီးသည်ဗာတီကန်၏ကျန်းမာရေးရံပုံငွေကိုစီမံညွှန်ကြားသူအသစ်ကိုခန့်အပ်

ပုပ်ရဟန်းမင်းကြီးသည်ဗာတီကန်၏ကျန်းမာရေးရံပုံငွေကိုစီမံညွှန်ကြားသူအသစ်ကိုခန့်အပ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည်ယမန်နေ့ကအီတလီလူမျိုး၊ ခွဲစိပ်ဆရာ၀န် Giovanni Battista Doglietto အားဗာတီကန်၏ ကျန်းမာရေးရံပုံငွေကိုစီမံညွှန်ကြားသူအဖြစ်ခန့်အပ်ကြောင်းကြေငြာခဲ့သည်။

ထိုရံပုံငွေကို ‘ကျန်းမာရေးနှင့်ဆိုင်သောအ ကူအညီများပေးသောရံပုံငွေ’ (Fondo di Assistenza Sanitaria (FAS) ဟုခေါ်သည်။ ယခင်စီမံညွှန်ကြားသူမှာ Stefano Loretti ဖြစ်ပြီး၊ သူသည်ဤအရာထူးကို (၂၀၁၇) မှစ၍ယူခဲ့သည်။ အသစ်ရွေးချယ်ခံရသူသည် အသက် (၇၂) ရှိပြီဖြစ်ပြီး၊ သူသည်ရောမမြို့ရှိ ‘အမွှာ’ (Gemelli) ဟုအမည်ပေးထားသောဆေးရုံ၌ အစာအိမ်လမ်းကြောင်းဆိုင်ရာ၏ခွဲစိပ်ဆရာ၀န် အဖြစ်တာ၀န်ထမ်းဆောင်နေသည်မှာနှစ်ပေါင်း (၂၀) ရှိပြီဖြစ်သည်။

ဤဆေးရုံ၌တက်ရောက်ကုသမူခံယူခဲ့သောရဟန်း မင်းကြီးစိန့်ဂျွန်ပေါလ် (၂) ကို (၁၉၈၁၊ မေလ၊ ၁၃) သေနတ်ပစ်ခတ်ခံရစဉ်က သူသည်လက်ထောက်ခွဲစိပ်ဆရာ၀န်အဖြစ် ပါ၀င်ခဲ့သူလည်းဖြစ်သည်။
အဆိုပါရံပုံငွေသည်ကျန်းမာရေးနှင့်ဆိုင်သောကြောင့် ဤရံပုံငွေကိုခံစားနိုင်သူများမှာဗာတီကန်အတွက်အမှုတော်ထမ်းနေကြသော၊ ထမ်းခဲ့ကြသောလက်ရှိနှင့်အငြိမ်းစား၀န်ထမ်းများလည်းခံစားခွင့်ရှိသည်။ ဤရံပုံငွေကို (၁၉၅၃) ခုနှစ်ကပထမဆုံးအကြိမ်ထူထောင်ခဲ့သည်။ သို့သော်ရံပုံငွေသည်နှစ်ပေါင်းများစွာအသွင်အမျိုးမျိုး ပြောင်းလဲကိုင်တွယ် ခဲ့ သည်။ ယခုနောက်ဆုံးဥပဒေများကိုပြန်လည်မွမ်းမံကာရဟန်းမင်းကြီး ၏အတည်ပြုချက်ကို (၂၀၁၆၊ အောက်တိုဘာလ) ရယူပြုပြင်ထား သည်။

အသစ်တဖန်မွမ်းမံရေးဆွဲသောဥပဒေဖြင့် (၂၀၁၇) ခုနှစ်၌ ပြန်လည်စတင်ခဲ့သည်။ ယခုလ (ဇူလိုင် လ၊ ၁၈) ရက်နေ့၌ ကျန်းမာ ရေးရံပုံငွေ၏တာ၀န်ခံမွန်ဆီညှော် Luigi Misto ကဗာတီကန်သတင်းဌာန၏မေးမြန်းချက်ထဲ၌ ဤအဖွဲ့ကိုဖွဲ့စည်းရခြင်းမှာ အမိသာသနာတော်ကြီး၏လူမူရေးဆိုင်ရာသွန်သင်လမ်းညွှန်ချက်များနှင့်အညီဖြစ်ကြောင်း ဖြေကြားခဲ့သည်။

မွန်ဆီညှော်ကဆက်လက်၍ အမှန်ဆိုသော် (၂၀၁၇) သည်တာ၀န်ခံတစ်ဦး၏သက်တမ်းဖြစ်သော (၅) နှစ်ကုန်ဆုံးသောနှစ်လည်းဖြစ်သည်။ (၂၀၁၇) ခုနှစ်၌ ဥပဒေများကိုပြုပြင်ပြောင်းလဲပေးနိုင်ခဲ့၍ ကျေးဇူးတင်ရပါသည်။ ထိုပြု ပြင်ပြောင်းလဲလိုက်သောဥပဒေကြောင့် ယခင်နှစ်များကထက် ဗာတီကန်အနေဖြင့် (၃.၆) သန်းခန့်ယူရိုခန့်ချွေတာ နိုင်ခဲ့သည်။ ဆိုလိုသည်မှာ (၅) သန်းခန့်ဗာတီကန်၏ ကျန်းမာ ရေးဆိုင်ရာစီမံကိန်းထဲသို့ပြန်လည်ပေးနိုင်ခဲ့ပါကြောင်း၊ မွန် ဆီညှော်ကဖြေကြားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo Courtesy of : Daniel Ibanez/CNA

https://bit.ly/3fPa1vG

Add new comment

1 + 3 =