ပုပ်ရဟန်းမင်းကြီးသည်ဗာတီကန်၌ဖွင့်လှစ်ထားသောနွေရာသီစခန်းချသင်တန်းသို့ကြွရောက်ကြည့်ရူခဲ့

ပုပ်ရဟန်းမင်းကြီးသည်ဗာတီကန်၌ဖွင့်လှစ်ထားသောနွေရာသီစခန်းချသင်တန်းသို့ကြွရောက်ကြည့်ရူခဲ့

ပူပ်ရဟန်းမင်းကြီးသည်ဗာတီကန်၌ဖွင့်လှစ်ထားသောနွေရာသီစခန်းချသင်တန်းသို့ကြွရောက်ကြည့်ရူခဲ့

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည်ကြိုတင်အကြောင်း ကြားထားခြင်းမရှိဘဲ ဗာတီကန်မှကြီးမှူးဖွင့်လှစ်သောနွေရာသီစခန်းချသင်တန်းကျင်းနေရာသို့ကြွရောက်၍ သင်တန်းတက်ရောက်နေသောကလေးများလည်းကောင်း၊ တာ၀န်ရှိသူများကိုလည်းကောင်းအံ့အားသင့်စေခဲ့သည်။

ပုပ်ရဟန်းမင်းကြီးသည်တနင်္လာ နေ့နံနက် (၉) နာရီကျော်ခန့်တွင် သင်တန်းတက်ရောက်နေသောက လေးများထံ ရဟန်းမင်းကြီးပေါလ် (၆) ၏ခန်းမထဲ၌ နံနက်စာစားသုံးနေစဉ် ကြွရောက်၍အံ့အားသင့်စေခဲ့သည်။ အရှင်သူမြတ်သည် ကလေးများနံနက်စာစားနေသောစားပွဲတိုင်းသို့ကြွသွားပြီး၊ ကလေးများနှင့်ရင်းနှီးစွာစကားပြောခဲ့သည်။ ထို့အတူခန်းမကြီးအတွင်း၌ပင် ကစားရန်စီစဉ်ထားသောနေရာများသို့လည်းကိုယ်တိုင်ကိုယ်ကျကြွရောက်ကြည့်ရူခဲ့သည်။ ထို့နောက်ကလေးများနှင့်အတူထိုင်ကာ သူငယ်ချင်းအသစ်များရအောင်ရှာဖွေကြရန်၊ မိမိကိုယ်သာပျော်ရွှင်အောင်လုပ်ဆောင်တတ်သူသည် တစ်ကိုယ်ကောင်းဆန်သူဖြစ် ကြောင်း၊ ထို့‌ကြောင့်သင်တို့သည် သူငယ်ချင်းများနှင့် အတူတကွရှိနေရမည်၊ ပျော်စရာအချိန်ကိုရယူရမည်ဖြစ်ကြောင်း၊ ထို့နောက်ဤသင် တန်းအားကြပ်မတ်စီမံပေးနေကြသော တာ၀န်ရှိသူများနှင့်ကျေးဇူး တင် းကြောင်းပြောကြားပြီး၊ နံနက် (၁၀) နာရီခန့်တွင် ရဟန်း မင်းကြီးသီတင်းသုံးရာကျောင်း တိုက်သို့ပြန်ကြွသွားခဲ့သည်။

ဤနွေရာသီစခန်းချသင်တန်းကို ဇူလိုင်လကစတင်ဖွင့်လှစ်ခဲ့သည်။ ဤသင်တန်းကိုဗာတီကန်ဥယျာဉ်အတွင်း၌ကျင်းပစေသည်။ သင်တန်းသို့က လေးဦးရေ (၁၀၀) ခန့်ရှိပြီး၊ အသက် (၅) နှစ်မှ (၁၄) အထိရှိသည်။ ဤကလေးများသည် ဗာတီကန်အတွင်းအမှုထမ်းနေကြသောအိမ်ထောင်သည်၀န်ထမ်းတို့၏ သားသမီးများဖြစ်ကြသည်။ သင်တန်းသည်တစ်နေကုန်ဖွင့်သောသင်တန်းဖြစ်ပြီး၊ တစ်နေ့တာအတွင်း၌ဖျော်ဖြေရေး၊ အားကစား၊ ပို့ချချက်များ၊ ဆုတောင်းခြင်းများစသောအစီအစဉ်များထည့်သွင်းထားသည်။ အားကစားလှုပ်ရှားမှု ၌ရေကူးခြင်း၊ တင်းနစ်စ်၊ ဘော်လုံး၊ စားပွဲတင်တင်းနစ်စ်၊ ဘတ်စကက်ဘောပွဲစဉ်များနှင့်လေထိုး လျောစီးကစားစရာလည်းထည့် သွင်းပေးထားသည်။

ဤသို့ကျင်းပသော်လည်း ကိုဗစ် (၁၉) ရောဂါမကူးစက်အောင်လိုက်နာရမည့်လုပ်ဆောင်ချက်များကိုမူအ သေးစိပ်ဆောင်ရွက်ထားသည်။ ဤအစီအစဉ်ကို ရဟန်းမင်းကြီးကဖြစ်စေလိုပြီး၊ ဗာတီကန်၏တာ၀န်ခံမှစီစဉ်ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကလေး များအား ၄င်းတို့၏ နွေရာသီကို အကျိုးရှိစွာဖြတ်သန်းကုန်ဆုံးစေလို၍ဖြစ်သည်။ ဤသင်တန်းအတွင်းဆလေးရှင်းအသင်းသူအသင်းသားများနှင့် ‘Tutti in una festa’ အသင်းအဖွဲ့တို့ကကူညီပေးလျှက်ရှိသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2CSj4xk

Add new comment

3 + 9 =