Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ရဟန်းမင်းကြီးသည်ကိုယ်တော်မြတ်ပွဲတော်ကြီး၏မစ္ဆားတရားကိုစိန့်ပီတာဘုရားကျောင်းကြီး၌ပူဇော်မည်
ပုပ်ရဟန်းမင်းကြီးသည်ကိုယ်တော်မြတ်ပွဲတော်ကြီး၏မစ္ဆားတရားကိုစိန့်ပီတာဘုရားကျောင်းကြီး၌ပူဇော်မည်
ယခုလာမည့်တနင်္ဂနွေ (ဇွန်လ ၁၄) နေ့သည်ကမ္ဘာတစ်ဝှမ်းရှိကက်သလစ်ဘာသာတူများအ တွက် ယေဇူးသခင်၏တည်ထောင်ခဲ့သော ကိုယ်တော်မြတ် (သွေးတော်၊ သားတော်) ပွဲတော်ကြီးဖြစ်သည်။ ထို ပွဲတော်ကြီးကိုရဟန်းမင်းကြီးသည်ကိုဗစ် (၁၉) အရေးပေါ်ကာလအလွန်တွင် ပထမဆုံးအကြိမ်စိန့်ပီတာ ဘုရားကျောင်းတော်ကြီးအတွင်းမစ္ဆားတရားပူဇော်၍ကျင်းပမည်ဖြစ်သည်။ ဤဆုတောင်း၀တ်ပြုခြင်း အဆုံး၌လည်း ကိုယ်တော်မြတ်ကောင်းကြီးမဂ်လာပေးခြင်းလည်းရှိမည်ဖြစ်သည်။
ကိုယ်တော်မြတ်ပွဲတော်ကြီးကိုရဟန်းမင်းကြီးနှင့်အတူကျင်းပကြပါစို့။
ပွဲတော်၏မစ္ဆားတရားပူဇော် ခြင်း၌ ရဟန်းမင်းကြီးနှင့်အတူဘာသာတူ (၅၀) ဦးခန့်ပါ၀င်ကြမည် ဖြစ်သည်။ ပွဲတော်၏မစ္ဆားတရားကို လည်း အီတလီစံတော် ချိန်နံနက် (၉:၄၅) တွင်တိုက်ရိုက်ထုတ်လွှင့် ပါမည်။ ယခင်နှစ်ကဤကိုယ်တော်မြတ်ပွဲတော်ကြီးကိုရောမ မြို့နှင့် မဝေးလှသော Casal Bertone ရှိ Santa Maria Consolatrice ဘုရားကျောင်း၌ပူဇော်ခဲ့သည်။ ထိုနှစ်မတိုင်ခင်ကမူဩစတီယာရှိစိန့်မောနီ ကာသာသနာအုပ်စု၏ဘုရားကျောင်းရင်ပြင်တွင်ပူဇော်ခဲ့သည်။ ရဟန်းမင်းကြီးအဖြစ်အမှုတော်စတင် ထမ်းခဲ့သော (၂၀၁၃ မှ ၂၀၁၇) နှစ်အထိ ရောမြို့ရှိဘုရားကျောင်းတော်ကြီးတစ်ကျောင်းဖြစ်သည့်စိန့်ဂျွန် ဘုရားကျောင်းကြီး၌သာမစ္ဆားတရားကိုဦးဆောင်ပူဇော်ခဲ့သည်။ မစ္ဆားတရားပူ ဇော်ခြင်းအဆုံး၌လည်း ကိုယ်တော်မြတ်စီတန်းလှည့်လည်ခြင်းကိုစိန့်ဂျွန်ဘုရားကျောင်းကြီးမှစိန့်မေရီဘုရားကျောင်းကြီးဆီသို့ ပင့်ချီကြွမြန်းပြီး၊ အဆုံးသတ်လေ့ရှိသည်။
ခမ်းနားစွာကျင်းပရခြင်း၏အစမူလ
ကိုယ်တော်မြတ်ပွဲတော်ကြီးကျင်းပလာခဲ့သည့်သက္ကရာဇ်ကိုပြန်လည်ကောက်ကြောင်းဆင်လိုက် မည်ဆိုပါက (၁၃) ရာစုကစခဲ့သည်။ ဘယ်ဂျီယံနိုင်ငံမှစိန့်ဂျူလီယားနာ (St. Juliana de Cornillon) ၏ အလွန်နက်နဲသောရူပါရုံရရှိခြင်းမှအစပြုကာဒေသန္တရပွဲတစ်ပွဲအဖြစ် (၁၂၄၇) အစပြုခဲ့သည်။ နှစ်အ တန်ကြာပြီးနောက်၊ (၁၂၆၃) ဘိုဟေးမီးယားလူမျိုးဘုန်းတော်ကြီးတစ်ပါးကအီတလီသို့ဘုရားဖူးရောက် လာခဲ့ သည်။ ထိုအတောအတွင်းအဆိုပါဘုန်းတော်ကြီးသည် Bolsena မြို့၌မစားပူဇော်နေစဉ်ကိုယ် တော်မြတ်စက္ကရာမင်းတူ၌ကိုယ်တော်မြတ် အမှန် စဉ်စစ်ကိန်း၀ပ်နေကြောင်းကိုသံသယ၀င်လာမိသည်။ ထိုအချိန်၌ပင်ကိုယ်တော်မြတ်မုန့်တော်၌ယေဇူးသခင်အမှန် တကယ်ကိန်း၀ပ်နေကြောင်း ကိုတန်ခိုးတွေ့ ရှိခဲ့သည်။ အဘယ်ကြောင့်ဆိုသော်မင်္ဂလာဆိုအပြီး၌ထက်ခြမ်းခွဲထားသောကိုယ်တော်မြတ်မုန့်တေ၈္ကာ်မှသွေးတော်များစိမ့်ထွက် လာခဲ့သည်။ ထိုသို့ဖြစ်ပျက်ပြီးနောက်တစ်နှစ် (၁၂၆၄) ခုနှစ်၌ထိုစဉ်ကရဟန်း မင်းကြီးဖြစ်သောဦဘန် (၄) ကကိုယ်တော်မြတ်ပွဲတော်ကိုတစ် ကမ္ဘာလုံးရှိကက်သလစ်ဘာသာ၀င်များ ကျင်းပရန်တရား၀င်ကြေငြာခဲ့သည်။
အမိသာသနာတော်ကြီး၏ယုံကြည်ရာသွန်သင်ချက်
ကိုယ်တော်မြတ်စကရာမင်းတူပွဲနေ့သည် ယေဇူးသခင် ၏ကိုယ်တော်မြတ် မုန့်တော်တွင်အမှန်စဉ် စစ်ကိန်း၀ပ်စံပ္ပါယ်ကြောင်း ယုံကြည် ၀န်ခံသောပွဲနေ့ဖြစ် သည်။ ဤကဲ့သို့အမှန်စဉ်စစ်ကိန်း၀ပ်စံပ္ပါယ် ကြောင်းကို (၁၂၁၅) ခုနှစ်က (၄) ကြိမ် မြောက် လေတာရင်အစည်းအေဝေးကြီး
ကတရား၀င်ကြေငြာခဲ့ သည်။ ထို့နောက် (၁၅၅၁) ခုနှစ်တွင်ထရင့်အစည်းအဝေးကြီးကလည်း ‘CCC’ (Catechism of the Catholic Church - ၁၃၇၆) တွင်ဖော်ပြထားသောအချက်ဖြင့်ထပ်မံအတည်ပြုခဲ့သည်။
ဘာသာပြန်ဆိုသူ-ဖာသာရ်ကလဲမင့်အားတယ်
Add new comment