Radio Veritas Asia Buick St., Fairview Park, Queszon City, Metro Manila. 1106 Philippines | + 632 9390011-15 | +6329390011-15
ပုပ်ရဟန်းမင်းကြီးသည် ကမ္ဘာ့သာသနာပြုနေ့အားမှတ်မှတ်ရရဖြစ်စေခဲ့
ပုပ်ရဟန်းမင်းကြီးသည် ကမ္ဘာ့သာသနာပြုနေ့အားမှတ်မှတ်ရရဖြစ်စေခဲ့
ယနေ့သည်ကမ္ဘာ့သာသနာပြုနေ့ဖြစ်သည်။ ယနေ့အလွန်ပျော်ရွှင်ရပါကြောင်းနှင့်ဘုရားသခင်ကိုလည်းကျေးဇူး ရဟန်းမင်းကြီးကထုတ်ဖော်မိန့် ကြားခဲ့သည်။ အဘယ်ကြောင့်ပျော်ရပြီး၊ ကျေးဇူးတင်ရသနည်းဟုမူ အီတလီသာသနာပြု ဘုန်းတော်ကြီး Pierluigi Macalli အားပြန်ပေးဆွဲထားခဲ့ရာမှပြန်လည်လွှတ်ပေးခဲ့သည်။ ဤဘုန်းတော်ကြီးသည် (၂၀၁၈၊ စက်တင်ဘာလ၊ ၁၇) နီဂျယ်၌ပြန်ပေးဆွဲခံခဲ့ရသည်။ သူ့အား (၂၀၂၀၊ အောက်တိုဘာလ ၈) ရက်နေ့ကပြန်လွှတ်ပေးခဲ့ သည်။ သူသည်ပြန်ပေးဆွဲသူတို့လက်ထဲ၌ နှစ်နှစ်နေခဲ့ရသည်။
ပြန်ပေးဆွဲသည့်အဖွဲ့မှာ jihadist (ဂျီဟပ်) အုပ်စုဖြစ်သည်။ ဘုန်းတော်ကြီးနှင့်အတူဖမ်းဆီးခံထားရသောအခြားသုံးဦးလည်းလွှတ်မြောက်လာခဲ့သည်။ ရဟန်းမင်းကြီးအနေဖြင့်ဘုရား သခင်ကိုကျေးဇူးတင်ကြောင်း၊ အဘယ်ကြောင်ဆိုသော်ဘုန်းတော်ကြီးပြန်လည်လွှတ်မြောက်လာစေရန်အချိန်ကြာမြှင့်စွာ စောင့်စားခဲ့ရသည်။ ဘုန်းတော်ကြီးနှင့်အတူဖမ်းဆီးခံအခြားသုံးယောကိုလည်းလွှတ်ပေးသောကြောင့်၀မ်းသာရပါကြောင်း၊ သာသနာပြုများ၊ ဓမ္မဆရာများ၊ ပြန်ပေးဆွဲခံရသူများ၊ ညှဉ်းပမ်းနှိပ်စက်ခံရသူများအတွက်မပြတ်တမ်းဆက်လက်ဆု တောင်းပါကြောင်းရဟန်းမင်းကြီးကမိန့်ကြားခဲ့သည်။
ကမ္ဘာ့သာသနာပြုများနေ့
ရဟန်းမင်းကြီးက ယနေ့အမိသာသနာတော်သည် ကမ္ဘာ့သာသနာပြုနေ့ကိုအမှတ်ရကျင်းပနေကြကြောင်း၊ ယခု နှစ်၏ကျင်းစဉ်မှာပရောဖက်အီဇယ၏ကျမ်းစာမှကောက်နုတ်ထားသော ‘ဆေးကြောခြင်းခံယူခြင်းနှင့်စေလွှတ်ခြင်း’ ‘ညီ အစ်ကိုမောင်နှမစိတ်ထားကိုပိုမိုခိုင်မြဲစေခြင်း’ တို့ ဖြစ်ပါ သည်။ ကမ္ဘာ့သာသနာပြုများနေ့ကို ရဟန်းမင်းကြီးပီအုစ် (၁၁) မှ (၁၉၂၆) ခုနှစ်ကသတ်မှတ်ကျင်းပလာခဲ့ခြင်းဖြစ်သည်။ ဤသို့ကျင်းပရခြင်းမှာကက်သလစ်ဘာသာတူများအနေဖြင့်လည်း ကိုယ်တိုင်ကိုယ်ကျသာသနာပြုရန်၀တ္တရားရှိကြောင်း၊ ကိုယ်တိုင်တက်ကြွစွာသာသနာမပြုနိုင်လျင်လည်း သာသနာပြုများ အားကူညီပံ့ပိုးပေးရန်၀တ္တရားရှိကြောင်း၊ ထို့ကြောင့်အမိသာသနာ၏သာသနာပြုခြင်းလုပ်ငန်းတော်၌ဆုတောင်းခြင်း၊ အ ခြားသောနည်းလမ်းကောင်းများဖြင့်ကူညီရန်၀တ္တရားရှိသည်ကိုသိစေရန်ဖြစ်သည်။
သတင်းကောင်းဖြန့်ဝေခြင်းအမူသည် သာမန်ဘာသာတူများမှသည်မိမိတို့၏အသက်တာကိုဆက်ကပ်ထားကြသူတို့၏အလွန်မွန်မြတ်သောအမူတော်ဖြစ်ကြောင်း၊ ခရစ်ယာန်တိုင်းသည်ညီရင်းအစ်ကိုစိတ်ဓာတ်ကိုသယ်ဆောင်ပေးရမည်သူများဖြစ်ကြောင်း၊ သာသနာပြုများ၊ ရဟန်း တော်များ၊ သာမန်ဘာသာတူများ၊ မိမိတို့အသက်တာကိုဘုရား၏အမူတော်အတွက်ဆက်ကပ်ထားကြသူများသည်ဤညီ အစ်ကိုရင်းစိတ်ဓာတ်ကိုတထူးတခြားမြင့်တင်ရှင်သန်ရန်လုပ်ဆောင်ရမည်။ ဤအမူတော်အတွက်ခေါ်တော်မူခြင်းခံထားရ သည်။ ထို့ကြောင့်၄င်းတို့အတွက်တို့အတွက်ဆုတောင်းပေးကြစို့။ သူတို့အားလည်းထိရောက်ပြီး၊ လက်တွေ့ကျသော အကူ အညီများကိုလည်းပေးကြပါစို့ဟုတိုက်တွန်းထားသည်။
ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်
Photo courtesy of: (AFP or licensors)
Add new comment