ပုပ်ရဟန်းမင်းကြီးရုံးတော်မှ ကိုဗစ် ၁၉ ကပ်ရောဂါ ကာလ၌ ဝါ၀င်သည့် ဗုဒ္ဓဟူးနေ့ ပြာခံခြင်းလမ်းညွှန်ချက်

ပုပ်ရဟန်းမင်းကြီးရုံးတော်မှ ကိုဗစ် ၁၉ ကပ်ရောဂါ ကာလ၌ ဝါ၀င်သည့် ဗုဒ္ဓဟူးနေ့ ပြာခံခြင်းလမ်းညွှန်ချက်

ပုပ်ရဟန်းမင်းကြီးရုံးတော်မှ ကိုဗစ် ၁၉ ကပ်ရောဂါ ကာလ၌ ဝါ၀င်သည့် ဗုဒ္ဓဟူးနေ့ ပြာခံခြင်းလမ်းညွှန်ချက်

ရဟန်းသည် ပြာကို ကောင်းကြီးပေးပထ္ထနာရွတ်ဆိုလျက် ပြာများကို ကောင်းကြီးပေးသည်။ ထို့နောက် မည်သည်ကိုမျှရွတ်ဆိုခြင်းမပြုပဲ ပြာများပေါ်တွင် မေတ္တာရေဖြင့် ပက်ဖျန်းသည်။ ထို့နောက် ရိုမန်ဝိနည်းတော်စာအုပ်တွင် ပြဌာန်းထားသည့် "နောင်တယူ၍ ဧဝံဂေလိတရားတော်ကို ယုံကြည်ကြလော့" သို့မဟုတ် "သင်သည်မြေမှုန့်မှလာ၍မြေမှုန့်သို့ ပြန်သွားရမည်ကိုသတိရလော့" ဟူသောတရားယူချက်ကိုရောက်ရှိနေသည့် ဘာသာဝင်အားလုံးတို့အတွက် (အားလုံးကြားနိုင်သောအသံဖြင့်) တစ်ကြိမ်တည်းသာရွတ်ဆိုပေးသည်။ တစ်ကြိမ်တည်းသာရွတ်ဆိုခြင်းဖြင့် အားလုံးအတွက် ယေဘုယျ ရည် ရွယ်ရွတ်ဆိုပေးခြင်းဖြစ်သည်။

ထို့နောက်ရဟန်းသည် လက်ကို လက်သန့်ဆေးရည်ဖြင့် ဆေးကြောပြီး နှာခေါင်းနှင်းပါးစပ်အုပ် (Mask) ကိုတပ်ဆင်ကာ၊ ဘာသာ၀င်များက အရှေ့သို့လာရောက်ကြပြီး၊ ပြာကိုခံယူကြသည်။ အကယ်၍ သင့်လျော်ပါက ဘာသာ၀င်များက မိမိတို့နေရာများ၌သာ ရပ်လျက်နေကြပြီး ရဟန်းမှ သူတို့ထံသို့ သွားရောက်ပြီး ပြာကိုယူကာ မည်သည်ကိုမျှရွတ်ဆိုခြင်းမပြုပဲ တစ်ဉီးစီ၏ ဉီးခေါင်းပေါ်တွင် ပြာများကို (ကြဲဖြန့်) ဖြူးပေးသည်။

ဝတ်ပြုကိုးကွယ်ခြင်းနှင့် စက္ကရမင်တူးများကျင်းပခြင်း စည်းမျဉ်းများဆိုင်ရာ ပုပ်ရဟန်းမင်းကြီးရုံးတော်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက် နေ့တွင် ထုတ်ပြန်လိုက်သည်။

ရောဘတ်ကာဒီနယ် ဆာရာ
အကြီးအမှုး (Prefect)

အာသူး ရိုချီ
အတွင်းရေးမှုးဂိုဏ်းချူပ်ဆရာတော်

 

ဘာသာပြန်- ဖာသာရ်ရစ်ချက်လှမင်းဉီး

http://bit.ly/2LP2N0S

Add new comment

3 + 13 =