ပုပ်ရဟန်းမင်းကြီးရုံးတော် ဘာသာတရားများနှီးနှောဖလှယ်ခြင်း ဆိုင်ရာ အဖွဲ့ဝင်သစ်များတွင် မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီးပါ၀င်

ပုပ်ရဟန်းမင်းကြီးရုံးတော် ဘာသာတရားများနှီးနှောဖလှယ်ခြင်း ဆိုင်ရာ အဖွဲ့ဝင်သစ်များတွင် မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီးပါ၀င်

ပုပ်ရဟန်းမင်းကြီးရုံးတော် ဘာသာတရားများနှီးနှောဖလှယ်ခြင်း ဆိုင်ရာ အဖွဲ့ဝင်သစ်များတွင် မန္တလေးဂိုဏ်းချုပ်ဆရာတော်ကြီးပါ၀င်

ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်သည် ဇူလိုင်လ ၈ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီးရုံးတော် ဘာသာတရားများနှီးနှော ဖလှယ်ခြင်း ဆိုင်ရာ အဖွဲ့ဝင်သစ်များထပ်မံ ခန့်အပ်ခဲ့ရာ မြန်မာနိုင်ငံမှ မန္တလေးဂိုဏ်းချူပ်ဆရာတော်ကြီး

မာကုတင်ဝင်း ကိုလည်း တစ်ပါး အပါအဝင်ခန့်အပ်ခဲ့ကြောင်း အာရှတိုက်ဆရာတော်ကြီးများအဖွဲ့ချုပ် ,FABC ဉက္ကဌ ကာဒီနယ် ချားစ်လ်မောင်ဘို မှ စာလွှာရေးပို့ အသိပေးခဲ့ပါသည်။

အသစ်ထပ်မံဖြည့်စွက်သည့် အဖွဲ့၀င်များတွင် အာရှတိုက်နိုင်ငံ အသီးသီးမှ ဆရာတော်ကြီးများနှင့် ကာဒီနယ်များ ၉ ပါးပါ၀င်သည်ဖြစ်ရာ အာရှကက်သလစ် အသင်းတော်အတွက် အားရဖွယ်ရာဖြစ်ကြောင်းကိုလည်း ကာဒီနယ်ချားစ် မှ ဝမ်းသာ စကားမြွက်ကြားရေးပို့ ခဲ့ပါသည်။

ထပ်မံဖြည့်စွက် ခန့်အပ်သည့် အာရှဆရာတော်ကြီးများနှင့် ကာဒီနယ် ၉ ပါး မှာ-

၁။ ဖိလစ်ပိုင် မှ ကာဒီနယ် လူးဝစ် တာ့ဂလယ်
၂။ လာအို မှ ကာဒီနယ် လူးဝစ်မာရီလင်း
၃။ အင်ဒိုနီးရှားမှ ကာဒီနယ်
အစ်ဂနေးရှပ်စ် စူဟာ့ရီရို
၄။ အိန္ဒိယမှ ဂိုဏ်းချူပ်ဆရာတော်ကြီး ဖဲလစ် အန်ထော်နီ
၅။ မြန်မာ မှ ဂိုဏ်းချူပ်ဆရာတော်ကြီး မာကုတင်ဝင်း
၆။ ဂျပန် မှ ဆရာတော်ကြီး ပေါလ်ယိုရှီနာအို
၇။ ထိုင်ဝမ် မှ ဂိုဏ်းချူပ်ဆရာတော်ကြီး သောမတ်စ် ချုန်အဲန်ဇု
၈။ အိန္ဒိယမှ ဆရာတော်ကြီး ရာဖီ
၉။ ဗီယက်နမ် မှ ဆရာတော်ကြီး ဂျိုးဇက်
တို့ဖြစ်ကြပါသည်။

အသစ်ခန့်အပ်ခံရသော ဆရာတော်ကြီးများအတွက် ဂုဏ်ယူပါကြောင်း ကို FABC ဉက္ကဌ ကာဒီနယ်ချားစ်ဘို မှ နုတ်ဆက်ထားပါသည်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA
 

Add new comment

6 + 1 =