ပုပ်ရဟန်းမင်းကြီးမှ လက်ဘနွန်​ပေါက်ကွဲမှုအတွက် အလှူ​ငွေများ လှူဒါန်း

ပုပ်ရဟန်းမင်းကြီးမှ လက်ဘနွန်​ပေါက်ကွဲမှုအတွက် အလှူ​ငွေများ လှူဒါန်း

ပုပ်ရဟန်းမင်းကြီးမှ လက်ဘနွန်​ပေါက်ကွဲမှုအတွက် အလှူ​ငွေများ လှူဒါန်း

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် လက်ဘနွန်နိုင်ငံမြို့​တော် ​ဘေရွတ်တွင်ဖြစ်ပွားခဲ့​သော ​ပေါက်ကွဲမှုဖြစ်စဥ်မှ ပြန်လည်တည်​ထောင်​ရေးအတွက် ယူရို ၂၅၀၀၀၀(အ​မေရိကန်​ဒေါ်လာ ၂၉၅၄၈၈​ဒေါ်လာ)ကို လှူဒါန်းခဲ့သည်။

ပြီးခဲ့​သော အပတ်က ဖြစ်ပွား ခဲ့​သော ​ပေါက်ကွဲမှုတွင် လူ ၂၃၇ ဦးထက်မနည်း ​သေဆုံးခဲ့ပြီး ​ထောင်​ပေါင်းများစွာဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ​ပေါက်ကွဲမှုက ဆိပ်ကမ်းရှိ အ​ဆောက်အအုံးအားလုံးကို စိစိညက်​ကြေ​စေခဲ့သည်ဟု ​ဘေရွတ်မြို့​တော်ဝန် Marwan Abboutက ​ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီး၏အလှူ​ငွေသည် ဖွံ့ဖြိုး​ရေးအဖွဲ့တစ်ခုမှတစ်ဆင့် လက်ဘနွန်ကက်သလစ်သာသနာသို့ ​ရောက်ရှိမည်ဖြစ်ပြီး ထိုမှတစ်ဆင့် လိုအပ်​သော ​နေရာများတွင် အသုံးပြုသွားမည်ဖြစ်သည်။ ​

ပေါက်ကွဲမှု​ကြောင့် အ​ဆောက်အအုံ​များ၊ဘုရား​ကျောင်း၊စာသင်​ကျောင်းနှင့် ရုံးများ ပျက်စီးခဲ့ရသည်။လက်ရှိအချိန်တွင်အိမ်ယာမဲ့​​ပေါင်း သုံးသိန်းခန့်ရှိ​နေပြီး ကက်သလစ်သာသနာမှ ကရုဏာ​ရေးလက်ဘနွန်အဖွဲ့၊နိုင်ငံတကာ ကရုဏာ​ရေးအဖွဲ့နှင့် ကရုဏာ​ရေးသီလရှင်များမှ ကူညီ​ပေး​နေကြသည်။

ပုပ်ရဟန်းမင်းကြီးသည် လက်ဘနွန်​ပေါက်ကွဲမှုဖြစ်စဥ်မှာ ဒုက္ခ​ရောက်​နေသူများအတွက် ဆု​တောင်း​ပေးရန် တိုက်တွန်းခဲ့သည်။သြဂုတ်၅ရက်​နေ့က တိုက်ရိုက်ထုတ်လွင့်မှုတွင် ပုပ်ရဟန်းမင်းကြီးက ​ဘေရွတ်ရှိမြို့သူမြို့သားအားလုံးကို သတိရဆု​တောင်း​ပေးပါ​ကြောင်း ​ပြောကြားခဲ့သည်။

 

 

ဘာသာပြန်- Agnes Lawh Lun

 Photo courtesy of : Daniel Ibáñez/CNA

https://bit.ly/30FSoJG

Add new comment

2 + 1 =