ပုပ်ရဟန်းမင်းကြီးမှ ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွက် အရေးပေါ်သုံးစွဲရန်ရံပုံငွေ မတည်ခြင်း

ပုပ်ရဟန်းမင်းကြီးမှ ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွက် အရေးပေါ်သုံးစွဲရန်ရံပုံငွေ မတည်ခြင်း

ပုပ်ရဟန်းမင်းကြီးမှ ကိုဗစ် ၁၉ ကပ်ရောဂါကာလအတွက် အရေးပေါ်သုံးစွဲရန်ရံပုံငွေ မတည်ခြင်း

 

ဧပြီလ ၆ ရက် တနင်္လာနေ့က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ကိုဗစ် ၁၉ ကပ်ရောဂါအတွင်း ၀မ်းနည်းစွာ ထိခိုက်ခံစားနေရသူများအတွက် Pontifical Mission Society,PMS တွင်  အလျှူငွေ မတည် ထဲ့ဝင်ခဲ့ပါသည်။

ဤရန်ပုံငွေကို ကမ္ဘာတဝှမ်းရှိ သာသနာတော်များအတွက် ချိတ်ဆက်အသုံးပြုသွားမည်ဖြစ်ကြောင်း

သာသနာ တော်သည် ၄င်း၏ ဧဝံဂေလိ သတင်းကောင်းဝေမျှရေးတွင် အမြဲတစေ ရှေတန်းမှ အဓိက လုပ်ဆောင်နေကြောင်း အာဖရိကတိုက် တခုထဲပင်လျင် သစ္စာသုံးပါးခံသူတော်စင်များ ၇၄၀၀၀ ကျော် နှင့် ရဟန်းဘူန်းတော်ကြီး ၄၆၀၀၀ ကျော်တို့က ဆေးရုံ ဆေးခန်းပေါင်း ၇၂၇၄ ခု ဘိုးဘွားရိပ်သာနှင့်ပြုစုစောင့်ရှောက်ရေးဂေဟာ ၂၃၄၆ ခု မူလတန်း ကျောင်းပေါင်း၊ ၄၅၀၈၈ ခု ရှိပြီး ကလေးငယ် ၁၉ သန်းကျော် ပညာသင်ကြားပေးလျှက်ရှိကြောင်း ကို ဧဝံဂေလိ သတင်းကောင်းပြန့်ပွားရေးဆိုင်ရာ ပုပ်ရဟန်းမင်းကြီး ရုံးတော် ကောင်စီ မှ ကာဒီနယ် တာ့ဂလယ် မှ အထက်ပါအလျှုငွေနှင့် ပတ်သက်၍ ပြောကြာခဲ့ပါသည်။

ပုပ်ရဟန်းမင်းကြီးသည် ပထမဆုံးအနေဖြင့် အလျှူငွေ ပဒေသာပင်ကို ဖွင့်ခဲ့သည်သမက သူကိုယ်တိုင်က အမေရိကန်  ဒေါ်လာ ၇၅၀၀၀၀ ကျော် မတည် လျှူဒါန်းခဲ့ကြောင်းနှင့် ပါ၀င်လျှူဒါန်းနိုင်သူများကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။

ကမ္ဘာတဝှမ်းမှ လျှူဒါန်းလိုသူများအနေဖြင့် PMS နဲ့ ဆက်သွယ်လျှုဒါန်းနိုင်ကြောင်း နှင့် ဤအဖွဲ့မှ သာသနာ စီရင်စု ၁၁၁၀ ကို ကူညီခဲ့ပြီးဖြစ်ကြောင်း ၄င်းတို့မှာ အာရှ၊ အာဖရိက၊ အိုရှဲန်းနီးယား နဲ့ အမေဇုန် ဒေသ တချို့ကို ပံ့ပိုးကူညီခဲ့ပြီး ဖြစ်ကြောင်းကို ဗာတီကန်သတင်းအရ သိရှိရပါတယ်။

 

By Sr.Lucia Thandar Aung,SJA

 

Photo credit: ANSA

https://bit.ly/34gLlr4

 

Add new comment

4 + 9 =