ပုပ်ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) ၏ကောင်းကြီးခံယူပြီးကင်ဆာပျောက်ကင်သွားသူသည်ရဟန်းဖြစ်လာ

ပုပ်ရဟန်းမင်းကြီးဘေနေဒစ် (၁၆) (ငြိမ်း) ၏ကောင်းကြီးခံယူပြီးကင်ဆာပျောက်ကင်သွားသူသည်ရဟန်းဖြစ်လာ

သူ၏အမည်ကား ဖာသာရ် Peter Srsich ဖြစ်သည်။ သူသည် (ရောမဩ၀ါဒစာ ၈း၂၈) မှကျမ်းနှုတ်စကားဖြစ်သော ‘ဘုရားသခင်သည် မိမိချစ်၍ မိမိ၏ရည်ရွယ်ချက်အတိုင်း ခေါ်ယူထားသောသူတို့နှင့်အတူ အားလုံးသောအရာတို့၌ ကောင်းကျိုးဖြစ် ပေါ်စေရန် လုပ်ဆောင်တော်မှုသည်ကို ငါတို့သိကြ၏’ ဟူသောအချက်အတိုင်းဖြတ်သန်းခွန်အားယူခဲ့သူဖြစ်သည်။

ထိုအချိန်က သူသည် အသက် (၁၇) နှစ်သာရှိသေးသည်။ လှေစီးခရီးမှပြန်လာပြီးနောက်ပိုင်း အမောဆို့နေတတ်ပြီး၊ ချောင်းလည်းဆိုးနေခဲ့သည်။ မိသားစု က အဆုတ်အအေးပတ်ခြင်းလောဟုစိတ်ထင်နှင့်သွားရောက်ဆေးစစ်စေခဲ့သည်။ ထွက်ပေါ်လာသော ဆေးစစ်ချက်၏အဖြေကြား နားကားစရာဖြစ်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် အဆုတ်၌အကျိတ်ကြီးတစ်လုံးကိုတွေ့ရှိခဲ့ပြီး အဆင့် (၄) ရှိနေပြီဖြစ်သည်။ သို့ဖြင့် ကီမိုဆေးများသွင်းခဲ့သည်။ သက်သာလာသည်ထက် သူ့အားစိတ်ဓာတ်ရေးရာကျဆင်းလာမှုများရှိလာခဲ့သည်။

သူသည် ဘာ သာရေးကိုင်းရှိုင်းသောလူငယ်တစ်ဦးဖြစ်သော်လည်း အဘယ်ကြောင့်စိတ်ဆင်းရဲနေရသနည်း။ သူသည် ရဟန်းဘ၀ကိုလျှောက် လှမ်းရန်အတွက်လည်း စိတ်ပိုင်းထားသူလည်းဖြစ်သည်။ သို့သော် ထိုသို့သောပြင်းထန်သည့်‌ဝေဝောကိုခံစားနေရသော ဆေးရုံ ပေါ်၌ရှိသောရက်များ၌ ကိုယ်တော်မြတ်ကိုပင့်ချင်စိတ်မရှိခဲ့။ ဤသူ၏ ယုံကြည်ခြင်းနှင့်‌ဝေဝောနှင့်ပတ်သက်သောရုန်းကန်မှုအ ကြောင်းကိုမှု ရောဂါကင်းပျောက်ပြီးနောက်ပိုင်း Denver Catholic လူမူကွန်ရက်၌ပြန်လည်ပြောပြထားသည်။ သူ၏ပြောပြ ချက်ကား ‘ကျွန်တော်ကိုယ်တော်မြတ်ပင့်ယူတာကို ကျွန်တော့်အမေမြင်ရင်သူပျော်နေမယ်ဆိုတာကိုကျွန်တော်သိတယ်။ အဲ့ဒါက ဘာနဲ့တူသလဲဆိုတော့ ‘ကျွန်တော်နေကောင်းတယ်။ သက်သာတယ်’ ဆိုတဲ့သဘောပေါ့။ ကျွန်တော်ကိုယ်တော်မြတ်ကိုခံယူခဲ့တယ်။ ကျွန်တော့်အတန်းဖော်က ကိုယ်တော်မြတ်ကိုပင့်မြောက်ပြီး ‘ဘုရား၏သိုးငယ်တော်ကိုကြည့်လော့ ....’ ကျွန်ုပ်တို့၏သခင်သည် သူ့ ကိုယ်သူကျွန်ုပ်တို့အားပြသည်။ အလွန်တန်ခိုးကြီးမားသောနည်းလမ်းဖြင့် ကျွန်ုပ်တိုအားဖော်ပြသည်။ ယေဇူးသခင်သည် ကျွန်ုပ်၏ စိတ်ထဲ၌စကားပြောနေသည်။ သူ၏စကားသံကို သေချာစွာကြားနေရသည်။ ယေဇူးသခင်က ‘ပီတာ ... ဒီလုပ်ရပ်ဟာခက်တယ်ဆို တာသိတ်။ မင်းဆီက‌ဝေဝောကိုဖယ်ရှားပစ်မှာမဟုတ်ဘူး။ ဒါပေမယ့် မင်းနဲ့အတူ ငါလျှောက်မယ်’ ဟုပြောသည်။ ထိုစကားသည်ကျွန်တော်ခံစားနေရသော ‌ဝေဒနာပျောက်ကင်းသွားခြင်းမရှိသော်လည်း အရာရာသည်ပြောင်းလဲ သွားခဲ့သည်။

The Make-a-Wish ဖောင်ဒေးရှင်းသည် နာတာရှည်ရောဂါခံစားနေရသောကလေးများအား ၄င်းတို့ ၏ဆန္ဒများ ကိုဖြည့်ဆည်းပေး၍ စိတ်သက်သာယာရအောင်ကြိုးစားပေးလေ့ရှိသည်။ ထိုအခွင့်အရေးသည် ပီတာထံသို့ရောက်ရှိလာ ခဲ့သည်။ ပီတာ၏ဆန္ဒကား ဗာတီကန်သို့သွားရောက်လည်ပတ်၍ ရဟန်းမင်းကြီးနှင့်တွေ့ဆုံလိုသည်။ ထိုအခွင့်အရေးကို သူရခဲ့သည်။ ရဟန်းမင်းကြီးနှင့်တွေ့ဆုံခဲ့ပြီးနောက် သူ၏ခံစားချက် ကို သူ့အားဗာတီကန်သို့သွားရောက်နိုင်ရန်ကူညီပေး ခဲ့သူ LuAnn Griffin က ‘ဗာတီကန်အရောက်သွားရန် မှာသူ၏အလွန်ပြင်းပြသောဆန္ဒဖြစ်သည်ကို သံသယမရှိကျွန်ုပ်ယုံသည်’ ဟုပြောပြခဲ့သည်။

ရဟန်းမင်းကြီးနှင့်တွေ့ဆုံခဲ့သည်။

မတ် (၂၀၁၂) ခုနစ်၌သူ၏ ဆန္ဒပြည့်စုံလာခဲ့သည်။ ပီတာသည် မိသားစုနှင့်အတူဗာတီကန်သို့ခရီး ထွက်လာခဲ့သည်။ ရဟန်းမင်းကြီးနှင့်ဆုံရမည်ဟုလည်း သူမမျှော်လင့်၀ခဲ့ပေ။ စိန့်ပီတာရင်ပြင်သို့ ရဟန်း မင်းကြီးဘေးနေဒစ် (၁၆) နှင့်တွေ့ရန်သွားခဲ့ကြသည်။ သို့ဖြင့် ပီတာ၏မိသားစုသည် ရဟန်းမင်းကြီးနှင့်အ မှန်တကယ်တွေ့ဆုံနိုင်ရန် တန်းစီခဲ့ရသည်။ တန်းစီနေသောလူအုပ်များထဲ၌ ငွေကြေးတတ်နိုင်သောသူများ လည်းပါသည်။ သူတို့သည် ရဟန်းမင်းကြီးအားလက်ဆောင်ပေးရန် စျေးကြီးသောလက်ဆောင်များကိုယ်စီ ပါနေကြသည်။ ထိုအခါ ဖခင်ဖြစ်သူကပီတာအား ရဟန်းမင်းကြီးကို သူ၏လက်ထဲ၌စွပ်ထားသည့် ‘ပီတာ့အ တွက်ဆုတောင်းပေးပါ’ ဟုရေးထိုးထားသော လက်ပတ်အစိမ်းကိုပေးလိုက်ရန်အကြံပြုလိုက်သည်။ ထိုစာ သားနှင့်အတူ (ရောမ ၈း၂၈) မှ ‘ဘုရားသခင်သည် မိမိကိုချစ်၍မိမိ၏ရည်ရွယ်ချက်အတိုင်း ခေါ်ယူထား သောသူတို့နှင့်အတူ အားလုံးသောအရာတို့၌ ကောင်းကျိုးဖြစ်ပေါ်စေရန် လုပ်ဆောင်တော်မူသည်ကို ငါတို့ သိကြ၏’ ဟူသောကျမ်းချက်ကို ပီတာသည်အလွန်နှစ်သက်၏။

ရဟန်းမင်းကြီးဘေနေဒစ် (၁၆) သည် ပီတာအား လက်ခံစကားပြောလိုက်သည်။ ရဟန်းမင်းကြီး သည် ပီတာအားသေချာစွာစိုက်ကြည့်ပြီးနောက် ‘မင်း အဂ်လိပ်စကားပြောသားဘဲ’ ဟုမှတ်ချက်ပြုပြီး ရ ဟန်းမင်းကြီးက သူ၏လက်ကိုပီတာ၏ညာဘက်ရင်ပတ်ပေါ်တင်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် အကြိတ်သည် ညာဘက်၌ဖြစ်နေသည်။ ပီတာသည် သူခံစားနေရသောရောဂါအကြောင်းကို ရဟန်းမင်းကြီး အားမပြောပြခဲ့ပေ။ ပုံမှန်အရဆိုပါလျှင် ကောင်းကြီးပေးလျှင် ခေါင်း၌သာပေးလေ့ရှိသည်။ ထိုအခါ ပီတာ ကသူ့အနေဖြင့်ရဟန်းတစ်ပါးလိုကြောင်းပြောပြပြီး ရဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူခံယူခဲ့သည်။ ထို ကောင်းကြီးသည် တန်ခိုးပြသည်ဟုအများကယုံကြည်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထို ကောင်းကြီးခံယူဖြစ်နောက် ပီတာသည်အလွန်ပြောင်းလဲသွားသည်။

ကီမိုသည်ပီတာအားကင်ဆာရောဂါမှ ကူညီတွန်းလှန်ပေးသည်ဟုဆိုနေရာမှ Make-A-Wish အဖွဲ့သည် ပီတာအားကီမိုကိုမသုံးရန်ကူညီတွန်း လှန်ပေးသည်ဟုပြောင်း၍ပြောရတော့မည်ဖြစ်သည်။ ဆိုလိုသည်မှာ ယခင်က ီမိုသည် ကင်ဆာရောဂါ ကိုကူတိုက်ပေးနေသည်။ ယခု အဆိုပါဖောင်ဒေးရှင်းအဖွဲ့၏ကူညီမှုဖြင့်ရဟန်းမင်းကြီးနှင့်ဆုံခွင့်ကိုဖန်တီး ခဲ့ပြီးနောက် ကီမိုမဟုတ်တော့ အဆိုပါခရီးမှရလိုက်သောအင်အားဖြင့်သူသည်ကီမိုကိုမှီခိုရသူမဟုတ်တော့ ပေ။ ထိုသို့ဖြစ်လာရန် ဖောင်ဒေးရှင်းကကူညီပေးခဲ့သည်ဟုဆိုလိုခြင်းဖြစ်သည်။ ရဟန်းမင်းကြီးသည် ပီတာ ၏အနာဂတ်ကိုသိ၍ အဟန့်အတားဖြစ်နေရာမှကူညီရုန်းထွက်နိုင်စေခဲ့သည်။ အလွန်သေးဖွဲသော အာနု ဘော်တော်အားဖြင့်ပီတာသည် ကင်ဆာကိုအောင်မြင်နိုင်ခဲ့သည်ဟု (၂၀၁၃) ခုနှစ်၊ ABC သတင်းဌာနအား ဖြေကြားခဲ့သည်။

ရဟန်းမင်းကြီးနှင့်ဆုံဆည်းပြီး ဆယ်စုနှစ်တစ်ခုအကြာ၌ ပီတာသည် အခြားသောဆုကိုလည်းအမှန် တကယ်ပိုင်ဆိုင်နိုင်ခဲ့သည်။ ဘုရားသခင် ဆက်လက်ခေါ်တော်မူသောကြောင့် အရပ် ၆ ပေ ၆ လက္ခရှိသော lacrosse ကစားသူသည် (၂၀၂၁) ခုနှစ်၌ ထာ၀ရရဟန်းအဖြစ်ရဟန်းသိက္ခာကိုခံယူခဲ့ပြီဖြစ်သည်။ သူ၏ဖြစ် ကြောင်းကုန်စဉ်ကို Denver Catholic သတင်းဌာနအားပြောပြထားသည်။

သူ၏ခေါ်တော်မူခြင်းနှင့်စပ် လျင်း၍ ဘုရားသခင်၏အစီအမံကိုမြင်တွေ့နိုင်ခြင်းသည် အလွန်တရာလှပထူးခြားသည်။ အများအားစေခံရန်ခံယူသော ဤစက္ကရာမင်တူးသည်သူ့အတွက်မဟုတ်။ ဘုရားသခင်၏လူမျိုးတော်အတွက်ဖြစ်သည်။ ဘုရားသခင်သည် သူရုန်းကန်ခဲ့ရသော ‌ဝေဝောခံစားနေရသည့်အချိန်ကာလ၌လည်း သူ့ကိုအသုံးပြုနေခဲ့ သည်ဟုခံစားခဲ့ရကြောင်းပြောကြားခဲ့သည်။ (Aleteia)

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်
https://bit.ly/3QnGDi9

Add new comment

2 + 10 =